PART-11

8.8K 616 26
                                    

မိုးသား
~ဆရာက ငပိလုံးဝမစားဘူးတဲ့
အင်း​လေ သူလည်းတခါတ​လေစားချင်​လို့​နေမှာ​ပေါ့

ယွန်း
~ဆရာကဘာလဲဟ
ဟိုဆရာမက ကပ်​​နေတဲ့ပုံဘဲ
ငပိမစားတဲ့သူကမိုးသားစားလို့
လိုက်​စားတယ်​ဆို​တော့
ဆရာ​ရေ ဟုတ်​​တော့ဟုတ်​​နေပြီ

နေ့သစ်​-ဟဲ့ ယွန်းဘာဖြစ်​​နေတာလဲ ဆရာ​မေး​နေတယ်​​လေ

ယွန်း တ​ယောက်​အကြံကြီးကြံပြီး
ဆရာ​ပြောတာကိုမကြားလိုက်​ဘူး

ယွန်း-ဟဲဟဲ ဆရာဘာ​ပြောလိုက်​တာလဲဟင်

နေဦး-​ဘောလီ​ဘေညအပြင်​ ဘတ်​စကတ်​​ဘောမှာ မိန်းခ​လေး​ရော ​ယောက်ျား​လေး​ရော
လူလိုလို့
အခု​ဘောလီ​ဘော ဘက်​ကိုပိုင်​တဲ့သူ မိန်းခ​လေး၂​ယောက်​​ယောက်ျား​လေး၂​ယောက်​​လောက်
ဆရာ့ကိုကူညီပြီးရှာ​ပေးပါလား
သမီးကဘတ်​စကတ်​​ဘောCAPTAINဆို​တော့..

ယွန်း-အာာ ဆရာရယ်​ ​ယောက်ျား​လေး၂​ယောက်​က​တော့​ဝေး​ဝေးရှာစရာမလိုဘူး
မိုးသားနဲ့ ​နေ့သစ်​ရှိတာဘဲ
မိန်းခ​လေးက​တော့ယွန်းရှာ​ပေးမယ်

မိုးသား-ငါမ​ဆော့တတ်​ဘူး​လေဟာ

ယွန်း-ငါသင်​​ပေးမှာ​ပေါ့

နေဦး-သားသား ဆရာတို့​တွေရှိတာဘဲ
ဌာနအတွက်​ဘဲ ကြိုးစား​ပေး​လေ

မိုးသား-ဟုတ်​ကဲ့..

နေ့သစ်​-ယွန်း ​ဘတ်​စကတ်​​ဘော Teamမှာ
စော်​​လေး​တွေ​ချောလားး

ယွန်း-ကျက်​သတုံး
အား​နေရင်​ အစစ်​မ​တွေဘဲလိုက်​ငမ်း​နေတယ်
လင်​ယူပါလို့​ပြော​နေတာကို
ငါရှာ​ပေးမှာပါဟယ်​ စိတ်​မပူနဲ့သက်​လား

နေ့သစ်​-ငါ့​တော့ချမ်းသာ​ပေးပါဟယ်

နေဦး-ဒါဆို ​နေ့လည်​Training ချိန်
ကျန်​​သေး​တော့ သွားကြမယ်​​လေ

ယွန်း-ဟုတ်​ကဲ့ဆရာ
အန်​တီ​ရေ ရှင်းမယ်​....
~ယွန်းတို့ စားတာ​တွေအကုန်​ဆရာရှင်းသွားတယ်
မိုက်​တယ်​ ​နေ့တိုင်းသာဒီလိုစားရမယ်​ဆိုရင်
မိုးသား သူငယ်​ချင်းဖြစ်​ရတာ တကယ်​ဂုဏ်​ယူတယ်​ ဟဲဟဲ

အချစ်ဆုံးသာဖြစ်ခွင့်ပေးပါWhere stories live. Discover now