PART-6

9K 638 10
                                    

နေဦး
~ဆိုင်​ကယ်​​ပေါ်ကဆင်းသွားတဲ့
ချာတိတ်​ ပုံစံ​လေးကရီချင်​စရာ​လေး
အသည်းသန်​ဘဲ
ဆိုင်​ကယ်​​တောင်​မရပ်​ရ​သေးဘူး
ခုန်​ဆင်းသွားတယ်
ဘာ​တွေ​လော​နေလဲမသိဘူး

မိုးသားဆိုငိထဲဝင်​သွား​တော့
မိုးသား​နောက်​က​နေ
နေဦးပါလိုက်​လာတယ်
ဆိုင်​ထဲ​ရောက်​​တော့
မိုးသားက​ဘောလီ​ဘော​ဘောလုံးရယ်
ဘတ်​စကတ်​​ဘော​ဘောလုံးရယ်
အရင်​​မေးပြီး
ယူမဲ့​ဘောလုံး​တွေ​ရွေးပြီးသွား​တော့
ဆရာက ပိုက်​ဆံရှင်း​နေတယ်
ဆရာပိုက်​ဆံရှင်း​နေတဲ့အချိန်
မိုးသားက အားကစားဖိနပ်​​ရောင်းတဲ့ဘက်​မှာ
ဖိနပ်​​တွေထုတ်​စီး​နေတယ်

မိုးသား
~ကျွန်​​တော်​ လည်း
မနက်​ဖြန်​ Trainingဆင်းရမယ်​ဆို​တော့
ဘောလီ​ဘောပုတ်​ရင်
စီးလို့​ကောင်းမဲ့ ဖိနပ်​တရံဝယ်​ဖို့
ဖိနပ်​​တွေ​အစမ်းစီးကြည့်​​နေတယ်
မနှစ်​ကဖိနပ်​ပြန်​စီးလို့လညးမဖြစ်​ဘူးဆို​တော့

မိုးသား-အန်​တီ ဒီတစ်​ရံကဘယ်​​လောက်​လဲ
သားယူမလို့

မိုးသားကဖိနပ်​​လေးစီးထားရင်း
မတ်​တပ်​​လေးရပ်​ပြီး​မေး​တော့
အန်​တီကြီး​ရော ဆရာ​နေဦး​ရော
မိုးသားကိုလှည့်​ကြည့်​လိုက်​တယ်
ပြီး​တော့အန်​တီကြီး​ကရီပြီး
ဆရာကပြုံး​နေတယ်
ဘာလို့လဲ မိုးသား​မေး​တော့

အန်​တီကြီးက "သားက ချစ်​စရာ​လေးမို့လို့ပါ
ဟုတ်​တယ်​မလား ​မောင်​​လေး"

ဆရာ့ကို လှမ်း​မေးလိုက်​​တော့

နေဦး-ဟုတ်​တယ်​ဗျ ချစ်​စရာ​လေးး

နေဦး
~ဒီ​ကောင်​​လေးအမှန်​ဘဲချစ်​ဖို့​ကောင်းတာဗျ
ပုဆိုး​လေးဝတ်​ထားပြီး
အောက်​က အားကစားဖိနပ်​စီးထားတဲ့ပုံ​လေးက
ဘယ်​လို​တောင်​အူ​ကြောင်​​ကြောင်
ချစ်​ဖို့​ကောင်းတဲ့​ကောင်​​လေးပါလိမ့်
မသိရင်​ ရွာကသူကြီးသား စတိုင်​​လေးးး
ခါပတ်​​လေးပါပတ်​လိုက်​ရင်
ကွက်​တိဘဲ

နေဦး-သားသား အဲ့ဖိနပ်​ကြိုက်​ရင်​ယူ​လေ
ဆရာဝယ်​​ပေးမယ်
အန်​တီ ဒါ​လေးပါ​ပေါင်းရှင်း​ပေးပါ​နော်

အချစ်ဆုံးသာဖြစ်ခွင့်ပေးပါWhere stories live. Discover now