အပိုင်း ၎

67 3 0
                                    

I'm EX
ကျနော်က ရည်းစားဟောင်း
…………………………………….
အပိုင်း (၄)
ကျနော်နဲ့ သူရဲ့ခြောက်လပြည့်မှာ သူက ကျနော်တို့နှစ်ယောက် အတူဆက်ဆံဖို့တောင်းဆိုလာပြီမို့ ကျနော် လိုက်လျောဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့အနမ်းတွေ၊ ထိတွေ့မှုတွေရဲ့ဦးဆောင်မှုနောက်ကို ကျနော် အသာလေးလိုက်ပါခဲ့တယ်။ ကျနော်ခန္ဓာကိုယ်ကို ပွတ်သပ်ပေးနေတော့ ကျနော်က သူ့ရဲ့ကြယ်သီးတွေကို တစ်လုံးခြင်းဖြုတ်ပေးလိုက်တယ်။ သူက ကျနော့်ရဲ့ ဘောင်းဘီကို အသာလေးဆွဲချွတ်လိုက်ပြီး ကျနော့် ရဲ့ Underwear ကို ချွတ်ဖို့အကိုင်မှာ ကျနော် အတိတ်ကအရာတစ်ခုကို သတိရသွားပြီး ကြောက်လန့် စိုးရိမ်စိတ်တို့နဲ့အတူ သူ့လက်ကို ဖယ်လိုက်တယ်။ ပြီးတော့ ကျနော် အဝတ်အစားတွေကို အမြန်ပြန်ဝတ်တယ်။ ကျနော့်ကို သူနားမလည်နိုင်စွာကြည့်ရင်း အံ့သြမှု၊ ထိတ်လန့်မှု၊ ဒေါသထွက်မှုတို့နဲ့အတူ သူ့မျက်နှာကြီး နီရဲတက်လာပြီး
“ငလင်း ဘာဖြစ်သွားတာလဲကွာ”
ကျနော် အင်္ကျီကြယ်သီးတို့ပြန်တပ်ရင်း
“ဘာ..ဘာမှမဖြစ်ပါဘူး ကျနော် ဒီကိစ္စအတွက် အဆင်သင့်မဖြစ်သေးဘူးထင်လို့ပါ”
သူဇဝေဇဝါဖြစ်သွားတယ်။ ပြီးတော့ ကျနော့်ပုခုံးကနေ ဆွဲလှည့်ရင်း
“ဘာလဲ မင်းငါနဲ့စိတ်မပါဘူးလား၊ ဒါမှမဟုတ် ငါကအပျော်ဖြစ်ပြီး ဒီကိစ္စအတွက် အခြားလူရှိနေခဲ့သေးတာလား”
“အာ..မဟုတ်ပါဘူး ချစ်ကြီးရ ဟိုလေ ဟို…”
သူ့ ပါးကို ကိုင်လိုက်တဲ့ ကျနော့်လက်ကို သူကဖယ်ချလိုက်ပြီး
“အေးလေ အဲ့ဒါဆို ဘာလို့ဒီကိစ္စကို အဲ့လောက်အကြောက်အကန်ဖြစ်နေတာလဲ အရင်ကလည်း ခဏခဏတောင်းဆိုဖူးတယ် အဲ့အခါတွေတုန်းကလည်း လက်မခံခဲ့ပေမယ် စောသေးလို့ မယုံကြည်နိုင်သေးလို့ ဖြစ်မှာပါဆိုပြီး နားလည်ခဲ့တယ် အခုဟာက အကောင်းကြီးကနေထဖောက်သွားတာ ဘာလဲ မင်းနောက်တစ်ကောင်ကြောင့်လား”
ကျနော် စိတ်တိုသွားပြီး
“ကိုစစ် ကျနော့်ကို မစွပ်စွဲနဲ့ဗျာ ကျနော်မကြိုက်ဘူး”
“အေးလေ အဲ့ဒါဆို အစွပ်စွဲမခံချင်ရင် အမှန်တိုင်းပွင့်ပွင့်လင်းလင်းပြောပြလေ အခုမင်းလုပ်ပုံက ငါအခံရခက် အနေရခက်တယ်ကွ”
