“တောက်”

ညီညီငယ် ထိုနေရာမှထထွက်လာခဲ့တော့သည်။ ဒေါသကလည်း အရမ်းထွက်လာသည်။ သူကိုနန္ဒအထင်သေးလို့ ဒီလိုဆက်ဆံလိုက်တာဟုပင် ညီညီငယ်ခေါင်းထဲဆွဲနေသည်။

ညီညီငယ် ထထွက်သွားသည့်နောက်သို့ နန္ဒစိတ်မကောင်းစွာ ကြည့်နေမိသည်။ သူသည် လွန်ပါသည်။ သူသိပါသည်။ ညီညီငယ်အပေါ်မှာ သူမတရားတာကို သူသိသည်။ ထိုကြောင့် စိတ်လည်း လွန်စွာ မကောင်းအောင် ခံစားရသည်။

ညီညီငယ် ထထွက်လာကာ စခန်း၃ ခုကြားက တောင်ဂမုလေးရှိကျောက်တုံးပေါ်ထိုင်နေရင် အဝေးသို့ငေးကာ နေမိသည်။

(တောက် ငါ့ဘ၀ကလဲ တော်တော်ဆိုးပါ့လား အရင်တခါတုံးကလဲ မလိုတူပါပဲ အနမ်းခံခဲ့ရတယ်၊ ခုဒီတစ်ခါကရော ဘာထူးသလဲ၊ ဒီလိုကြီးပဲ လူတွေကိုငါ့က ဒုက္ခပေးနေတာလာ၊ လူတွေကပဲငါ့ကို ရွေးပြီး ဒုက္ခပေးနေကြတာလာ၊ တောက်…..လောကကြီးမတရားဘူး)

ညီညီငယ် မိမိကိုယ်ကို သိမ်ငယ်စွာ ပထမဦးဆုံးအကြိမ်ခံစားလိုက်ရသည်။ အရင်တစ်ချိန်တုံးက ငယ်သေးသည့်အတွက် ဒီလောက် အတွေးခေါ်ဗဟုသုတမရှိတော့ ဒီလောက်မခံစားခဲ့ရ၊ ခုတော့ အရွယ်ကလဲ ရောက်၊ အသိပညာတွေလည်း တိုးတက်လာတော့ ပိုလို့တောင် ခံစားရပါသည်။

ညီညီငယ်ကိုယ့်ဘ၀ကို သနားလာသည်။ ရှေးဘ၀က ကုသိုလ်နည်းခဲ့လို့ ခုတာ့ တစ်ပါးသူ အထင်သေးအမြင်သေးခံခဲ့ရပြီးဖြစ်သည်။
ညညီအတွေးကောင်းနေတုံး အနားသို့ နန္ဒလာထိုင်သည်ကို သိလိုက်ရသည်။ သူထထွက်သွားမည်လုပ်တော့ နန္ဒသည် ညီညီငယ်လက်ကို လှမ်းဆွဲထားသည်။

“ငါတောင်းပန်မလို့ပါညီငယ်၊ ထတော့မထွက်သွားပါနဲ့ကွာ၊ ငါတောင်ပန်ပါတယ်”

“ဘာလဲ မင်းတို့တွေက လွန်သွားမှ တောင်ပန်တတ်တာလာ မလွန်ခင်ကတော့ မစဉ်းစားမိကြဘူးလား”

“မင်းတို့တွေ…”

နန္ဒ အံ့သြကာ သံယောင်လိုက်မိသည်။

“ဟုတ်တယ် မင်းတို့တွေ အားလုံးအတူတူပဲ မင်းတို့တွေက ငါ့ကို တော်တော် အထင်မြင်သေးကြတဲ့သူတွေလေ မင်းကြောင့် ငါတစ်ခါ လူကြားထဲဘယ်လို နေရမှန်းမသိအောင် ဖြစ်ခဲ့ပြီးပြီ၊ ခုတစ်ခါ မင်းက မင်းတို့ဆီမှာ ငါကိုမမြင်တွေ့ချင်တော့လို့ ထက်ကြိုးစားနေတာလဲ”

✿ ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ✿Όπου ζουν οι ιστορίες. Ανακάλυψε τώρα