အပိုင်း ၃

84 3 0
                                    

I'm EX
ကျနော်က ရည်းစားဟောင်း
…………………………………….
အပိုင်း (၃)
ဖုန်းဆက်တုန်းက သူတစ်ခုခုဖြစ်နေပုံပဲမို့ ကျနော်သူ့ဟိုတယ်ကို အပြေးအလွားသွားခဲ့တယ်။ သူ့အခန်းတံခါးကြီးကို ဖွင့်လိုက်တော့ မြင်လိုက်ရတာက…….။ တစ်ခန်းလုံး အမှောင်အတိကျနေတာပဲ။ ကျနော် ထိတ်လန့်မှုတို့နဲ့အတူ ရှေ့ကို ခြေနှစ်လမ်း လှမ်းလိုက်တဲ့အချိန်မှာတော့…..။
“ဖောင်း” ဆိုတဲ့အသံနှင့်အတူ မီးပွင့်သွားပြီး ရွှေရောင်ဖဲကြိုးလေးတွေ ကျလာပါတယ်။ ကျနော် ပျော်လည်းပျော် ဒေါသလည်းဖြစ်သွားပါတယ်။  ဒီံထက်အံ့သြသွားတာက ကျနော်ရှေ့မှာ ဒူးထောက်ပြီး ပန်းစည်းလေးကိုင်ထားတဲ့ သူကိုတွေ့လိုက်ရခြင်းပါ.။ ပြီးတော့ သူ့နောက်မှာ ဟိုနှစ်ကောင် မော်ကွန်းနဲ့ ရဲရင့် ဖဲကြိုးဖူးခွံလေးတွေကိုင်ထားလျက်သားရှိနေတယ်။ သူကလည်း Feeling အပြည့်နဲ့ မျက်နှာနဲ့ ကျနော့်ကို ကြည့်ရင်း ပန်းစည်းကို ကျနော့်လက်ထဲပေးတော့
“ဟင်..ပန်းစည်းကြီးကျနော်က ဘာလုပ်ရမှာလဲ မိန်းမလည်းမဟုတ်ဘူး”
“ဘုရားပန်းကပ်ဖို့…အာ…မဟုတ်ဘူးလေ” သူခေါင်းကိုကုတ်ပြီးကြောင်အမ်းအမ်းဖြစ်သွားသလို ဟိုနှစ်ကောင်ကလည်း ကျနော့်ကို ငတုံးဆိုတဲ့ပုံမျိုးနဲ့ကြည့်နေကြလေရဲ့။
“ပန်းပေးတာ ချစ်ခွင့်ပန်တာလေကွာမင်းကလည်း ဒါလေးတောင်မသိဘူးလား”
ကျနော်က ဆရာကြီးစတိုင်လက်ပိုက်လိုက်ပြီး
“ဟင်း..ကျနော်က ယောက်ျားလေးလေဗျာ ပန်းကြီးဘာလုပ်ရမှာလဲ ပြီးတော့ ကျုပ်က စာရေးဆရာလေ ဟဲဟဲ ဒီ့ထက်ရင်ခုန်အောင်တော့ လုပ်သင့်တာပေါ့ဗျာ ခင်ဗျားဟာကလည်း ခုဟာက ဟိုနှစ်ကောင်ကို တပ်ကူခေါ်ပုံရတယ် ခင်ဗျားက”
ကျနော်က ပြောရင်း မော်ကွန်းနဲ့ ရဲရင့်ကို လက်ညိုးထိုးတော့ သူက ဟိုကောင်တွေကို လှည့်ကြည့်ပြီး ခေါင်းပြန်ငြိမ့်ပြတယ်၊ ဟိုနှစ်ကောင်ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျနော့်ကိုပြန် မျက်စောင်းထိုးကြည့်တယ်။ ကျနော်ကဆက်ပြီး
“ဒီကောင်တွေကို ဆရာတင်မှတော့ မှားပြီပေါ့ ဟင်းဟင်း သိပ်တော့ ရင်ခုန်စရာမကောင်းပါဘူး” ကျနော်က ခပ်ချေချေလုပ်နေတုန်းမှာ သူက မတ်တပ်ပြန်ရပ်လိုက်ပြီး