“ကျနော်ပြောပြီးသားပဲဗျာ ဒီကိစ္စအတွက် အဆင်သင့် မဖြစ်သေးလို့ပါလို့”
“အပိုဆင်ခြေတွေမပေးပါနဲ့ ဒီအချိန်ထိ အဆင်သင့်မဖြစ်ရအောင် မင်းက မိန်းမလည်းမဟုတ်ဘူး သိလား ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ထက်တောင်ပိုဆိုးနေတာ မင်းဟာက ဒါကြောင့် မဖြစ်နိုင်တော့တဲ့ဆင်ခြေကို မပေးပါနဲ့”
ကျနော် ကုတင်ပေါ်ကနေ ဆင်းပြီး မတ်တပ်ရပ်လိုက်ပြီး
“ကိုစစ် ယောက်ျားလေးလေး မိန်းကလေးလေး ဒီကိစ္စဖြစ်ရင် သတိရှိရတယ်ဗျ ရောဂါဘာညာကရှိသေးတယ်”
သူကျနော့်ကို မျက်မှောင်ကြုံ့ကြည့်ရင်း ကျနော့်မျက်နှာနားတိုးကပ်လာကာ
“အော်..မင်းက ငါ့ကို မယုံကြည်တာလား အထင်သေးတာလား”
“အဲ့လိုမဟုတ်ပါဘူး ကျနော်ပြောတာက..”
“တော်” သူကျနော့်ကို လက်ကာပြရင်းဆက်ပြောတယ်
“ငါမင်းကို ငါ့ချစ်သူမို့ယုံတယ် မင်းမှာတကယ်လို့ ဘာရောဂါရှိရှိ မင်းမှရှိတဲ့ရောဂါမို့ ငါမှာရှိလဲဂရုမစိုက်ဘူး ဆိုငါတွေးပြီးသားပါ ဒါပေမယ့် အခုတော့ မင်းက ငါကပဲ ဖြစ်ချင်တဲ့သူနဲ့ဖြစ်ခဲ့တာလိုလိုနဲ့ မှတ်ထား စစ်ပိုင်က တကယ်ချစ်တဲ့မင်းကိုပဲ ဖွင့်ပြောခဲ့တာ ပြီးတော့ မင်းကိုပဲ အတူနေဖို့ပြောခဲ့ဖူးတာ ဒါကို ငါ့သိက္ခာ ငါ့ကိုယ်ကျင့်တရားကို မယုံတာလိုလို မတူမတန်တာလိုလိုနဲ့ ငါကမှားလား မင်းကမှားလား မင်းပြန်စဉ်းစား”
“အဲ့လိုမဟုတ်ပါဘူးဆိုဗျာ”
“အေး အဲ့လိုမဟုတ်ရင် ဘယ်လိုလဲဆိုတာပြောပြလေ”
ကျနော်ပြန်မဖြေနိုင်ခဲ့…။
“တွေ့လား မင်းမဖြေနိုင်ဘူးမလား”
ကျနော်သူပြောတာကို ခေါင်းငုံနားထောင်နေမိခဲ့တော့တယ်။
“ငါကတော့ ငါ့လျို့ဝှက်ချက်တွေ ငါ့ခံစားချက်တွေတိုင်းကို မင်းကိုချစ်လွန်းလို့ ရင်ဖွင့်ပြောခဲ့တယ် အခုတော့ မင်းက ငါ့ကို ပွင့်ပွင့်လင်းလင်းမရှိခဲ့ဘူး ငါမှားတယ် မင်းကို ငါချစ်ခဲ့တာမှားတယ်”
သူငိုပြီး ကုတင်ပေါ်ပြန်ထိုင်ချလိုက်တယ်။ ကျနော် သူ့မျက်ရည်တွေသုတ်ဖို့သူ့အနားလေးကပ်သွားတော့
“သွား ထွက်သွားကွာ ငါမင်းကို မချစ်သင့်တော့ဘူးထင်တယ် မင်းမှာ ငါ့ထပ်ချစ်ရမယ့် silent တစ်ယောက် ရှိနေပြီမလား ငါသိပါတယ်”
