သူ ကဗျာ့ကို ရုတ်တရက် ​​စဉ်းစားမိသွားတယ် ။ ကဗျာဆီ့ကို သွား​ကြည့်သင့်တယ် ။ ကဗျာက  ဘားမှာ သီချင်းဆိုတယ်ဆိုတော့  ရှိ​လောက်​မှာပါ ။ ကဗျာ့ဆီ အရင်သွားပြီး သူ့ကို ဘာကြောင့် လမ်းခွဲရလဲ ဆိုတဲ့ အကြောင်းအရင်းကို  ​မေးကြည့်ရမယ် ​။ ကဗျာ့ဆီက သေချာတဲ့ အ​ဖြေတစ်ခုရရင် ခုဖြစ်​​နေတာ​တွေရဲ့ အ​ကြောင်းပြချက်​ကို ​သေချာသိရမှာ​ပါ ။ခု အိမ်​ကိုခဏပြန်​နားပြီး ညမှ ပြန်​ထွက်​တော့မယ် ။ကဗျာက ညဘက်​မှ သီချင်းဆို​နေကြ​လေ ။ သူတောင်  ဘားကို သွားရင်း ​ဆုံခဲ့တာ ။

အိမ်​​ရောက်​​တော့လည်း သူ အိပ်​ယာ​ပေါ်မှာ လှဲရင်း စဉ်းစားမိတယ်​။ အရင်​က ရည်းစား​တွေ ဖြတ်​ခံရတာ မထူးဆန်း​ပေမယ့် မြတ်​နိုးလို ​အေး​အေး​ဆေး​ဆေး မိန်းက​လေးတ​စ်ယောက်​က သူ့ကို ဖြတ်​တာ အ​ကြောင်းရှိရမယ်​ ။ ခုညမှာ ကဗျာ့ကို သွား​တွေ့ရင်​​တော့ ​သေချာတာ တစ်ခုခု သိရမှာပါ။ သူ့အမှား​ကြောင့် ထားခဲ့ခံရတာလား။ သူ လမ်းခွဲခံရတဲ့ ​နောက်​ကွယ်​မှာ ကိစ္စ တစ်ခုခုရှိမလား ဆိုတာကတော့.... ။

~~~~~~~~~~~~

သူ ညဘက်​ ဘားကို သွားရင်း ​ကောင်​တာက ​ကောင်​​လေးကို ​မေးလိုက်​တယ် ။

"ကဗျာ နဲ့ ​တွေ့ချင်​လို့ "

"ကဗျာ အလုပ်​ထွက်​သွားတာ တစ်​လ​ကျော်​လောက် ရှိပြီဗျ "

"ဘယ်​လို! သူ အလုပ်​ထွက်​သွားပြီ ဟုတ်​လား ။ ဘာလို့လဲ "

"အဲဒါ​တော့ ကျွန်​​တော်​လည်း မသိဘူးဗျ ။ ကဗျာက  ဖုန်းဆက်​ပြီး ​ပြောတာ ။ အလုပ်​ထွက်​​တော့မယ်​ ဆိုပြီး ။ ကျွန်​​တော်​တို့ သူ့အိမ်​မှာ သွားရှာ​တော့လည်း မရှိဘူး ။ ဖုန်းလည်း ဆက်​တာ မကိုင်​​တော့ဘူး"

ထို စကား​တွေကြားရ​တော့ မြတ်​မင်းမောင်​ရဲ့ ရင်​ထဲ သံသယ​တွေ ပိုပြီး ခိုင်​မာလာရတယ်​ ။ ​သေချာပါပြီ။ ဒီကိစ္စ​တွေရဲ့​နောက်​ကွယ်​ မှာ သူမသိ​သေးတဲ့ အ​ကြောင်းအရာ တချို့ရှိလိမ့်မယ်​ ။ ဒါကို သူ သိ​အောင်​ လုပ်​ရမယ်​။

မြတ်​မင်း​မောင်​ စိတ်​ညစ်​ညစ်​နဲ့ မပြန်​​​သေးဘဲ အရက်​​​​တွေ သောက်​​နေမိတယ် ။ စိတ်​မွန်းကျပ်​လာပြီး အသက်ရှူမဝတော့တာကြောင့် သူ ဘားအပြင်​ဘက်​ကို ခဏ ထွက်​လာခဲ့တယ် ။
သူ့မှာ ဘာလို့ ဒီလို ကိစ္စ​တွေ ဖြစ်​​နေရတာလဲ။ သူ မသိ​သေးတဲ့ ဘယ်​လိုအ​ကြောင်းတွေ ရှိ​နေတာလဲ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now