“ဖျောင်း..ဖျောင်း” ဆို လက်ခုပ်နှစ်ချပ်အကျယ်ကြီးတီးတော့ မီးထပ်ပျက်သွားတယ်။ ကျနော် မျက်လုံးတွေပြာသွားပြီး ဘာမှမမြင်ရလို့ မျက်လုံးကို လက်နဲ့ပွတ်နေတုန်း ခပ်လှမ်းလှမ်းကနေ
“ဖျောင်း..ဖျောင်း” ဆိုပြီး နောက်ထပ်လက်ခုပ်သံနှစ်ချက် နဲ့အတူ မီးပြန်ပွင့်သွားတယ်။ ကတ္တီပါ ကုတ်အင်္ကျီဘောင်းဘီ အနီဝမ်းဆက်နဲ့ဖြစ်သွားတဲ့သူက ကုတင်ပေါ်မှာ ထိုင်နေတယ်။ ကျနော်သူ့ကိုကြည့်နေတုန်းမှာ ကျနော်နောက်ကနေ  ရဲရင့်တို့က ကတ္တီပါကုတ်အင်္ကျီ အပြာရောင်ကို ဝတ်ပေးတယ်။ အမှတ်တမဲ့မို့ ကြောင်အမ်းအမ်းဖြစ်နေတုန်း မော်ကွန်းက ရှေ့ရောက်လာပြီး စောစောက သူ့တို့ကို ပြောထားတာကို မှတ်ပလားဆိုတဲ့ပုံစံနဲ့ မှုန်တေတေကြည့်ရင်း ကျနော့်ခါးကို သိုင်းဖတ်လိုက်ပါတယ်။ ကျနော့်လန့်ပြီးသူ့ကို ကြည့်နေတုန်း နောက်ကနေရဲရင့်က ဘောင်းဘီကိုဆွဲချွတ်လိုက်ပါတယ်။ ကျနော် ကိုစစ်ပိုင်ကို လှမ်းကြည့်တော့ သူက ရယ်ပြီးကြည့်နေလို့ ရှက်ရှက်နဲ့ အော်ပြီးရုန်းနေတုန်း ရဲရင့်က အပြာရောင် ကတ္တီပါ ဘောင်းဘီကို ဝတ်ပေးပါတယ်။ အဲ့နောက် ဘေးနားက စားပွဲပေါ်က ခါးပတ်ကို ယူပေးလို့ ကျနော် ပတ်လိုက်ပါတယ်။ ကိုစစ်ပိုင် ကုတင်ပေါ်ကနေထလာပြီး ကျနော့်ဆီကို တန်းတန်းကြီးလျှောက်လာကာ ကျနော်မျက်နှာနားကပ်လိုက်ပါတယ်။ ကျနော့်မျက်လုံးတွေကို သေချာဆိုက်ကြည့်ရင်း နှာခေါင်းချင်းတောင် ထိတော့မလို ဖြစ်လာတာကြောင့် ကျနော်နောက်ကိုနည်းနည်းလေးဆုတ်လိုက်တော့ သူ့လက်တစ်ဖက်က ကျနော့်နောက်ကျောဘက်ကိုရောက်လာတယ်။ ကျနော်မျက်လုံးအကို မှိတ် အံကိုကြိတ်ပြီး သူကျနော့်ကို နမ်းတော့မယ်လို့တွေးနေတုန်းမှာ မော်ကွန်းက သူ့လက်ထဲကို လာဗန်ဒါပန်းပွင့်လေးပေးလိုက်ပြီး သူ့က ကျနော့် ကုတ်အင်္ကျီ အိတ်ကပ်ထဲကို သေချာချာထည့်ပေးရင်း နားနားလေးကိုကပ်ကာ
“ဒါမှ ငလင်းလေးကပြည့်စုံသွားတာ” လို့ပြောတော့ ကျနော် ကြက်သီးတောင် ထ မိတယ်။ သူကျနော့်လက်ကိုဆွဲပြီး
“လာ..ငါနဲ့လိုက်ခဲ့…”