“ချစ်ကြီးရာ..မဟုတ်ပါဘူးဆိုဗျာ တိတ်နော်”
သူ့ပါးကို ကျနော့်လက်နဲ့ ထိရုံပဲရှိသေး
“ငိုမှာပဲ သွားကွာ ငါ့အသားလာမထိနဲ့ မင်းလျို့ဝှက်ချက်တွေ ငါ့ကိုပြောပြနိုင်မှာ ငါ့ကိုပွင့်လင်းနိုင်မှ ငါ့ဆီပြန်လာခဲ့ကွာ ငါမင်းကို ချစ်ခွင့်ပန်ခဲ့တယ် ငါအရမ်းချစ်ခဲ့တာကို သက်သေပြခဲ့တယ် မင်းလည်း ငါ့ကိုချစ်တာသက်သေပြနိုင် ပြောနိုင်မှလာခဲ့ကွာ ”
ကျနော်လည်း မျက်ရည်တို့ဝဲတက်လာပြီး သူ့ခေါင်းလေးကို ကျနော်ရင်ခွင်ထဲ ထည့်ဖို့အကိုင်လေးမှာ
“သွား ကွာ”ဆိုပြီးကျနော့်ကို တွန်းလိုက်တာ ကျနော် ကုတင်ပေါ်ကပြုတ်ကျပြီး ပက်လက်လန်လဲသွားတယ်။ သူကတစ်ချက်တော့ လှည့်ကြည့်လိုက်ပြီး ဘာမှမဖြစ်သလိုနဲ့ ပြန်လှည့်သွားတယ်။ ကျနော်သူ့အပြုအမူကြောင့်စိတ်တိုပြီး
“မနေစေချင်လည်း မနေဘူးဗျာ ဒီကိစ္စဖြစ်မှ ချစ်တာစစ်မှာလား အဲ့တာဆိုလည်း မဖြစ်ဘူးဗျာ ကျုပ်ကတော့ အချစ်ဆိုတာရယူချင်လည်းမဟုတ်ဘူး ပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး သူပျော်ရင်ကိုယ်ပျော်မယ် သူဝမ်းနည်းတဲ့အခါ မျှဝေခံစားမယ် သူပြန်မချစ်တောင် သူ့ကို ကိုယ်ကချစ်နေရရုံနဲ့ပျော်ရွှင်နေရတာ အချစ်လို့ယူဆခဲ့တာ အခုကိစ္စကို Serious ဖြစ်နေတဲ့ခင်ဗျားကို လှည့်မကြည့်ဘူးသိလား သွားမယ် သွားမယ် ရော့ဟောမှာ ခင်ဗျားပေးတဲ့ဖုန်း” ဆိုပြီး သူပေးတဲ့ Iphone လေးကို ကုတင်ပေါ်ပြန်ထားပေးပြီး သူ့ကိုကျောခိုင်းထွက်ခဲ့တယ်။ ကျနော်တံခါးအပြင်ကိုရောက်ခါနီးမှာ
“အာ…ယား….”လို့ ဒေါသတကြီးအော်ပြီး ဖုန်းကို ကြမ်းပြင်ပေါ်လွင့်ပစ်လိုက်တာကို သိလိုက်ပါသေးတယ်။
ကျနော် ဒေါသတွေဖြစ်ပြီး အိမ်ပြန်ရောက်တော့ မော်ကွန်းနဲ့ရဲရင့်တို့က ကျနော့်ကို ကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေတယ်။
“ဟျောင့် မိုကြီး ဘာဖြစ်လာတာလဲကွ”
“တင်းလာတာ တင်းလာတာ”
မော်ကွန်းအမေးကို စိတ်တိုစွာဖြေလိုက်တော့ အလိုက်မသိတဲ့ ရဲရင့်က
“ဘာလဲ မင်းဘဲကြီးက အာဘွားမပေးလိုက်လို့လား”
