ဒါပေမဲ့လေ မိုး...မောင့်ကို ရွေးချယ်ခဲ့ပြီးပြီ။ ချစ်မိခဲ့ပြီးပြီ ။မောင်နဲ့ ကြာကြာနေနိုင်ဖို့ဆိုရင် မိုးရဲ့ခံစားချက်တွေကို သို၀ှက်ထားနိုင်ရမယ်လေ။
"မိုး....မိုး "
"ဟင်..မောင် ၊ ပြောလေ"
မိုး အတွေးလွန်နေရာမှ မောင့် အသံကြားမှ သတိဝင်တော့တယ် ။
"ဘာတွေ စဉ်းစားနေတာလဲ ၊ ကိုယ် ခေါ်နေတာကြာပြီ "
"ဆောရီး ၊ အတွေးလွန်သွားလို့ "
"ကိုယ် ကဗျာနဲ့ ရုပ်ရှင်သွားကြည့်မလို့ "
"အင်း "
"မိုး လိုက်ဦးမလား "
"မလိုက်တော့ပါဘူး ၊ မိုး အလုပ်ကိစ္စရှိသေးတယ်"
"အင်း ၊ ဒါဆို ကိုယ်တို့ သွားတော့မယ်နော် ။ အချိန်မမီ မှာ စိုးလို့ "
ကဗျာ့လက်ကို ဆွဲပြီး မောင်က ထွက်သွားဖို့ပြင်သည်။
"မမ....ကဗျာတို့ သွားတော့မယ်နော်"
ကဗျာ့က ရိုးသားသောအသံလေးနှင့် မလိုက်ဖက်စွာ သူ့ နှုတ်ခမ်းပါးထက်က ကောက်ကျစ်တဲ့ အပြုံးကြောင့် မိုး ရင်ထဲမှာ စူးခနဲ ဖြစ်သွားရတယ် ။ ဒါပေမဲ့လည်း ဘာမှမသိသလို ဟန်ဆောင်ပြုံးရင်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ပါတယ် ။
"အင်း ကဗျာ "
မိုးရဲ့ စကားသံအဆုံး မောင် နဲ့ ကဗျာတို့ လက်ချင်းတွဲပြီး ထွက်သွားခဲ့ပြီ ။ မိုး အအေးကို မော့သောက်လိုက်တယ် ။ အေးစက်နေသော အအေးတွေက ရင်ထဲက အပူတွေကတော့ မငြိမ်းအေးစေနိုင်ခဲ့ပါဘူး။
"မောင် ကြိုက်သလို အနိုင်ယူနိုင်ပါတယ် ။ မောင့်ကို ချစ်မိတဲ့အတွက် မိုး အတတ်နိုင်ဆုံး လျစ်လျူရှုထားပါ့မယ်။ မောင့် အနားမှာ ကြာကြာနေနိုင်ဖို့အတွက်လေ "
မိုး စိတ်ထဲ ရေရွတ်ပြောဆိုနေခဲ့မိတော့တယ် ။
×××××××××××
ကလင် ...ကလင်...ကလင်
မနက်စောစောစီးစီး ဖုန်းမြည်သံကြောင့် မြတ်မင်းမောင်တစ်ယောက် အိပ်နေရာမှ နိုးလာခဲ့ပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို လှမ်းယူပြီး ကိုင်လိုက်တယ် ။
YOU ARE READING
သံသယများရဲ့ နောက်ကွယ် [ Completed ]
Romanceလက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ့ပါ မိတ်ဆက်ပေးခြင်းခံရတဲ့ မိုးမခ ။ နားလည်ပေးရင်း နဲ့ နာကျင်စွာ ရှေ့ဆက်နေရတဲ့အခါ ။ မိုးတစ်ယောက် ဘယ်လေ...
part - 1
Start from the beginning