1st Step

6.6K 626 146
                                    

Step by Step to His Heart
Park Chanyeolရဲ့ နှလုံးသားဌာနေကို တဆင့်ချင်းတက်လှမ်းမှာ ~
ပြိုင်လုဖို့စိတ်မကူးနဲ့~
ကန်ချမှာ ~
ပုံ/Kris Wu

💙

***********************************

"နားရွက်ကကား......ဆင်လည်းမဟုတ်...."

တခိခိရယ်သံတချို့နှင့်အတူ ပီပီသသထွက်ပေါ်လာသော အသံတခု။ ကျွန်တော် ကန်တင်းဝင်လာချိန်မှာ ကွက်တိထွက်ပေါ်လာသော ထိုအသံက သွေးရိုးသားရိုးတော့မဖြစ်နိုင်ပါ ။
ကန်တင်းထဲကတချို့ကတော့ ကျွန်တော့်ကိုကွက်ကြည့်ကွက်ကြည့်နှင့် မသိမသာခိုးကြည့်နေကြသည်။

"ထပ်ဆိုပြဦး Kris "

"အဟမ်း...."

ကျွန်တော်ထိုင်ရာခုံနှင့် စားပွဲတခုခြားသောဝိုင်းမှာထိုင်နေသော Kris Wuဆိုသောကောင်က ကျွန်တော့်ကို မချိုမချဉ်မျက်နှာဖြင့် တချက်လှမ်းကြည့်သည်။ ကျွန်တော်နှင့်မျက်လုံးချင်းဆုံတော့ သူခိုးလူမိသလိုမျက်နှာနှင့် ချက်ချင်းအကြည့်လွှဲသွားပြီး စာအုပ်တအုပ်ဖြင့် သူ့မျက်နှာအား ကွယ်ထားလိုက်သည်။

"နားရွက်ကကား ....ဆင်လည်းမဟုတ်...။
ခြေတံကရှည်.....ဓာတ်တိုင်လည်းမဟုတ်..။
မျက်လုံးက၀ိုင်း.....အရုပ်ကလေးလည်းမဟုတ်..။
ဥာဏ်ကကောင်း....အိုင်းစတိုင်းတော့မဟုတ် ..။ ..."

"မင်းဟာက မဟုတ်တာတွေချည်းပဲ Kris....ဟုတ်တာကိုပြောပြလေကွာ..."

"ဟုတ်တာကိုပြောပြရရင်......"

သူ့မျက်နှာကိုကွယ်ထားသောစာအုပ်ကိုဖယ်ရင်း ကျွန်တော့်ကို ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသားအထာဖြင့် လှမ်းကြည့်ရင်း မျက်စိတဖက်မှိတ်ပြသည်။ သို့​သော်​သူများ​တွေလို အထာမကျပဲ ကျန်​တဲ့မျက်​စိတဖက်​ပါ သူ့အလိုလို​မှေးစင်းသွားသည်​။
ဒါဘယ်လို စိတ်ပျက်စရာကောင်းတဲ့မြင်ကွင်းလဲ ?

"ဟုတ်မှန်တာကို အရှင်းလင်းဆုံးမင်းတို့သိအောင်ပြောပြရရင် ...ငါတို့တ၀ိုင်းကျော်က နားကားကားလေးကို ငါချစ်လို့ကွာ....ရှင်းလား.."

"ဘာ?????Kris Wu က Park Chanyeolကို ချစ်နေတယ်??"

ကန်တင်းထဲကလူမှန်သမျှကြားအောင်တမင်အော်ပြောနေသလားအောက်မေ့ရတဲ့ Kris Wuရဲ့သူငယ်ချင်း Chen။
ဒီဘက်ဝိုင်းမှာ ကျွန်တော်ထိုင်နေမှန်းသိလို့ အံ့သြချင်ယောင်ဆောင်ပြီး အော်ပြောနေကြတာ ။
ဘယ်လိုအနှောင့်အယှက်တွေမှန်းမသိ။ ကျောင်းကြီးမှာ သူတို့အုပ်စုမရှိရင် တော်တော်လေးကိုသာယာသွားမှာပဲ။

Step by Step to his Heart ( Completed✔ )Where stories live. Discover now