ကျနော် အခန်းထဲဝင်ပြီး အခန်းတံခါးကိုကိုင်ကာ သူ့ကိုလှမ်းကြည့်ပြီး
“အာဘွားထက်ကြီးတဲ့ဟာကြီး ပေးမယ်ဆိုလို့ ဖောင်းလာတာရှင်းပြီလား” လို့ပြောရင်း
“ဂျိမ်း”ခနဲ တံခါးကို ပိတ်လိုက်ပါတော့တယ်။ အဲ့ညက တစ်ညလုံးလည်း အိပ်မပျော်ပါဘူး။ ညနက်တဲ့ထိ သူနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေစဉ်းစားရင်း ဒေါသထွက်လိုက် ငိုလိုက်နဲ့ အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားခဲ့ပါတယ်။
မနက်ရောက်တော့ လူက ဖျားပြီ။ စိတ်က အရမ်းပင်ပန်းသွားခဲ့လို့ထင်ပါတယ်။ ရဲရင့်တို့ကလည်း ကျနော်နဲ့ငယ်ပေါင်းတွေဆိုတော့ ကျနော့်အကြောင်းသိတယ်။ ဒါကြောင့် ဆေးခန်းလိုက်ပို့ပေးနဲ့ ဂရုတစိုက်ရှိပါတယ်။ ကျနော်တော့ကိုလည်း နှစ်ရက်လောက် ဘာဖြစ်ခဲ့လည်းမမေးဘူး။ မမေးဆို ဟိုလူကြီးက သူတို့ကို ပြောပြထားခဲ့လို့နေမှာပေါ့။ သူ့အကြောင်းတွေးရင် ဒေါသဖြစ်တယ်။ ကျနော့်ကို လာမမေးဘူးလေ။ သိတော့သိမှာပါ ရဲရင့်တို့ကိုမေးရင်မေးမှာ။ ကျနော် သုံးရက်မြောက်နေ့မှာ နေကောင်းသွားပေမယ့် သူပေါ်မလာခဲ့ပါဘူး။ ကျနော် သူ့ကို စိတ်နာတယ်။ ကျနော် အားအရမ်းငယ်နေခဲ့တဲ့အချိန်မှာ သူမရှိခဲ့ဘူး ရောက်မလာခဲ့ဘူး။ ဒါလားချစ်တာ။ ကျနော် ပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း အတွေးတွေကြောင့် မျက်ရည်ကျရပါတယ်။ ရဲရင့်က ကျနော့်ဘေးရောက်လာပြီး
“မိုကြီး မင်းငိုနေတာလား”
“မဟုတ်ဘူး မျက်လုံးထဲကနေ ရေတွေကျနေတာ”
သူက ကျနော့် ခေါင်းကို လက်ညိုးနဲ့တွန်းလိုက်ပြီး
“စောင်ကောင် ငါကအကောင်းမေးနေတာကို”
“အေးလေ မျက်ရည်တွေကျနေတာမြင်ရက်သားနဲ့ မင်းက ငါ့ကို ငိုနေတာလားလို့လာမေးနေတာကိုး”
အဲ့အချိန် မော်ကွန်းလည်းရောက်လာပါတယ်။ ရဲရင့်က
“ဘာလဲ မင်းဘဲကြီးကို သတိရနေတာလား ”
ကျနော် သက်ပြင်းချပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်။ မော်ကွန်းက ကျနော့်ပုခုံးကိုကိုင်ကာ
“မင်းဘာဖြစ်လာတာ ငါတို့မသိပေမယ့် ငါတို့က သူငယ်ချင်းအရင်းကြီးတွေပဲကွာ အခုချိန်တော့ ပြောပြသင့်ပါပြီ”
