ဒီမိုးယံ စက်ဘီးကို အားကုန်နင်းရင်း ဒေါ်ကြည့်အိမ်သို့ နောက်တစ်ကြိမ်ရောက်ရပြန်သည်။ ဒီတစ်ခါလည်း သိပ်မနှိုးလိုက်ရပါ။ တံခါးကို သုံးလေးချက် ခေါက်ပြီးသည်နှင့် ဒေါ်ကြည် တံခါးထဖွင့်ပေးသည်။ ပွရောင်းရောင်း ဆံပင်များကို ဘီးဆံပတ် ပတ်ကာ ထုံးလိုက်ပြီးသည်နှင့် သူ့နောက်မှ လိုက်လာခဲ့သည်။ လက်ထဲမှာလည်း ဂွမ်း၊ ကတ်ကြေးနှင့် လိုအပ်မည့်ကိရိယာတန်ဆာပလာများထည့်ထားသည့် သူမ၏ လက်ဆွဲအိတ်ငယ်ကို ယူလာခဲ့သည်။

သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ရှိုင်းထွဋ်လည်းနိုးနေပြီဖြစ်သည်။ အိပ်ခန်းထဲမှ ဒေါ်မြလေး၏ ညည်းသံများကလည်း ပိုကျယ်လောင်နေပြီ။

"ရေနွေးတည်ထား။ မင်းတို့ဘာမှ စိတ်မပူနဲ့။ မင်းအမေမို့လို့ ဒီလောက်ခံတာ။ တစ်ချို့မိန်းမတွေများ အော်တာဆိုတာ အိမ်ခေါင်မိုးပေါက်တယ်။ မိငယ်... ငါ ပြင်ခိုင်းထားတဲ့ မျက်နှာသုတ်ပ၀ါ အသန့်တွေ ယူလာခဲ့။ ဇလုံသန့်ရော ပလတ်စတစ်အခင်းရော။ မြန်မြန်။"

"ဟုတ်ကဲ့ဒေါ်လေး။"

ဒေါ်ကြည်က သူတို့စိတ်မပူအောင် အားပေးရင်း အခန်းထဲဝင်သွားပြီဖြစ်သည်။ သူနှင့်ရှိုင်းထွဋ်က အပြင်မှာ မတ်တပ်ကျန်ခဲ့သည်။ မိငယ်ကတော့ ရေဇလုံ ယူသွားလိုက်။ အ၀တ်သန့်ရှာလိုက်နှင့် ၀င်လိုက်၊ ထွက်လိုက် အလုပ်ရှုပ်နေသည်။

အခန်းထဲမှ မိခင်၏ ညည်းညူသံသည် နာကျင်စွာ အော်ဟစ်သံသို့ ပြောင်းလဲလာနေပြီဖြစ်သည်။ အံကြိတ်ခံနိုင်ရလောက်အောင် မတတ်နိုင်တော့သည့်ပုံစံပင်။ ဒေါ်ကြည်၏ အားပေးသံများကိုလည်း ကြားတစ်ချက်၊ မကြားတစ်ချက်။ ဒီမိုးယံနှင့်ရှိုင်းထွဋ်ကတော့ အိမ်ရှေ့ခန်းမှာ ဆောက်တည်ရာမရဖြစ်နေရသည်။ ထိုင်လို့လည်းမရ။ ထ လို့လည်းမရ။ နှစ်ယောက်စလုံးမျက်နှာငယ်လေးများနှင့် တစ်ယောက်မျက်နှာလည်း တစ်ယောက် မကြည့်ရဲ။ အပြင်မှ လေအေးက အိမ်ထဲထိ ၀င်ရောက်တိုက်ခတ်နေပေမယ့် သူတို့နှစ်ယောက်စလုံး ပူလောင်အိုက်စက်နေကြသည်။

"အသက်မှန်မှန်ရှူ မြလေး။"

"အရမ်းမညှစ်နဲ့။ နားနားပြီးမှ ညှစ်။ အားယူ။"

ဆူးWhere stories live. Discover now