"ကိုယ်​က​တော့ မြတ်​နိုးနဲ့ ချစ်​သူ​တွေ ဖြစ်​ချင်​ပြီ။ကိုယ်​တို့​တွေ့တာ သိပ်မကြာ​သေးဘူး ​ဆို​ပေမယ့် ကိုယ့်အချစ်​​တွေက မြတ်​နိုးအ​ပေါ် ​လေးနက်​ပါတယ်​ "

"မြတ်​နိုး စဉ်းစား​ပေးပါ့မယ်​"

မြတ်​နိုးရဲ့ ​တွေဝေနေတဲ့ အမူအရာနဲ့ စကား​တွေ​ကြောင့် သူနားလည်​လိုက်​ပြီ ။ မြတ်​နိုးလည်း သူ့ကို စိတ်​၀င်​စား​နေမယ်​ဆိုတာ။
သူ မြတ်​နိုးရဲ့ လက်​ကို ဆုပ်​ကိုင်​လိုက်​ပြီး အနူးညံ့ဆုံးပြုံးပြလိုက်တယ် ။

"စဉ်းစားမ​နေပါနဲ့​တော့ကွာ ။ ကိုယ်​ မြတ်​နိုးကို တကယ်​ စိတ်​၀င်​စားတာပါ "

မြတ်​နိုးမှာ မြတ်​မင်း​မောင်​ရဲ့ အကြည့် ၊ အပြုံး၊ စကားလုံး​တွေ​အောက်​မှာ နစ်​​မြောပြီး သူဆုပ်​ကိုင်​ထားတဲ့ လက်​ကို ရုန်းဖို့​တောင်​ ​မေ့လျော့နေခဲ့တယ် ။တကယ်​ဆို မြတ်​နိုးလည်း သူ့ကို စိတ်​၀င်​စား​နေမိပြီ။ သူ့လို အရာရာ ပြည့်စုံတဲ့ သူတ​စ်ယောက်​ကို ငြင်းစရာ အ​ကြောင်းပြချက်​ မရှိပါဘူး ။အ​ရေးကြီးဆုံးက​တော့ မြတ်​နိုးလည်း သူ့ကို ချစ်​​နေမိပြီ။

"ကိုယ့် အချစ်​ကို လက်​ခံ​ပေးပါ​နော်"​

မြတ်မင်းမောင် ခခယယ လေသံနဲ့ ဆိုလာတယ် ။

"မြတ်​နိုး တစ်ခု အရင်​မေးမယ်​။ မြတ်​မင်း နဲ့ မိုး က မိတ်​​ဆွေ​တွေဆိုတာ ​အမှန်ပဲလား "

"ဘာလို့လဲ မြတ်​နိုးရဲ့"

မြတ်မင်းမောင် မျက်နှာတစ်ချက်မပျက်ဘဲ ပြန်မေးလိုက်တယ် ။

"မြတ်​နိုး က ရည်းစားရှိပြီးသားလူတ​စ်ယောက်​ကို ဘယ်​​တော့မှ လက်​ခံမှာ မဟုတ်​ဘူး ။ အထူးသဖြင့် ကိုယ့်မိတ်​​ဆွေရဲ့ ရည်းစားတ​စ်ယောက်​ကို​ပေါ့ ။ မိုးနဲ့ မြတ်မင်းက ရိုးရိုးသူငယ်ချင်း အဆင့်ထက် ပိုမယ်လို့ မြတ်နိုး စိတ်ထဲ ထင်နေမိလို့ "

"မဟုတ်​ပါဘူး ။ ကိုယ်​တို့က ရင်းနှီးတဲ့ သူငယ်​ချင်း​တွေပါပဲ ။ ဒါ​ကြောင့် စိတ်​မပူဘဲ ကိုယ့်အချစ်​ကို လက်​ခံ​ပေး​နော်​..."

"အင်း...မြတ်​မင်း အချစ်​ကို လက်​ခံပါတယ်​"

မြတ်​နိုးက ရှက်​ပြုံး​လေးနဲ့ ​ခေါင်းငုံ့ပြီး​ ဆိုတယ် ။

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now