သူ့စကားကြောင့် ကျနော် ကြောင်သွားတယ်။
“မင်းတို့သိတယ်မဟုတ်ဘူးလား”
“ဘာကိုသိရမှာလဲ ” ရဲရင့်ကပါ အဲ့လိုပြန်မေးတော့ ကျနော်ပိုတောင်အံ့သြသွားတယ်။
“ငါနဲ့ ချစ်ကြီး အဲ.. ဟို..ဟိုလူကြီးနဲ့ ပြတ်သွားတဲ့အကြောင်းလေ”
“အမ် ” နှစ်ယောက်သားသံပြိုင် အော်ရင်း မျက်လုံးပြူးသွားကြတယ်။
“တကယ်ကြီးလားကွ ပြသနာတက်လာတယ်လို့တော့ ထင်ပေမယ့် အဲ့လောက်ကြီးထိတော့ မထင်ထားဘူး” မော်ကွန်းစကားကို ရဲရင့်ကပါ
“ဟုတ်တယ် မင်းကိုစစ်ပိုင်နဲ့ တစ်ခုခုဖြစ်လာလို့နေမှာလို့တွေးမိပေမယ့် နေမကောင်းဖြစ်သွားတော့ မင်းစိတ်ဆင်းရဲနေမှာ ဆိုးလို့ မမေးတာ”
ကျနော် ပိုပြီး သူ့ကို ဒေါသဖြစ်မိသွားတယ်
“ငါက မင်းတို့နှစ်ကောင်သိတယ်ထင်နေတာ၊ သူငါ့ဆီမလာပေမယ့် မင်းတို့ဆီတော့ လာမှာပါလေလို့ ငါ့ကို မင်းတို့ဂရုစိုက်တာ သူကများပြောထားလို့လားလို့တောင်ထင်နေတာ”
ပြောရင်းကျနော်မျက်ရည်ကျလာတယ် ဒါနဲ့ရဲရင့်လည်း
“ကဲ ထားပါကွာ မင်းတို့ပြန်အဆင်ပြေသွားမှာပါ”
“ဟုတ်တယ် မင်းတို့ဒီလောက်ချစ်ကြတာပဲကို ” မော်ကွန်းကလည်း အားပေးပါတယ်။ ဒါပေမယ့် ကျနော် သူ့ကို အတော်လေးစိတ်တိုမိတယ် ဝမ်းလည်းနည်းတယ်။
နောက်ရက်တွေထိ ကျနော် ထမင်းလည်းသိပ်မစားနိုင် ပျော်လည်းမပျော်ဖြစ်ပေမယ့် သူကျနော့်ဆီရောက်မလာတာ စာမလာတာ ၁၀ရက်လောက်ရှိသွားပြီမို့ ကျနော် စိတ်ပူမိလာတယ်။ သူတစ်ခုခုဖြစ်လို့များ မလာတာလားပေါ့။ ဒါနဲ့ကျနော် ရဲရင့်တို့ကို
“သူ့အကြောင်းကြားသေးလာ သူတစ်ခုခုများဖြစ်နေလား”
“ဘာမှတော့ မဖြစ်လောက်ပါဘူး ဟိုနေ့ကတောင် သူ့Facebook Account မှာ ဟိုတယ်မှာရိုက်ထားတဲ့ပုံ တင်ထားသေးတယ်” ရဲရင့်နဲ့သူက Facebook မှာ Friend ဖြစ်ထားတာလေ။
“ဟုတ်လား ငါလည်းဒီရက်ပိုင်းစိတ်ညစ်တာနဲ့ အွန်လိုင်းကို မတက်ဖြစ်ပါဘူးကွာ”
မော်ကွန်းက
“ဒါနဲ့ မင်းတို့က ဘယ်လိုဖြစ်ကြတာတုန်း” လို့မေးတော့
“တကယ်တော့ ငါမှားတာပါ သူ့ကို ငါအမှန်တိုင်းပြောလိုက်ရမှာ ခုတော့ သူငါ့ကိုထားသွားပြီထင်တယ်”
“ပြောပြကြည့်လေ ငါတို့အကြံပေးလို့ရတာပေါ့”
