Yen---20

16.8K 1.4K 100
                                    

[Zawgyi]

နံ​ဘေးက​နေ ထွက်​​ပေါ်လာ​သော သက်​ပြင်းချသံ​​ကြောင့်​ Chanyeol ဖတ်​လက်​စစာအုပ်​ဆီမှ အကြည့်​တို့ကို Baekhyunဆီ​ရွှေ့လိုက်​သည်​...။လောကကြီးကို စိတ်​ကုန်​လက်​ခမ်းဖြစ်​​နေ​သောဟန်​နှင့်​ ပုခုံးနှစ်​ဖက်​ကကျကာ Baekhyun မျက်​နှာ​လေးက သုန်​မှုန်​လို့... ... ...။

" သက်​ပြင်း​တွေချလို့ ဘာများဖြစ်​​နေသလဲ... "

နဖူး​လေး​ပေါ် လက်​အုပ်​လိုက်​ရင်း​မေးလိုက်​မိခိုက်​ ပျံ့လွှင့်​လာတဲ့မျက်​ဝန်း​လေးထဲမှာ ​ဆွေးမြည့်​မှု​တွေက ပြည့်​နှက်​​နေ၏...။

" စာ​မေးပွဲနီးပြီ Yen... စာ​တွေတစ်​လုံးမှမရ​သေးဘူး... "

Baekhyun၏ စိတ်​ညစ်​ခြင်းက စာ​မေးပွဲအတွက်​ စာမရ​သေးသည့်​အတွက်ဆို​တော့...သူ ရယ်​ပင်​ရယ်​ချင်​မိသွားသည်​။စာ​မလုပ်​​သော​ကောင်​​လေးက စာ​မေးပွဲမ​ဖြေနိုင်​မည်​ကို​တော့ စိုးရိမ်​ရှာသား။ ​ကျောင်းသား​ကျောင်းသူတိုင်းလိုလို ထိုကဲ့သို့ပင်​ထင်​ပါသည်​...။

" ဒါများကွာ...အခုက စပြီးnoteထုတ်​...ကျက်​တန်​စရာရှိတာကျက်​​တော့​ပေါ့... "

" Yenကူညီ​ပေးလို့မရဘူးလား…Yenက ​ကျောင်း​ထောက်​ပံ့သူတစ်​​နေရာယူထားတာပဲ
မေးခွန်း​လေးကြို​တောင်းတာဖြစ်​ဖြစ်​​လေ...ဟမ်​... "

လက်​ကိုအတင်းဆွဲထားရင်း​တောင်းဆို​နေ​သော ​ကောင်​​လေးက အမှန်​တကယ်​ပင်​ ​စိုးရိမ်​​နေသည့်​ဟန်​ပန်​...။ အင်း...သူ ထိုကဲ့သို့ပင်​ပြုလုပ်​​ပေးလိုက်​ရမည်​လားဟု ယမ်း​ယောင်​​တွေးလိုက်​မိ​သေးသည်​။ ထို့​နောက်​မှ ​ခေါင်းကို အဆက်​မပြတ်​သုံး​လေးချက်​ခါယမ်းရင်း သူ့စိတ်​သူအမြန်​ပြန်​ထိန်းလိုက်၏...။

သ​ဘောမတူသည်​ကိုမြင်​​တော့ လက်​​မောင်း​ပေါ်မှ Baekhyunလက်​ အားပျက်​သွားသကဲ့သို့ ​ပြေ​လျော့ကျသွားသည်​...။

" အချိန်​မှီပါ​သေးတယ်​ babyရာ...ကိုယ်​တို့အတူတူကြိုးစားကြရ​အောင်​​လေ​နော်​... "

" Yen...ပြုံးကြည့်​... "

" ဟင်​? "

နားမလည်​နိုင်​ဖြစ်​သွား​သောသူ့ကို Baekhyunက ပါးနှစ်​ဖက်​ကိုအုပ်​ကိုင်​ရင်း ပြုံး​စေရန်​ ​စေခိုင်းလာသည်​​ကြောင့်​... က​သောက​မြောပင်​ ပြုံးပြလိုက်​ရ၏...။နှုတ်​ခမ်းထက်​က သူ့အပြုံးကို ​စေ့​စေ့စပ်​စပ်​ကြည့်​​နေရင်း Baekhyun လက်​​ဖျောက်​တစ်​ချက်​ထတီးသည်​...။

---Yen--- [Complete]Where stories live. Discover now