Part 5

13.6K 1.1K 43
                                    

[Zawgyi]

Hun: Baekhyun ရေ.. Baekbaek..

သူငယ်ချင်းသုံးယောက်သား.. ညနေတိုင်း မုန့်ထွက်စားနေကျမို့.. Kai နဲ့ Sehun တို့.. Baekhyun ကို လာခေါ်ကြတာပေါ့နော်..

Mrs Byun: သားတို့ဝင်လေ.. Baekbaek သူ့အခန်းထဲမာရှိတယ်.. တခါတည်းတက်သွားကြ..

Kai: Nae..Ommonyi.. 😁😁

ငယ်ပေါင်းတွေဆိုတော့လည်း.. မိဘချင်းတွေကပါ သိနေတာမို့.. တခါးမရှိ ဓားမရှိဝင်လို့ထွက်လို့ ရသည်လေ.. တံခါး password သိနေကြတယ်ဆိုပေမယ့်.. အမြဲတမ်း လာဖွင့်ပေးတာကို စောင့်နေကြအတိုင်း.. Mrs Byun လာဖွင့်ပေးမှ.. နှစ်ယောက်သား.. Baekhyun အခန်းဆီ အမြန်သုတ်ခြေတင်ရတယ်..

Hun: Kai.. pali pali.. promotion အချိန်ပြည့်သွားဦးမယ်..

Sehun တယောက်.. သူတို့သွားနေကြ ကစားကွင်းမာ.. promotion ပွဲ လုပ်နေတယ်ဆိုလို့.. အချိန်မှီသွားနိုင်ရန်.. လောနေခြင်းပင်.. သူကိုယ်တိုင်လည်း လှေကားထစ်ကို သုံးလေးဆင့်လောက် ကျော်တက်ရင်း.. Kai ကိုပါ.. လှမ်းအော်ခေါ်နေတယ်..

Kai: အေးပါကွာ.. 😒😒

အေးပါကွာဆိုပေမယ့်.. လူကတော့.. အေးဆေးပင်.. တလှမ်းချင်းလာနေတော့.. အဆော့မက်သူ Sehun လည်း.. စိတ်မရှည်တော့..

Hun: Arshiii..😣😣

Kai ကို စောင့်မနေတော့ပဲ.. သူ့ဘာသာပဲ အမြန်တက်သွားလိုက်တယ်.. Baekhyun အခန်းရှေ့ရောက်တော့.. တံခါးတွေဘာတေခေါက်မနေတော့ပဲ.. တခါထဲ.. တန်းဝင်သွားလိုက်တော့.. တွေ့ရပါပီ.. Mr Baekhyun.. ကုတင်ပေါ်မာ.. ဒူးနှစ်ဖက်ပိုက်ကာ ထိုင်နေပီး.. နံရံကိုကြည့်ရင်း.. ပြုံးနေတယ်..

Hun: Baekhyun..

Baek: ...... 😍😍😍

Hun: Baekhyun ရေ.. ငါတို့.. 😐😐

Sehun တယောက်.. သဲကြီးမဲကြီး စကားပြောဖို့စလိုက်ပေမယ့်.. Baekhyun ကဖြင့်.. မိုးပြာရောင် နံရံလေးကိုသာ.. ကမ္ဘာကြီး တခုလို့ ထင်မှတ်နေသည့်အလား.. အပြုံးအတိဖြင့်.. ကြည့်နေတယ်..

Hun: ဟျောင့်.. 😑😑

Baek: ဟိ.. 😍😍😍

Hun: ဟယ်.. 😕😕

မနေနိုင်မထိုင်နိုင်.. လက်မောင်းကို သွားကိုင်မှ.. ဟိခနဲတောင်အသံထွက်လာသေး..

ကလေးရဲ့လူကြီး  [COMPLETED]  (Z+U)Where stories live. Discover now