Break Up~

3.7K 483 109
                                    

"လမ်းခွဲကြမယ်​....ငါမင်းနဲ့ ဆက်​မတွဲနိုင်​တော့ဘူး!!"

​ကျောင်းကပွဲအပြီး~ အင်း......မပြီးသင့်​သေးပဲ ရပ်​ပစ်​လိုက်​ရတဲ့အ​ခြေအ​နေဖြစ်​သွားတာဆို​တော့​ကျောင်းကပွဲအပြီးပဲ ဆိုပါ​တော့ ။

ပြဇာတ်​စင်​ပေါ်က​ဆင်းလာပြီးတဲ့​နောက်​တ​လျှောက်​လုံး Chanyeolက ကျွန်​တော့်​ကို စကားတခွန်းမှမ​ပြောခဲ့ဘူး ။
​ဒေါသ​ကြောင့်​နီမြန်း​နေတဲ့မျက်​နှာထားတင်းတင်းနဲ့ နှုတ်​ခမ်းတင်းတင်း​စေ့လျက်​သူ့ပစ္စည်း​တွေကုိသိမ်း​နေခဲ့တယ်​။
အပြစ်​ရှိသူ ကျွန်​တော်​က​တော့ သူ့ပစ္စည်း​တွေပဲကူသိမ်း​ပေးရမလား..အနားမှာပဲရပ်​ကြည့်​ပြီး ငြိမ်​နေ​ပေးရမလား....ချက်​ချင်းပဲဒူး​ထောက်​ပြီး​တောင်းပန်​ရမလား....​ဝေခွဲမရတဲ့စိတ်​တွေနဲ့ သူ့အနားမှာ ရပ်​နေခဲ့မ်ိတယ်​။

"Chan...Chanyeol-a..."

"ဖယ်​!!! "

သူ့လက်​ကိုသွားကိုင်​တဲ့ ကျွန်​တော့်​လက်​ကို ပုတ်​ထုတ်​လိုက်​ရင်း ခပ်​စူးစူးပြန်​ကြည့်တယ်​။
ရှက်​စိတ်​နဲ့​ဒေါသ​ပေါင်း​နေတာ​ကြောင့်​သူ့မျက်​၀န်း​တွေက နီရဲကာမျက်​ရည်​၀ိုင်းလျက်​။

"​တောင်းပန်​ပါတယ်​....ငါ မရည်​ရွယ်​ပါဘူး....."

"လမ်းခွဲမယ်​...."

"Chanyeol-a.....အဲ့လ်ိုမလုပ်​ပါနဲ့....jelba...."

"​တော်​ရုံပဲအရှက်​ခွဲရင်​ကောင်းမယ်​Kris Wu ...စင်​ပေါ်မှာ အရှက်​ခွဲတာနဲ့မလုံ​လောက်​သေးလို့လား...."

"ငါတမင်​လုပ်​တာမှမဟုတ်​ပဲ...."

"​တော်​ပါ​တော့......​နောက်​နေ့ကစပြီး ငါ့ကုိမဆက်​သွယ်​နဲ့...မင်းနဲ့ငါ ပြတ်​ပြီ....​ရှေ့ဆက်​ဖို့ မဖြစ်​န်ိုင်​တော့ဘူး...Kris Wu "

​ပြောပြီး သူ့လွယ်​အိတ်​ကို​ကောက်​ယူကာ ကျွန်​တော့်​ရှေ့က​နေ​ခြေလှမ်းကျဲကြီးများဖြင့်​ထွက်​သွား​သောChanyeolကို ကျွန်​တော်​မတားဖြစ်​ခဲ့ဘူး ။​

​သူ ကျွန်​တော့်​ကို စိတ်​ပျက်​သွားပြီထင်​ပါတယ်​:')

နားလည်​ပေးလို့ရပါတယ်​.....သူ အရမ်းရှက်​သွားမှာ​ပေါ့ ။
သူ့​နေရာမှာ ကျွန်​တော်​သာဆိုရင်​ဒီအတိုင်းပဲထားလိုက်​မှာဆို​ပေမယ့်​သူက​တော့​ကျောင်းမှာနာမည်​လည်းကြီး စာလည်း​တော်​တဲ့သူဆို​တော့ အရမ်းရှက်​သွားမှာ ။

Step by Step to his Heart ( Completed✔ )Opowieści tętniące życiem. Odkryj je teraz