ဆိုကာ အခန်းဘေးက ရေကန်ကြီးဆီခေါ်သွားတယ်။ ရေကန်ဘေးမှာ ကိုရီးယားကားတွေထဲကလို စာပွဲရှည်ကြီးနဲ့ အဲ့ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ခုံလေးနှစ်လုံး ချထားတယ်။ စားပွဲပေါ်မှာလည်း စားစရာတွေအများကြီးပဲ။ ဒါတွေကို ကျနော် စာထဲမှာထည့်ရေးဖူတယ် တစ်ခါမှတော့  မတွေ့ကြုံခဲ့ရဖူးတော့ အံသြငေးမောနေရုံကလွဲလို့ ဘာမှမလုပ်နိုင်။ သူက ကျနော့်ကို စားပွဲရဲ့တစ်ဖက်မှာ ထိုင်စေပြီး ပုဝါလေးကို ကျနော့်ပေါင်ပေါ်ကို တင်ပေးပါတယ်။ ပြီးတော့ တစ်ဘက်ထိပ်မှာ သွားထိုင်ရင်း သူက
“ကဲ စားပါဗျာ”လို့ပြောပြီး သူက စ,စားလိုက်တယ်။ အဲ့ဒီအချိန်မှာ Love Me Like You Do သီချင်းလေးသံလေးလည်းထွက်ပေါ်လာတယ်။ ကျနော်သူ့ကို ပျော်ရွှင်မှုတွေနဲ့ လှမ်းကြည့်လိုက်တော့ သူက မျက်ခုံးလေးပင့်ရင်း ပြန်ပြုံးပြတယ်။ ပြီးတော့ ကျနော်ကို စားလို့လှမ်းပြောတယ်။ ကျနော်လည်း ဟန်ဆောင်မနေပဲ စတွယ်တော့တယ်။ ပင်လယ်စာ၊ ဝက်သား၊ကြက်သား၊ဆိတ်သား စုံနေတာကို အမျိုးမျိုးလုပ်ချက်ထားတာလေ။ ကျနော်က အဲ့လိုပဲ အစားနဲ့တွေ့ရင် မရဘူး.ဟီးဟီး။ ကျနော်ဆိုးချက်ကတော့ စားပွဲအလယ်က ဟင်းတွေကိုပါ မမှီလို့ဆိုပြီးမတ်တပ်ရပ် ပြီးသွားသွား ယူစားပစ်လိုက်တယ်။ သူက သဘောကျစွာလှမ်းကြည့်ပြီး ကျနော်ဆီကိုလာကာ ပုခုံးလေးကနေ အသာအယာကိုင်ခေါ်ပြီး နေရာမှာပြန်ထိုင်ခိုင်းတယ်။
“စားရမှာပါကွ ကဲဖြည်းဖြည်းစား ငါဟင်းတွေယူပေးမယ် စားချင်တဲ့ဟင်းသာ လက်ညိုးထိုးပြ ဟုတ်ပြီလား” ဆိုပြောပါတယ်။ အဲ့လိုနဲ့ ကျနော်လည်း စားချင်တာ လက်ညိုးထိုးပြ သူကလည်း ယူပေးနဲ့ ကျနော်အပေါ် သူအတော်လေး စိတ်ရှည်ပါတယ်။ သူလိုသူဌေးသားတစ်ယောက်အနေနဲ့ ဒီလိုလုပ်ပေးဖို့ဆိုတာ အတော်ကို ကျနော့်ကို ချစ်လို့ပေါ့လို့တွေးရင်း ကြက်ရိုးကို ကိုက်ကာ သူ့ကို ပြုံးပြလိုက်ပါသေးတယ်။
“ကဲစားပြီးသွားရင် ငါ့ကို ချစ်လားပြောဦး”
သူ့ဟာကလည်း အရင်းမရှိအဖျားမရှိကြီးကျနော့်ကို ပြောချတာလေ။ အင့်ခနဲတောင်ဖြစ်သွားတယ်။
“ခင်ဗျားဟာကလည်းဗျာ တခြားစကားလေတွေတောင် ကဗျာဆန်ဆန်မပြောတော့ဘူးလားဗျ”
