အပိုင်း ၁

4.2K 72 3
                                    

ဒီနေ့ကိုယ့်ရဲ့first yearစတက်ရတော့မည့်အတွက်သေချာပြင်ဆင် ရှိုးအပြည့်ဖြင့်ကျောင်းသို့မထွက်လာမှီ
တီ..တီ..တီ
နေခ သူ့ဖုန်းမြည်လာသဖြင့် အဝတ်အစားဝတ်နေရင်း ဖုန်းကိုကြည့်လိုက်တော့ ဇေယျာ ဖြစ်နေသည်
"အေးဟျောင့်"
"မင်းကျောင်းမလာသေးဘူးလား ငါခုရောက်နေပီ"
"ငါလာတော့မှာခုထွက်လာနေပီ"
"ဪအေး မင်းထွက်လာနေပီကနောက်နာရီဝက်ပဲမလား"
နေခ အကြောင်း သူ့သူငယ်ချင်းများအသိဆုံးပင်ဖြစ်သည်
"ဟျောင့်မင်းကလည်း အေးအဲ့ဒါဆိုလည်းcanteen က
J-donut ဆိုင်မှာပဲစောင့်နေ"
"အေးအေးအမြန်လည်း လာဦး"
"အေးပါ လာပီခု"
ဖုန်းချချပီးချင်း အဝတ်အစားအမြန်ဝတ်ကာ သီချင်းနားထောင်ရန် နားကျပ်လိုက်ရှာပီး ကျောင်းသို့Uber taxiခေါ်ကာအမြန်လာခဲ့သည်
"တီ...တီ"
နေခ ကို ဇေယျာ ထပ်ဖုန်းဆက်ပြန်သည်
"အေး.."
"ဘာအေးလဲ မင်းခုထိမလာသေးဘူးလား"
"ငါလမ်းထိပ်ရောက်နေပီ ကားပိတ်ချက်ကိုမင်းလည်းသိသားနဲ့"
"ဘယ်လမ်းထိပ်လဲ ဂျင်းမထည့်နဲ့"
"ဟဟ ငါကျောင်းဝန်းထဲမရောက်ခင်လမ်းထိပ်ပါကွာ"
"Ok အဲ့ဒါဆိုနောက်ထပ် ၅မိနစ်ပဲ"
"Ok"
နောက် ၅ မိနစ်တောင်မကြာပဲ နေခရောက်လာပီး ဇေယျာရှေ့ဝင်ထိုင်လိုက်သည်
"မင်းဘာမှာထားလဲ"
"ဘာမှမှာမထားဘူး ငါမနက်မုန့်စားလာလို့ကော်ဖီပဲသောက်တယ်" ဇေယျာဖုန်းပွတ်နေရင်းကော်ဖီခွက်ကိုလက်တစ်ဖက်ကမြှောက်ပြသည်
"ဪအေးအေးတော်တော်ကောင်း တဲ့သူငယ်ချင်း ငါ့အတွက်ဘာမှမမှာထားနဲ့" နေခ ရွဲ့ကာပြောပီး နေရာမှထကာ မုန့်သွားရွေးလိုက်သည်
"ဪ မင်းတို့နှစ်ယောက်ကဒီရောက်နေကြတာပဲ"
မြတ်သော်သံကြားသောကြောင့်နေခမုန့်ရွေးနေရင်းလှည့်ကြည့်ပီး
"ဪအေး မင်းဘာစားဦးမလဲ"
"ငါစားလာပီးပီ ခုလေးတင်ပဲ"
"မင်းတို့ကောင်တွေကစားလာပီးပီဆိုတာချည်းပဲ"
နေခ မုန့်ရွေးပီးပြန်လာတော့ ဟိုနှစ်ကောင်တော်တော်စကားပြောကောင်းနေသည်ကို နေခဖြတ်ပြောကာ
"ခုနှစ်သင်ရမယ့်စာအုပ်တွေကအထူကြီးနဲ့ အများကြီးပဲတဲ့"
"အေးလေ တစ်နှစ်တစ်တန်းကြီးလာတာပဲအဲ့လောက်တော့ရှိမှာပေါ့" "အေးလေဟုတ်သားပဲ"
နေခ အဖော်ပင်မရ နှစ်ကောင်လုံးထံမှအပြောသာခံလိုက်ရ၍
"ဪအေးအေး နှစ်ကောင်လုံးကတစ်သံထည်းပဲ"
နေခမဲ့ရွဲ့ ကာပြောလိုက်ပီးဆက်စကားမပြောတော့ပဲ မုန့်စားလိုက်ဖုန်းပွတ်လိုက်သာလုပ်နေတော့သည်

ကျွန်တော်အရမ်းချစ်တာ "ကို"သိလားWhere stories live. Discover now