"ေစာက္ေျခာက္ေတြ"
ေမွာင္ရီစပ်ိဴ းေသာေန႕တစ္ေန႕အဆံုး၌ ရင့္သီးေသာ စကားလံုးအခ်ိဴ ႕ကို Taehyungၾကားလိုက္ရ၏…။
အမ်ားပိုင္လမ္းမၾကီးေပၚ ႏွစ္ကိုယ္တူလက္တြဲေလ်ွာက္ေနေသာ လိင္တူခ်စ္သူေကာင္ေလးႏွစ္ေယာက္အား ရြံရွာဟန္အျပည့္ျဖင့္ သခင္ ေမးေငါ့ကာ ေျပာလိုက္ျခင္းပင္…။
ရင္ဘတ္တစ္ေနရာက မလိုခ်င္ေသာ ေအာင့္သက္သက္ခံစားခ်က္ကို ရုတ္တရက္ထုတ္ေဖာ္၏…။
ခါးသက္ေသာနာက်င္ျခင္းတို႕ကို ထိန္းခ်ဴ ပ္ရင္း သခင္ မျမင္ႏုိင္ေအာင္ မရမက ဟန္ေဆာင္ေနရသည္ကို မုန္းတီးမိသည္…။
ဘယ္ေလာက္ တြန္းအားေပးေပး ေျပာင္းလဲမလာေသာ ႏွလံုးသားကိုလည္း မုန္းတီးမိသည္…။
အမ်ားႏွင့္မတူသည့္ တစ္ခ်ိဴ ႕ေသာျဖစ္တည္မႈတို႕ကို ရြံရွာတတ္ေသာ သခင္ ကိုကေတာ့ သူမုန္းတီးႏုိင္စြမ္းမရွိ…။
သခင့္ စိတ္ကို သခင့္ထက္ပို၍ သူနားလည္သည္ေလ…။
ⓛⓞⓥⓔ
2017 ? 2018 ?
_________
Unicode
"စောက်ခြောက်တွေ"
မှောင်ရီစပျိူးသောနေ့တစ်နေ့အဆုံး၌ ရင့်သီးသော စကားလုံးအချိူ့ကို Taehyungကြားလိုက်ရ၏…။
အများပိုင်လမ်းမကြီးပေါ်
နှစ်ကိုယ်တူလက်တွဲလျှောက်နေသော လိင်တူချစ်သူကောင်လေးနှစ်ယောက်အား ရွံရှာဟန်အပြည့်ဖြင့် သခင် မေးငေါ့ကာ ပြောလိုက်ခြင်းပင်…။
ရင်ဘတ်တစ်နေရာက မလိုချင်သော
အောင့်သက်သက်ခံစားချက်ကို
ရုတ်တရက်ထုတ်ဖော်၏…။
ခါးသက်သောနာကျင်ခြင်းတို့ကို ထိန်းချူပ်ရင်း
သခင် မမြင်နိုင်အောင်
မရမက ဟန်ဆောင်နေရသည်ကို မုန်းတီးမိသည်…။
ဘယ်လောက် တွန်းအားပေးပေး ပြောင်းလဲမလာသော နှလုံးသားကိုလည်း မုန်းတီးမိသည်…။
အများနှင့်မတူသည့် တစ်ချိူ့သောဖြစ်တည်မှုတို့ကို
ရွံရှာတတ်သော သခင် ကိုကတော့
သူမုန်းတီးနိုင်စွမ်းမရှိ…။
သခင့် စိတ်ကို သခင့်ထက်ပို၍
သူနားလည်သည်လေ…။
ⓛⓞⓥⓔ
2017
