မာမီကိုအရမ်းချစ်​ပါတယ်​ဆိုတဲ့ဒယ်​ဒီလဲ ​​ပြောင်းလဲသွားသည်​။တချိန်​က သူ့ကိုအရမ်းချစ်​ပြခဲ့တဲ့မိန်းမသည်​လဲ ​သူ့ကိုပစ်​ကာ တခြားတ​ယောက်​နဲ့လက်​ထပ်​သွားသည်​။ဒါ​ကြောင့်​ သူအချစ်​ကိုမယုံပါ..

ပိုက်​ဆံရှိလျှင်​ အချစ်​ဆိုတာအလကားဘဲ..
Do Kyung Sooဆိုသည့်​​ကောင်​​လေးသည်​လဲ ပိုက်​ဆံ​ကြောင့်​ ဒယ်​ဒီကိုလက်​ထပ်​ခဲ့သည်​။

မိသားစုထမင်းစားဝိုင်းက အရင်​ကလိုမဟုတ်​.. တိတ်​ဆိတ်​လွန်းလှသည်​။

ခါတိုင်းဆိုရင်​ မာမီရဲ့ဟင်းထည့်​​ပေးတဲ့အသံ..
ဒယ်​ဒီရဲ့ မာမီကိုစ​နောက်​​နေတဲ့အသံ.. စသဖြင့်​ ဘာအသံမှမကြားရ.. ပုရွတ်​ဆိတ်​ဖြတ်​သွားရင်​​တောင်​ ကြားနိုင်​​လောက်​သည်​။

"သား Chinaကိုဘယ်​​တော့ပြန်​မှာလဲ?"

"ဒယ်​ဒီကပြန်​​စေချင်​ပီလား?​သေချာတာ​တော့ သားမပြန်​​ဖြစ်​​သေးဘူး"

အရင်​ကလိုလဲ ဒယ်​ဒီအ​ပေါ်တ​လေးတစားမ​ပြောနိုင်​​တော့.. ဒယ်​ဒီအ​ပေါ်ကို သူ့ထားတဲ့​လေးစားမှု​တွေကို ဒယ်​ဒီကိုယ်​တိုင်​ရိုက်​ချိုးခဲ့တာပင်​.

"မဟုတ်​ပါဘူး.. သားပြန်​​တော့မယ်​ဆိုရင်​​တောင်​ ဒယ်​ဒီကတားမလို့​လေ.. သဘက်​ခါမင်္ဂလာပွဲမှာသားကိုရှိ​စေချင်​လို့"

"ဒယ်​ဒီ!!"

မာမီကိုလှမ်းကြည့်​​တော့ ထမင်းကိုသာ​အေး​အေး​ဆေး​ဆေးစား​နေသည်​။

"စိတ်​ချဒယ်​ဒီသား​သေချာ​ပေါက်​ရှိ​နေမှာပါ"

ထမင်းလဲထပ်​မစားချင်​​တော့တာ​ကြောင့်​ ထမင်းဝိုင်းမှထခဲ့သည်​။

"ကို အဲ့​လောက်​ထိမလုပ်​သင့်​ဘူးလို့Xiuထင်​တယ်​.. ကို့လုပ်​ရက်​က သားဘက်​ကိုလုံးဝမကြည့်​ဘူး.. အရင်​က ကို့ကိုဆို​ခနဲ့ဖို့​နေ​နေသာသာ ​အခုလို​အော်​ဖို့ဆိုတာ​ဝေးလာ​ဝေး..အခု​တော့ ရန်​သူတ​ယောက်​လို.. xiuသားကို ရိုင်းစိုင်း​အောင်​လုပ်​​နေတာလားကို"

"သားကို အဲ့လိုဖြစ်​သွား​စေတယ်​ဆိုရင်​ ကို​တောင်းပန်​ပါတယ်​... ကို ဒါ​တွေကို ဘာအတွက်​လုပ်​​နေတာလဲxiuအသိဘဲ.. ကို​ရောသားအ​ပေါ်ဒီလိုလုပ်​ရတာစိတ်​ချမ်းသာတယ်​ထင်​​နေလို့လား?သားရဲ့စိမ်းစိမ်းကားကားအကြည့်​​တေက ကို့ရင်​ကိုဓားနဲ့မွန်းသလိုဘဲxiu.. အဆင်​​ပြေသွားမှာပါxiu.. သဘက်​ခါပီးရင်​ အားလုံးအဆင်​​ပြေသွားမှာပါ"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now