ကျစ်~~အာရုံတွေက အစိုးမရပဲ Baby့  ဆီရောက်ရောက်နေရတာလဲ.....

"မောင် ကျွန်မနဲ့အတူတူရှိနေတဲ့အချိန်မှာ သူ့ကိုပဲ တမ်းတ မနေပါနဲ့လား....

တချိန်မှာမောင်က ကျွန်မရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့်သူ...
မောင့်ရဲ့စိတ်တွေက ကျွန်မဆီမှာပဲ ရှိသင့်သလို..
ကျွန်မရဲ့စိတ်တွေကလဲ မောင့်ဆီမှာပဲလေ

ကိုယ်ချစ်တဲ့သူက ကိုယ်မဟုတ်တဲ့ တခြားသူကို တမ်းတနေတာတွေ့ရင် ဘယ်လိုခံစားရမလဲဆိုတာ မောင့်ကို သိစေချင်တယ်မောင် "

ဟက်! သူမ စကားကြောင့် ကျွန်တော်ရယ်ချင်မိသွားတယ်......

"သမီးတို့ မင်္ဂလာပွဲ ဘယ်ရက်စမလဲ"

"နောက်လ ၁၄ရက်နေ့ပါ Daddy"

"အင်း.... လိုအပ်တာ ရှိရင်လဲပြောပေါ့"

"မရှိသေးပါဘူး Daddy....မောင်က လိုလေသိမ်းမရှိ အကုန်ပြင်ဆင်ထားပါတယ်"

Hyeri မိဘနဲ့ ကျွန်တော်နဲ့တွေ့ဆုံပွဲဟုဆိုသော်လဲ ကျွန်တော်က ဘေးလူသာသာ သာဖြစ်နေသလို.....

ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းက တချက် တုန်သွားတာကြောင့် ထုတ်ကြည့်မိတော့ Kim Kai Message ပို့ထားတာပင်...

✉Chanyeol!Baekhyun သတိရလာပီ ✉

ဟိုတနေ့က ဒဏ်ရာကြောင့် baby သတိမေ့နေသည်မှာ နှစ်ရက်တိုင်တိုင်...

ဒဏ်ရာက မနက်သော်လဲ စိတ်ဒဏ်ရာကြောင့်
အိပ်ပျော်နေခဲ့ ခြင်းပင်လား....

ဒီလို မိုက်ရူးရဲဆန်တဲ့အလုပ်ကို Baby ပြုမူကတည်းက baby့ အနားမှာ အစောင့်တစ်ယောက်ထားရပေမည်.....

"ကျွန်တော် အရေးကြီး ကိစ္စရှိလို့ ပြန်လိုက်ပါဦးမယ် "

တခြားသူတွေ ဘာစကားမှ မဟခင် ကျွန်တော်ထွက်လာခဲ့သည်.....

Baby နိုးထလာချိန်မှာ ကျွန်တော့်ကို ရှာနေမယ်ဆိုတာ ကျွန်တော်သိသည်....
ကျွန်တော် သူ့ကို စိတ်မပျက်ဘူးဆိုတာ ရှင်းပြသင့်သည် ထင်သည်.....

~~~~~~Hateful love~~~~~~~~

Chanyeol အခန်းထဲဝင်ဝင်ချင်း...
Kyung Soo နဲ့ Kai က sofa ပေါ်မှာ ထိုင်ကာ တစုံတခုကို ဆွေးနွေးနေဟန်....baby ကတော့ အိပ်ယာထက်မှာ လှဲလျောင်းနေဆဲပင်....

Hateful Love {Complete}Where stories live. Discover now