​ဒါ​ပေမယ့်​...။ လမ်းမခွဲချင်​သေးဘူး ။
ကျွန်​တော်​မှားမှန်းသိ​ပေမယ့်​.....လမ်းခွဲမ​ပေးချင်​ဘူး..:')
ဘယ်​လိုလုပ်​ရပါ့မလဲ ....Chanyeol က သူ့ဘာသူစိတ်​ဆိုး​ပြေပြီး ကျွန်​တော်​နဲ့ပြန်​တွဲမယ်​လို့ လာ​ပြောရင်​ကောင်းမှာပဲ :')

မည်​သို့ဆို​စေ​လေ....။​ကျောင်းမှာ​တော့ ပြဇာတ်​စင်​ထက်​က တမူထူးခြားသွားတဲ့ Cinderellaပြဇာတ်​အ​ကြောင်း​ပြောလို့ဆုံးမှာကို မဟုတ်​တော့ပါဘူး ။
ပြဇာတ်​တွေကို​က​မောက်​ကမလုပ်​ပစ်​လို့ Disney က​တော့ ကျွန်​တော့်​ကို တရားလာမစွဲ​လောက်​ပါဘူး​နော်​...:')

လူကြားလို့မှမ​ကောင်း....။
Cinderellaကို အကြင်​နာ​ပေးလုဆဲဆဲ Prince Charmingကို ပုခုံးက​နေဆွဲလှည့်​ပြီး အကြင်​နာ​ပေးသွားတဲ့ Fairy God Mother ဆိုတာကြီးက (╥﹏╥)

အဲ့ဒီအချိန်​တုန်းက ကိုယ့်​ဘာကိုယ်​ဘာဖြစ်​သွားမှန်းကိုမသိတာပါ :')
သူ တခြားမိန်းက​လေးကိုနမ်းမှာကို ကျွန်​တော်​မှမခံစားနိုင်​တာ။

အခု​တော့ ပြတ်​ပြီ ။ :')

​ကောင်း​ရောမလား Kris Wu​လေးရယ်​။ :')

**************

1 week later~ 📆

"Kris.....ထ...ထ....အဲ့လိုကြီး မ​နေပါနဲ့ကွာ....."

စာ​ရေးစားပွဲခုံ​ပေါ်​ခေါင်း​မှောက်​အိပ်​နေ​သော ကျွန်​တော့်​ကိုအတင်းလာ​ခေါ်ရှာတဲ့ သူငယ်​ချင်း​လေး ။
ချစ်​သူနဲ့လမ်းခွဲလိုက်​လို့ အသည်းကွဲ​နေတဲ့ ကျွန်​တော့်​အ​ပေါ်​ကောင်းတာဆိုလို့ Chenပဲရှိတယ်​။

"ဟာ.....ငို​နေတာလား.....Kris ...မင်းကွာ....​စောင်​သည်းကွဲမ​နေနဲ့....Chanyeol​တောင်​သူ့သူငယ်​ချင်း​တွေနဲ့​ပျော်​လို့ရွှင်​လုိ့...."

"Chen ......ငါ သူနဲ့မပြတ်​နိုင်​ဘူး :'("

မျက်​ရည်​၀ဲ​နေတဲ့ကျွန်​တော့်​ကို Chen​တောင်​သနားသွားတယ်​ထင်​ပါတယ်​။ သူ့ပုခုံး​ပေါ်​ခေါင်းမှီချလိုက်​တဲ့ကျွန်​တော့်​ကို​ကျော​လေးပုတ်​ပေး​နေတယ်​။

မပြတ်​နိုင်​ပါဘူး...။ ဘယ်​လို​တောင်​ရယူထားတဲ့ချစ်​သူမိုလို့လဲ။
သူ့​ကြောင့်​စာလဲကြိုးစားခဲ့တယ်​။
သူ့​ကြောင့်​....ကျွန်​တော်​မ​နေချင်​တဲ့​နေရာလဲ​နေခဲ့တယ်​။
မပြတ်​နိုင်​ဘူး!! (╥﹏╥) Park Chanyeol....ငါ့ဆီပြန်​လာဟာ!!

Step by Step to his Heart ( Completed✔ )Where stories live. Discover now