အခန်း၎

1.7K 119 1
                                    

"နင်​သူ့ကိုလက်​ထပ်​လိုက်​"

"ချီချီ!"

ကု​ဋေအသံဟာလည်း
လိုတာထက်​ ပိုမာ​ကျော​နေ၏

"ငါ့ကို​ပြော ချီချီ
နင်​​ပျောက်​​နေတာ တစ်​လရှိပြီ
ပုံကိစ္စ​ကြောင့်​လား"

"ကျစ်​ ကု​ဋေရယ်​"

"ဟင့်​အင်းချီချီ
ငါအခြားတစ်​​ယောက်​နဲ့
လက်​ထပ်​မယ်​ဆိုတဲ့သတင်း​ကြောင့်
နင်​စိတ်​ဆိုး​နေတာလား
အဲ့တာတကယ်​မဟုတ်​ပါဘူး
နင်​နဲ့ငါရဲ့သတင်းကိုခဏထိန်းရုံပါဟာ
မေ​မေက ဇွတ်​လုပ်​​နေတာ
ငါဘာမှသိခဲ့တာမဟုတ်​ဘူး
ဒီရက်​ပိုင်း​တွေ ငါနင်​​ပျောက်​လို့
လိုက်​ရှာရင်း ဘယ်​​လောက်​ပူ​လောင်​နေရလဲ
နင်​ထွက်​သွားပြီထင်​တာ"

ဆိုဖာခုံ​လေး​ပေါ်
အနီးကပ်​ဆုံးထိုင်​ကာ
ကု​ဋေကိုလိမ်​ရတာဟာ
ကျွန်​မအတွက်​ အဆင်​မ​ပြေပါ
ငါလည်းနင့်​ကိုသိပ်​လွမ်းတယ်​ဆို
ပွေ့ဖက်​ထားချင်​​ပေမဲ့
နက်​ဖြန်​ သူမမင်္ဂလာပွဲ
ဖြစ်​​မြောက်​​ရေးအတွက်
ကြိုးပမ်း​ပေးရအုံးမည်
ကျွန်​မကိုမ​တွေ့ရရင်
မင်္ဂလာ မ​ဆောင်​နိုင်​ဘူး
ပြော​နေတဲ့သူမ​ကြောင့်
ကျွန်​မ ပြန်​လာခဲ့ချင်းသာ

"ကု​ဋေ"

သူမဆံပင်​​လေးနားရွက်​ကြားထဲ
သက်​တင်​​ပေးမှ ​ခေါင်း​မော့ကြည့်​လာပြီး
ငို​နေတဲ့ မျက်​ရည်​​တွေကို
မကြည့်​ရက်​​တော့ပါ
ဖြစ်​နိုင်​ရင်​ သူ့အစား
ကိုယ်​သာငို​ပေးချင်​တာ
ပျော်​​ပျော်​​နေဆိုပြီး ကိုယ်​သာ
နာကျင်​ခံစားလိုက်​ချုင်​တာ

"ငါ​ပြောတာနား​ထောင်​​နော်
နင်​သူ့ကိုလက်​ထပ်​လိုက်​ပါ
ငါနဲ့နင်​က ဘယ်​လိုမှမဖြစ်​နိုင်​ဘူး​လေ
နောက်​​တော့ နင်​သူနဲ့​နေတာ
ပျော်​လာမှာပါကု​ဋေ
ငါ​ပြောတာနား​ထောင်​​နော်​"

မျက်​ရည်​​တွေကြား
ဆုံကြည့်​​နေတဲ့မျက်​ဝန်း​တွေ

"ချီချီ နင်​နဲ့ငါနဲ့ကြားမှာ
ချစ်​တယ်​လို့ တစ်​ခါမှမ​ပြောဖူးဘူး​နော်
မလိုဘူးထင်​လို့
ငါမ​မေးခဲ့​ပေမဲ့ နင့်​ငါ့ကိုမချစ်​ဘူးလား ဟင်
ငါ​မေး​နေတာ​ဖြေ​လေ"

နောင်​တWaar verhalen tot leven komen. Ontdek het nu