"..."

အားလုံးထက်သူ့လက်ပေါ်ကြီးပြင်းလာတဲ့ကလေးတွေမို့တခြားသူပြောတာထက်သူပြောရင်နားပိုဝင်တတ်သည်...ဒါကိုသိနေပါလျက်သားဆုံးဖြတ်ချက်ကိုတစ်ခွန်းတစ်ပါဒမျှဝင်မပြောခြင်းကထင်တာမမှားဘူးဆိုရင်သူ့တုန်းကလိုမျိုးချစ်တဲ့လူကိုလက်လွှတ်ရခြင်းဆိုတဲ့ကိစ္စအားသားကိုမခံစားစေလိုခြင်းဖြစ်လိမ့်မည်...

"သားတခြားမှာကျောင်းသွားတက်မှာမို့သားဇဆေးချတယ်...အကြောင်းရင်းကသူသားကိုမခွဲချင်ဘူး...ဒါဆိုသားဇလည်းညံ့ဖျင်းနေတဲ့ကလေးမှမဟုတ်ဘဲ...တူညီတဲ့တက္ကသိုလ်မှာတခြားသူစိတ်ဝင်စားရာမေဂျာရွေးချယ်လို့ရတယ်လေ..."

"..."

"လူတစ်ယောက်ကိုဆွဲထားနိုင်ဖို့ကိုယ့်ဘဝကိုဖျက်စီးဖို့လိုတယ်ဆိုတဲ့အတွေးမျိုးကလေးတွေကိုမသင်ယူစေချင်ဘူး...အဲလိုပဲ...လူတစ်ယောက်နားမှာအမြဲနေနိုင်ဖို့ကိုယ့်အိပ်မက်တွေစွန့်လွှတ်ဖို့လိုတယ်ဆိုတဲ့အယူအဆမျိုးကလေးတွေကိုအမှတ်မမှားစေချင်ဘူး..."

"..."

"ပြီးတော့...မစဉ်းစားတတ်သေးတဲ့ကလေးတွေကိုဖြစ်ချင်တာဖြစ်ခွင့်ပေးလိုက်တာဟာအကောင်းဆုံးအဖြေမဟုတ်ဘူးလေ...သူတော်ကောင်းလေး...မိဘနေရာမှာရှိတဲ့ကိုယ်တို့တွေဟာသူတို့ဘဝတစ်လျောက်လမ်းမှန်ရောက်ဖို့ဖြောင့်မတ်အောင်ဆောင်မပေးရမှာ..."

"..."

"ကိုယ်အခုသူတော်ကောင်းလေးကိုအပြစ်တင်နေတာမဟုတ်ဘူးနော်...ဖြစ်သင့်တာကိုပြောပြတာ...သူတို့ချင်းသံယောဇဉ်ရှိတာမှန်ရင်ဝေးကွာခဲ့ဦးတော့နီးစပ်ဖို့ကြိုးစားကြမှာပဲ...ရည်ရွယ်ချက်ကိုယ်စီနဲ့လေ..."

ကိုယ့်စကားဆုံးတော့သူ့ကိုယ်သူမှားသွားတယ်လို့ယူဆပုံရသည်...အနားတိုးကပ်မိတဲ့ရင်ခွင်ထဲတိုးဝှေ့ဝင်လာရင်းမျက်ရည်ကျသည်...

"ကျွန်တော်...ကျွန်တော်မှားသွားတာလား..."

"မမှားပါဘူးကွာ...စေတနာအားကြီးသွားတော့ဘာကိုမှမမြင်နိုင်ဖြစ်သွားတာ...မငိုနဲ့တော့...ကိုယ့်တော်ကောင်းလေးကိုယုံတယ်...ကိုယ်နဲ့အတူသားတို့ကိုပြန်ဖြောင်းဖျကြည့်ကြမလား...သွေးအေးလောက်နေပြီမို့အဆင်ပြေမှာပါ..."

အပေအတေတစ်ယောက်ရဲ့ ခို နား ရာ...Where stories live. Discover now