109

754 95 0
                                    

တော်သင့်ပြီထင်တယ်...ဘေဘီ...။

တစ်ယောက်ကပဲချစ်ပြီး..
တစ်ယောက်ကပဲ နာကျင်ကြေကွဲနေရမယ့်ဇာတ်လမ်းမျိုးကို ဆက်မရေးသင့်တော့ဘူးလို့ထင်တယ်...။

ရူးသွပ်သွားရတော့မတတ် မက်မောတောင့်တနေမိတဲ့ ညတိုင်းမှာ ကိုယ့်မျှော်လင့်ခြင်းတွေဟာ ပြည့်မလာခဲ့ဘူး....။

တစ်စုံတစ်ယောက်အတွက်ရယ်လို့
ရည်စူးထားတဲ့ စိတ်ကူးအိမ်မက်တွေအားလုံး
လှလှပပဖြတ်ဆီးခံလိုက်ရခြင်းတွေကိုလည်း
နာကြည်းတတ်သင့်ပြီ.....။

တကယ်တော့ဘေဘီရယ်...။

ဝန်ခံရရင်ကိုယ်ကလဲအတ္တသမားပါပဲ...။

တစ်ချိန်ချိန်မှာတော့ကိုယ့်အနားမှာရှိတန်ကောင်းရဲ့ဆိုတဲ့စိတ်ကူးနဲ့... မင်းအတွက်
ဘဝတစ်ခုလုံးကို ပေးဆပ်ထားခဲ့မိတယ်.....။

မဖြစ်နိုင်တဲ့အရာတွေကို မျှော်လင့်တောင့်တနေရင်း ကိုယ့်ဘဝကို ရပ်တန့်ပစ်မိတာ...။

ယူတတ်ရင်နောင်တတွေကြီးပါပဲ..။
ကိုယ်မှားပါတယ် ဘေဘီ...။

မင်းကိုချစ်နေခဲ့မိတာ ကိုယ်မှားပါတယ်....။

#hw6100

Feeling NotesWhere stories live. Discover now