သူက ခေါင်းကုတ်ရင်း
“မ..မသိဘူးလေကွာ မင်းကလည်း ယောက်ျားချင်းချင်း ချစ်ရင်ချစ်တယ်ပဲပြောမှာပေါ့ကွာ အဲ့လိုကြီးဖွဲ့နွဲ့နေရင် ရှက်စရာကြီး”
“ဟားဟား ဟုတ်ပါပြီထားပါတော့ ခင်ဗျားပြောတာတော့မှန်ပါတယ် ဒါပေမယ့် ကျုပ်က ခင်ဗျားကို စိတ်မဝင်စားဘူးဆိုရင်ရော”
သူ ကျနော့်ကို ခေါင်းစောင်းကြည့်ရင်း
“ဟျောင့် မင်းနော် စိတ်မဝင်စားရင် ဘာလို့ ငါ ဖုန်းထဲမှာ အ အင့် နဲ့ဖြစ်နေတော့ ဘာလို့ချက်ချင်းရောက်လာတာလဲပြော ဟိုကောင်တွေက မလာနိုင်အောင်လုပ်တဲ့ကြားက ဘာလို့ဇွတ်ထွက်လာတာလဲပြောလေ”
“ဟို..ဟို..အဲ့တာက အဲ့တာက စိတ်.စိတ်ပူလို့ပေါ့ဗျာ”
“အေးလည်း လူတစ်ယောက်ကို ကိုယ့်အရေးကိစ္စတွေထက်ပို စိတ်ပူနေတက်ပြီဆိုမှတော့ မင်းငါ့ကို ချစ်လို့ပဲမလား”
ကျနော် ခေါင်းကို ငုံရင်း
“အာဗျာ ကိုစစ်ပိုင်ကြီးကလည်း ”
“မချစ်ဖူးလား ဒါဆို”
ကျနော်သူ့မျက်နှာကို ပြန်မော့ကြည့်ရင်း
“ချစ်တယ်” လို့ပြောလိုက်တော့ သူဝမ်းသာအားရနဲ့ ကျနော့်ကို ဆွဲဖက်ရင်း တစ်ဘက်ကိုလှည့်လိုက်တော့
“ဗွမ်း” ဆို ရေကန်ထဲနှစ်ယောက်သားကျသွားပါတယ်။ သူကကျနော်ကိုဖက်ထားပြီး ကျနော်ကလည်း သူ့ရင်ခွင်ထဲမှာနေရင် နှစ်ယောက်သား တဟားဟားနဲ့ရယ်မိပါတော့တယ်။
ကျနော်တို့ရဲ့ အချစ်တွေက ပေါက်ဖွားလို့တော့ လာခဲ့ပါပြီ။ ကျနော်တို့နှစ်ဦးသား ချစ်သူဘဝပျော်ရွှင်တဲ့ပုံရိပ်တွေက ဇာတ်လမ်းထဲမှာ မင်းသားနဲ့ မင်းသမီး ချစ်သူတွေဖြစ်သွားပြီဆို အချစ်သီချင်းလေး နဲ့ မင်းသားနဲ့မင်းသမီး လျောက်လည် မုန့်တွေစား ကြင်နာယုယ ဒီလို သမရိုးကျလေးတွေဖြစ်ခဲ့ပါတယ်။ ခြောက်လပြည့်တဲ့နေ့မှာ သူကျနော့်ကို Iphone 7Plus လေးတစ်လုံး ဝယ်ပေးတယ်။ ကျနော်တော်တော်ပျော်ခဲ့တာပေါ့ ဘဝမှာ ဒီလို Brand မြင့် တန်ဖိုးကြီးတဲ့ပစ္စည်းမျိုး လက်ဆောင်ရမှတော့ ပျော်တာပေါ့နော့်။
“ငလင်း ငါမင်းနဲ့ ဒီနေ့တော့ ပျော်ချင်တယ်ကွာ”
ကျနော် ဖုန်းကိုလျှောက်ကလိနေရင်း
“ချစ်ကြီးကလည်း ပျော်နေတာပဲမဟုတ်ဘူးလားအခု”
သူက စိတ်မရှည်တဲ့ လေသံနဲ့
“အာ.. မဟုတ်ဘူးလေ ငါက မင်းနဲ့ ငါ့အခန်းထဲမှာ ချစ်ပွဲနွဲ ပျော်ချင်တာကွ”