“ပြီးခဲ့တဲ့ ခြောက်လပြည့်နေ့မှာ သူငါနဲ့ အတူဟွာလုပ်ဖို့ပြောတယ်ကွာ အဲ့တာ ငါကသူ့ကိုလိုက်လျောမယ်လို့ပြောတယ်”
“ဟာ.. ဒါဆိုဟိုဘဲကြီးက စားပြီးထွေးပစ်တာလား”
မော်ကွန်းစကားကြောင့် ရဲရင့်က သူ့ခေါင်းကို ရိုက်လိုက်ပြီး
“စောင်ကောင် နင်ဟာလေ အတော့်ကို နှာခေါင်းကို ရှေ့တန်းတင်တာပဲ ဟိုမှာ မိုကြီးပြောတာ ဆုံးအောင်နားထောင်ပါဦး”
ကျနော်ဆက်ပြောပြတယ်
“အဲ့တာ အင်္ကျီတွေလည်း ချွတ်ပြီးပြီကွာ ငါ့ဘောင်းဘီတောင်ချွတ်ပြီးပြီ ဟီး.. အဲ့တာ Underwear ချွတ်တော့မယ် လုပ်မှ ငါက အဆင့်သင့်မဖြစ်သေးဘူးဆို ရုတ်တရက် ထလိုက်တာ သူစိတ်တိုသွားတယ်”
“ဟာ..မိုက်လိုက်တဲ့ကောင်ကွာ မင်းလည်းယောက်ျားလေးပဲစဉ်းစားလေ အဲ့လို ထန်နေတုန်း တန်းလန်းလုပိုက်မှတော့ ပိုစိတ်တိုမှာပေါ့” ရဲရင့်က ကျနော့်ကို ပုခုံးပုတ်ပြောပါတယ်။
“အေး အဲ့တာ တစ်ယောက်တစ်ခွန်းစကားများရင်း သူက ငါ့ကို ထွက်သွားခိုင်းတာ ငါက မသွားဘူးဆိုပြောရင်း သူငိုနေလို့ ချော့ဖို့သူ့နားကပ်တာ ငါ့ကိုတွန်းလွတ်လိုက်တယ်၊ အဲ့မှာတင် ငါ ကုတင်ပေါ်ကနေပြုတ်ကျပြီး ပ်ကလက်လန်သွားတာ စိတ်တောင်မပူဘူးလေ”
”အော် မင်းကလည်း တကယ်အဆင့်သင့်မဖြစ်သေးဘူးလား ဒီအချိန်တောင်”
မော်ကွန်းက မေးခွန်းထုတ်လိုက်တော့
“ငါ တကယ်တော့ အရင်က ကိစ္စတွေးမိသွားလို့ပါ”
“ဘာကိစ္စလဲ”
“ လွန်ခဲ့တဲ့ ၂နှစ်လောက်က ငါတို့ Night Out ထွက်ရင်း ဟိုလူတွေနဲ့တွေ့ခဲ့ဖူးတယ်လေ မှတ်မိလား”
ရဲရင့်က
“အော် မှတ်မိတယ် မှတ်မိတယ် ဟို ရှမ်းတရုတ်ဘဲကြီးတွေ”
“အေး အဲ့ဒါ ငါတို့ Club မှာကဲကြတာ မူးရူးနေကြတာလေ”
“အေးလေ ငါတို့လဲပါတာပဲ အဲ့တာဘာဖြစ်လို့လဲ”
“အဲ့မှာ ငါအမူးပြေတော့ ငါ့ဘောင်းဘီကအောက်လျောနေတယ် ပြီးတော့ ဖင်နေရာကလည်းစိုနေတာ အဲ့ထက်ဆိုးတာက ငါ့ဘေးကမူးအိပ်နေတဲ့ဘဲကြီးက ဘောင်းဘီဇစ်ပြုတ်နေတာ”
“အောင်မလေးဗျာ ကဲကွာ”
နှစ်ယောက်သား ကျနော့်ခေါင်းကို ပိတ်ရိုက်ကြတယ်။
“ဟ..ဘာတုန်းဟ”
“ကိုယ်ဟာကိုယ် သုတ်ပိုးငယ်ထိပ်ရောက်နေတာ”
