မိုးသား-ငါ့ကို​လေ ဆရာက
"သားသား"လို့​ခေါ်တယ်​ ကွ

မိုးသား စကား​ပြောပြီးတာနဲ့
ယွန်းနဲ့ ​နေ့သစ်
၂​ယောက်​ မိုးသား​ခေါင်းကို
ပြိုင်​တူရိုက်​လို်​က်​တယ်

နေ့သစ်​-မသာ ဒါ​လေးကို
သေမလိုဘဲ
ဟိုက ရည်းစားစကားပါ​ပြောကြည့်
အသက်​ပါတခါထဲထွက်​သွားမလားဘဲ

ယွန်း-ဟုတ်​ပ ငါတို့က
သားသား လို​ခေါ်​တော့
တခါတ​လေမသိချင်​​ယောင်​​ဆောင်​​သေးတယ်
မသာ​လေး သူ့လင်​က​ခေါ်​တော့
ကြောင်​​တောင်​ကြီးအသက်​ထွက်​​နေတယ်

မိုးသား-နင်​တို့ကလည်း
ငါအဲ့​လောက်​မဆိုးပါဘူးဟ
ကဲဘာအ​ရှေ့မှာပိုက်​ဆံသွားရှင်းမယ်
ဆရာ​စောင့်​​နေမယ်​တဲ့
တော်​ကြာ ဆရာအကြာကြီး​စောင့်​​နေရဦးမယ်

ယွန်း-နင်​အကဲ​တွေလာပိုပြ​​မ​နေနဲ့
ကိုယ်​စိတ်​ကို ကွဲကွဲပြားသိ​အောင်​လုပ်
သွားကြမယ်

ကျွန်​တော်​တို့၃​ယောက်
ဘုရားဝန်းထဲက​နေ
ကျောင်း​ရှေ့ကို​ရောက်​​တော့
ကျောင်း​ရှေ့က
ကားမှတ်​တိုင်​​လေးမှာရပ်​​စောင်​​​နေတဲ့
သူတ​ယောက်

မိုးသား
~ဆရာ​တောင်​​ရောက်​​နေပြီဘဲ
ဟူးး ငါယွန်း​ပြောသလို
ဆရာနဲ့ပက်​သတ်​တဲ့ခံစားချက်​ကို
ကွဲကွဲပြားပြားသိ​အောင်​လုပ်​ရမယ်
ဟော ကားလမ်းတဖက်​က​နေ
ဆရာဒီဘက်​ကိုလှမ်းကြည့်​​နေတယ်
အဲ့တာနဲ့ ကျွန်​​တော်​ ဆရာ့ဆီ​ရောက်​ချင်​​ဇောနဲ့
လမ်းကို​ပြေးကူးလိုက်​တာ
တီ....တီ

ယွန်း-ဟဲ့ သားသား

ယွန်းတ​ယောက်​ ​အော်​ပြီး
ပြေးဆွဲလိုက်​လို့
မဟုတ်​ရင်​ တဖက်​ကလာတဲ့
ဆိုင်​ကယ်​တိုတ်​ခံရလို့
ဆရာနဲ့မဖြစ်​ခင်
အရင်​လစ်​​တော့မလို့

ယွန်း-နင်​​တော့​ရောဂါကျွမ်း​နေပြီဘဲ
နင်​ဆရာ့ကိုစိတ်​၀င်​စား​နေတာ​သေချာပြီ

နေ့သစ်​-စိတ်​၀င်​စားတာအ​ရေးမကြီးဘူး
မသာ​ပေါ်မယ်

မိုးသားတ​ယောက်​ကို
ဝိုင်း​ပြောလိုက်​ကြတာ
ဟိုးဘက်​ကကြည့်​​နေတဲ့
နေဦးတ​ယောက်​က​တော့စိတ်​​တွေပူလို့..
မိုးသားတို့ ​​နေဦးရှိတဲ့နား​ရောက်​လာ​တော့
နေဦး​ပြေးလာပြီး
နေဦး-သားသား ဘာဖြစ်​သွား​သေးလဲ
ဘယ်​နားထိသွားလဲ
လန့်​သွား​သေးလား

အချစ်ဆုံးသာဖြစ်ခွင့်ပေးပါWhere stories live. Discover now