Part 6

5.7K 455 35
                                    


"HATEFUL LOVE"

"အဟွတ်...ဟွတ် "

မနေ့ကညဘက် အပြင်ထွက်မိလို့ အအေးပတ်ပီး ချောင်းတွေက အဆမတန်ဆိုးနေတာ.....
ကိုယ့်ကိုယ်ကိုလဲ အရမ်းစိတ်ညစ်မိတယ်...အရမ်းချူချာလွန်းလို့ ...

"သားငယ်လေးရယ် နေမကောင်းရင်လဲ ဆေးခန်းသွားလိုက်ပါလား....အဒေါ်ကြည့်ရတာ အားမရတာကွယ်.. "

"ရပါတယ် Arjima "

ပါးစပ်ကသာ ရပါတယ်ပြောနေမိတာ...လူက လုံးဝလှုပ်၍မရတော့......
မနက်တိုင်းကိုကိုစားဖို့ မနက်စာကို လုပ်ပေးနေကြမို့ မပျက်ကွက်ချင်...

ကိုကို ကိုယ်တိုင်ကလဲ ကျွန်တော်ပြင်ပေးတာကိုပဲ နှစ်သက်တာမလား...
သို့ပေမဲ့လဲ ထိုမနက်စာတွေကို ကျွန်တော်ပြင်ပေးတယ်ဆိုတာကို မသိပေ.....
သိသွားခဲ့ရင်လဲ....သွန်ပစ်ခဲ့တာ.... တခါတလေပေါ့....

ဒါကြောင့် ကျွန်တော့လက်ရာကို နှစ်သက်တဲ့ကိုကို့ကို ဘယ်လောက်ပဲ နေမကောင်းဖြစ်နေပါစေ အမြဲ မနက်စာ ညစာ ပြင်ဆင်ပေးခဲ့တာ...

"Baekhyun ငါအပြင်သွားမယ်...
ဖိနပ်လာထုတ်ပေး "

"ဟုတ် ကိုကို "

~~~~~~~~HATEFUL LOVE~~~~~~

"Baekhyun နေမကောင်းရင်
အချိန်ပိုင်းအလုပ်မသွားပါနဲ့လား... "

"ရတယ် Mike "

အချိန်ပိုင်းအလုပ်ကတော့ မသွားလို့မဖြစ်...
ကိုကို့အိမ်မှာနေပေမဲ့လဲ...ကိုကိုဆီက မတောင်းချင်.....

"ဟိုဘက်ထောင့်က ကောင်လေး
Byun Baekhyun ...
မင်းကိုကျောင်းအုပ်ကြ်ီးခေါ်နေတယ်... "

"ဟုတ်"

ကျောင်းအုပ်ဆရာကြီးက ခေါ်ရအောင်လဲ ကျွန်တော် ဘာအပြစ်မှမလုပ်ထားခဲ့...
တခု..ကိုကိုများလား..  သူက ဒီကျောင်းကိုရှယ်ယာဝင်ရန် စီစဉ်ထားတဲ့သူ..

ကိုကိုခေါ်ခိုင်းတာများလား...
အတွေးနဲ့တင်ပျော်နေရသည်မို့ နေမကောင်းချင်တာတောင် ပျောက်သွားသလို....

Hateful Love {Complete}Where stories live. Discover now