Drip ချိတ်ထားသည့် လက်က ရုန်းလွန်းတာကြောင့် သွေးများပါ ထွက်လာရသည်...

ဒီလူဆီထဲ ဘဝကို မအပ်နှံပါရစေနဲ့

"ဖြောင်း "

ပါးပေါ်ကျလာတဲ့ လက်ဝါးကြောင့် မျက်နှာတခုလုံးလည်ထွက်သွားတဲ့အပြင် ခေါင်းပါ ချာချာလည်မူးသွားသလို...

"မသေချင်ရင် ငြိမ်ငြိမ်နေ"

"တောင်းပန်ပါတယ်... လွှတ်ပေးပါ"

"Hk sorry ကောင်လေး...မင်းမျက်ရည်တွေက ကိုယ့်ရဲ့ စိတ်ကို မပြောင်းလဲစေဘူး"

"အ"

ဘေးနားက ဆေးခုံကို စမ်းမိတော့ ချွန်ထက်တဲ့အရာ (ကတ်ကြေး)လို့ ယူဆရတဲ့ အရာကို ယူပြီး ထိုလူ့ လက်မောင်းကို ခြစ်လိုက်သည်..

ထိုအခြင်းအရာက ထိုလူ့စိတ်ကိုပိုဆွမိသလိုဖြစ်သွားသည် ထင်၏...

လည်ပင်းပေါ် ကျရောက်လာတဲ့ လက်တစ်စုံကြောင့် အယောင်ယောင် အမှားမှား လက်က ကတ်ကြေးကိုပါ လွှတ်ချမိကာ လည်ပင်းပေါ်က လက်ကိုသာ အာရုံစိုက်မိသည်...

တစ်ဖြေးဖြေး အသက်ရှူကြပ်ကာ အားလဲ ကုန်လာတာကြောင့် ကိုင်ထားတဲ့လက်ကို လွှတ်ချပစ်လိုက်ပြီး မျက်လုံးများကို မှိတ်ချပစ်လိုက်သည်...

မျက်လုံးထောင့်က မျက်ရည်တစ်စက်ကတော့ ခေါင်းအုံးပေါ် သက်ဆင်းသွားလေရဲ့...

*ကိုကို မြနိမြန်ပြန်လာပါတော့*

"ဝုန်း" ...

"တောက် ခွေးမသား William "
(ရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ်)

နောက်ဆုံး မျှော်လင့်နေတဲ့သူ ရောက်လာခဲ့ပီ

သူ့ကိုယ်ပေါ်က William ကို အတင်းဆွဲချကာ ထိုးကြိတ်နေတဲ့ ကိုကို့ကို တားချင်သော်လဲ
မရ...

"မင်း baekhyun ကို လုံးဝမထိနဲ့....
သူ့ကို ထိရင် မင်းကို အသေသတ်မယ်လို့ ငါအကြိမ်ကြိမ်သတိပေးခဲ့ပီးပီ....
ခု မင်းက baekhyun ကို ထပ်ထိပြန်ပီ....
မင်းကိုငါ အသေသတ်မယ် "

ခုနက လွတ်ကျသွားတဲ့ ကတ်ကြေးကို ကိုင်ကာ william ဆီ ထိုးမလို့ကြံတာကို မြင်တော့..
မျက်လူံးပါ ပြာသွားရသည်...

Hateful Love {Complete}Where stories live. Discover now