“အေးလေ မူးပြီးကနေမှတော့ ဘောင်းဘီတွေလည်း ဖြစ်ချင်သလိုဖြစ်နေမှာပေါ့ ပြီးတော့ ဘီယာတွေမှောက်ထားတဲ့အပေါ်အိပ်တာ ဘီယာတွေဖင်စိုကုန်မှာပေါ့” ရဲရင့်ကရှင်းပေးတယ်။ ပြီးတော့ မော်ကွန်းက
“အင်းလေ သူ့စာသူ စာရေးဆရာပြီပြီ လျှောက်တွေးနေတာ အဲ့လိုဖြစ်ခဲ့တော့ရောဘာဖြစ်တုန်း သူကသိတာကျလို့”
“သူမသိပေမယ့် ငါမလုံဘူးကွ ပြီးတော့ အဲ့လူတွေဆီကနေ ရောဂါရလာနေမှာကြောက်တာ ငါဖြစ်ခဲ့ရင်တော့ ကူးမှာပဲ သူတို့ပုံစံတွေမှတ်မိတယ်မလား”
“အော်…မင်းက အဲ့တာကြောင့် ခဏခဏငြင်းခဲ့တာကိုး”
“အေး ဟုတ်တယ် ငါဖြစ်တာထက် သူက ဖြူစင်တဲ့လူလေကွာ အရောင်မဆိုးစေချင်ဘူး”
“ကဲပါမနက်ဖြန် ဆေးသွားစစ်လိုက် ငါတို့လိုက်ခဲ့မယ် ပြီးရင် ဆေးစစ်ချက်အဖြေယူပြီး သူ့ဆီသွား အဖြစ်မှန်ပြောပြ ပြီးရင် ပြန်ပေါင်းထုတ်ကြပေါ့ကွာ”
ရဲရင့်က အဲ့လိုအကြံပေးတော့ ပျော်သွားတယ်။ ကျနော်တို့နောက်ရက် ဆေးသွားစစ်တယ်။ ကျနော့်မှာ ဘာရောဂါမှမရှိပါဘူး။ ဆေးစစ်ချက်ယူပြီး ကျနော် သူ့ဟိုတယ်ကိုသွားတယ်။ ကျနော်က ဝင်ထွက်နေကျမို့ ဟိုတယ်ကလူတွေကတောင် မလာတာကြာပြီ ဘာညာနဲ့ နှုတ်ဆက်နေကြပါသေးတယ်။
ကျနော် သူ့အခန်းကိုအတက် ဓာတ်လှေကားထဲမှာ စိတ်ကို အတော်ပြင်ဆင်နေရတယ်။ အရမ်းလည်းစိတ်လှုပ်ရှားနေတယ်။ သူ့အခန်းတံခါးရှေ့ရောက်တော့ အသက်ကို ဝဝရှုရင်း တံခါးကို ဖွင့်လိုက်တယ်။
သူ….ငါးစာကျွေးနေတယ်။ ကျနော်တံခါးကို အသာလေးဖွင့်ဝင်ခဲ့တာမို့ သူကျနော် ဝင်လာမှန်းမသိပါဘူး။ ကျနော်ခြေလှမ်းဖွဖွလေးဖြစ်အောင် လှမ်းရင်း သူ့အနောက်ကနေ ပြီး
“ဟေ့..ချစ်ကြီး” လို့ လှန့်လိုက်တော့ သူ “အောင်မလေးဗျ ” ဆိုလန့်သွားပါတယ်။ ပြီးတော့ ကျနော့်မျက်လုံးတွေကို ကြည့်ရင်း ပျော်ရွင်မှုတို့နဲ့အတူ မျက်ရည်တွေဝဲလာပါတယ်။ ပါးစပ်ကနေလည်း
“ငလင်း..” လို့ခေါ်ပြီး လက်ထဲက ငါးစာဗူးလေးကို ချကာ ကျနော့်ကို သူအားရဝမ်းသား ဖတ်လိုက်တယ်။ အဲ့အချိန်မှာ ထွက်လာတဲ့အသံတစ်ခုက
“ကိုကို………..” တဲ့။

အပိုင်း(၅) ဆက်ရန်…………….။

ကျ​နော်​က ရည်းစား​ဟောင်းWhere stories live. Discover now