ဗိုင်းခနဲလဲကျသွားသော ကိုယ်ကြီး။ သွေးတွေ
ဒလဟော ကျဆင်းနေသော ဦးခေါင်းမှ
အက်ကွဲရာကို အကျီ င်္တွေချွတ်ကာ ဖိကပ်ပိတ်
ဆို့ပြီး တပ်ပျက်သလိုပြေးထွက်လျက်...

"မကောင်းဆိုးဝါး " ဟူသော နာမကိုလည်း သွေးပျက်လုအသံတွေနဲ့ အော်ဟစ်သွားကြသည်။

"လျန်း..."

ကျတော်ထိကိုင်လို့ မရတော့ဘူး။ သူ့ပါးပြင်ပေါ်
မှ မျက်ရည်တွေသည် မှိန်ဖျော့ဖျော့ဖြစ်နေသော
ကျတော့်လက်ချောင်းများကြားမှ မေးဖျားထိပ်
သို့ တတောက်တောက်စီးကျနေသည်။

"ကို...ကို တောင်းပန်ပါတယ် လျန်းရယ်...
ကို မင်း တစ်ခုခုဖြစ်မှာကြောက်လို့ပါ။ ခုဘာမှ
မဖြစ်တော့ဘူး။ မငိုနဲ့တော့နော်။ မငိုပါနဲ့တော့ကွာ"

ပူလိုက်တာ။ အားတွေလည်း ဆုတ်ယူခံနေရ
သလိုပဲ။ ဖြစ်ပျက်သွားသောအခြေအနေနဲ့ အလိုက် "ဘာဖြစ်သွားတာလဲ"ဟူသော မေးခွန်း
တွေ။
ဆူဆူညံညံအသံတွေကြောင့် မှောင်ရိပ်ဖုံး
လမ်းသွယ်ထဲ ထိုင်ငိုနေသော ကလေး
တစ်ယောက်ကို လူတွေသတိထားမိသွားကြပြီ။

တိုင်းရင်းသားဘာသာစကားနဲ့ မေးဟယ်
စမ်းဟယ် ပြုကြတော့ လူကြောက်တတ်သော
ကဝေလေးသည် အားလုံးနဲ့ ဝေးရာသို့ သုတ်ခြေ
တင် ထွက်ပြေးရရှာ၏။

"မြစ်ကြီးနား ဆေးရုံကြီးကို ကို တို့သွားကြမယ်။
ဒီညတော့ မင်း ဘုန်းကြီးကျောင်းတစ်ကျောင်း
မှာ သွားအိပ်မှ အဆင်ပြေမယ်"

ပါလာသော ပိုက်ဆံအနည်းငယ်နဲ့ ဘယ်လိုမှ
တည်းခိုခန်းတွင် မငှားနိုင်။ လွယ်လာသော အိတ်
ကလေးထဲမှ ထမင်းခြောက်အပိုင်းအစများကို
ထုတ်ကာ တဂျွတ်ဂျွတ်ဝါးရင်း ဝါးဆစ်ထဲမှရေ
နဲ့ အတင်းမြိုချနေသေး၏။

ဘုန်းကြီးကျောင်းတစ်ခုသို့ ရောက်အောင်လမ်း
ဆက်လျှောက်ရသည်။ ည တဖြည်းဖြည်းနက်လာ
သည်နှင့်အမျှ ကျတော်စိုးရိမ်လာရသည်လေ။
တစ်မနက်လုံးလည်း ရွာစဉ်များစွာကို ခြေလျင်
ဖြတ်သန်းခဲ့ရရှာတာ။ နှီးဖိနပ်စွပ်ထားသော ခြေ
ထောက်ရဲရဲလေးတွေ နာနေရောပေါ့။

"ခုနကလို မလုပ်သင့်ဘူး။ အဲ့ဒါဆိုးတယ်"

လူကြီးလေးတစ်ယောက်က ဆိုဆုံးမနေသလို
လေသံအေးအေးလေးနဲ့ ပြောသည်။

SOULDonde viven las historias. Descúbrelo ahora