ကျနော်နည်းနည်းတော့ ရှက်သွားတယ်။ ဒါပေမယ့် ကျနော် ခြောက်လပြည့်လေးမှာ သူ့ကို ကျနော့်ဘဝ ပုံအပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ယုံကြည်မှု၊ နားလည်မှု၊ သစ္စာရှိမှုနဲ့ ပိုင်ဆိုင်မှုတွေကို သူ့ကိုပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။
“အင်း” ကျနော် သူ့ကို ခေါင်းငြိမ့်လိုက်တယ်။ သူပျော်ပြီးထခုန်ပါသေးတယ်။
“ဟားဟား ငါငလင်းကို ပိုင်ဆိုင်ရတော့မယ်ကွ ဟားဟား”
“ဟေ့ ချစ်ကြီး ခင်ဗျားကလည်းတိုးတိုးလုပ်ပါဗျ”
“အေးအေး”
“ခင်ဗျားကနော် ဘာလဲ ကုတင်ပေါ်ရောက်မှ ပိုင်ဆိုင်ရတာလား ဒါဆိုတော်ပြီ အခုခြောက်လလုံးလုံး နမ်းခဲ့ဖက်ခဲ့တာတွေကရော မချစ်ပဲမပိုင်ဆိုင်ပဲ လုပ်ခဲ့တာလားလို့”
ကျနော်စိတ်ကောက်မှန်းသိတော့ သူက ကျနော့်လက်ထဲက ဖုန်းကိုဖယ်လိုက်ပြီး ကျနော့်လက်တွေကို သူ့ခါးမှာ ဖက်စေပါတယ်။ ပြီးတော့ ကျနော့်ခေါင်းလေးကို သူ့ရင်ခွင်ပေါ်ဖိထည့်လိုက်ပြီး
“ကိုယ့်အတွက်တော့ ဒီကိစ္စက တကယ့် ယောက်ျားမိန်းမ အိမ်ထောင်ရေးတွေမှာ အရေးကြီးတဲ့ အပိုင်းလိုပဲအရေးကြီး အလေးထားလို့ပါကွာ၊ မင်းသိတယ်မလား အိမ်ထောင်သည်ဖြစ်သွားတဲ့ ချစ်သူစုံတွဲအများစုက ဒီကိစ္စကို ကျော်ပြီးဘဝချင်း ပိုနီးသွားတယ်ထင်မိလို့ပါ”
ကျနော်သူ့ရဲ့ အလေးအနက်စကားတွေကို နားထောင်ရင်း သူ့ကို မော့ကြည့်လိုက်တယ်။ သူလည်းကျနော့်ကို ငုံ့ကြည့်ရင်း ကျနော့်ရဲ့ နှုတ်ခမ်းတွေကို တပ်မက်စွာ နမ်းရှိုက်လိုက်ပါတယ်။ နမ်းရင်းနဲ့ပဲ ကျနော့်ခန္ဓာကိုယ်ကို မွေ့ယာပေါ်မှာ အသာလေးလှဲလိုက်တယ်။ သူ့လက်ကလည်း ကျနော့်ကြယ်သီးတွေကိုဖြုတ်ပေးနေတယ်။ ကျနော် သူ့ပုခုံးကို သိုင်းဖတ်ထားပြီးအားရပါးရ အနမ်းတွေခြွေလိုက်တယ်။ သူ့လက်တွေက ကျနော့်ရဲ့ ခန္ဓာကိုယ်အနှံကို ပွတ်သပ်နေရင်း ကျနော်ကလည်း သူ့အင်္ကျီကြယ်သီးလေးတွေကို ဖြုတ်ပေးနေတယ်..။ အဲ့နောက်.........................။

အပိုင်း(၄)ဆက်ရန်.............။

ကျ​နော်​က ရည်းစား​ဟောင်းWhere stories live. Discover now