သိပ်ချစ်နေရက်နဲ့စွန့်လွှတ်ရတဲ့ခံစားချက်တွေကိုကျွန်တော်ပြောပြရင်ခင်ဗျားပြုံးနိုင်ပါ့မလား...။
အကြိမ်ကြိမ်အခါခါ ခင်ဗျားနင်းချေခဲ့တဲ့
ကျွန်တော့်ချစ်ခြင်းမေတ္တာတွေဟာ
ဘာကြောင့်များကျိန်စာသင့်ခဲ့ရတာပါလဲ....။ခင်ဗျားတစ်ယောက်ကိုပဲမြတ်နိုးတတ်တဲ့
ကျွန်တော့်ရဲ့ရူးသွပ်ခြင်းတွေကနေ
လွတ်မြောက်ခွင့်ပေးပါ....။ခင်ဗျားမချစ်နိုင်တဲ့လူသားတစ်ယောက်ဖြစ်နေရမယ့်အစား....
ခင်ဗျားဘေးနားမှာအသံတိတ်ဝိညာဉ်အဖြစ်နဲ့
ထာဝရရှိနေခွင့်မျိုးကျွန်တော်လိုချင်တယ်...။ဒီလိုမျိုးကျွန်တော့်ရဲ့ရူးနှမ်းနှမ်းဆုတောင်းတွေကိုခင်ဗျားဖြည့်စည်းပေးပါ...။
တစ်ခါတစ်ရံ ကျွန်တော့်လို
သိပ်ချစ်တတ်တဲ့လူသားတွေအကြောင်း
ခင်ဗျားတွေးမိတိုင်းပြုံးနေပါ...။#hw6100
YOU ARE READING
Feeling Notes
Randomခံစားချက်တွေကို သိမ်းထားချင်လို့..... ဘာရယ်တော့မှုတ်ပါဘူး.... ပေါတောတော ကဗျာလိုလို စာလိုလိုလေးတွေပေါ့...