ပုဂံ​မြေ

112 10 2
                                    

မြန်​မာ့သမိုင်း အစပထမဟု
ဆိုထိုက်​လှ​သော ပထမမြန်​မာနိုင်​ငံ
နန်းစိုက်​တည်​ရာ ပုဂံ​မြေဟု
မှတ်​သားခဲ့ရ မူလတန်းတွင်
တစ်​ခါတစ်​​ခေါက်​ ​ရောက်​ဖူးချင်​သည့်
ဆန္ဒအ​လျောက်​ ​ရောက်​ရှိ​လေပြီ
ပုဂံ​ပြည်​..........

ဝါကျွတ်​ကာလ မိုးအကုန်​လမို့
ခြောက်​​သွေ့မှုနှင့်​ ပူ​လောင်​မှုက
ဆီး၍ကြိုသည်​ ပုဂံ​ဆိုသည့်
အညာ​ဒေသ ရာသီဥတုနှင့်​.......

ပုဂံ​မြို့မှကြိုဆိုပါ၏ ဆို​သော
ခမ်းခမ်းနားနား ဆိုင်းပုဒ်​ကြီးအား
တွေ့မြင်​ပြီး​နောက်​ ရင်​ထဲစီးဆင်း
ပျော်​ရွှင်​မှုနဲ့ ကြည်​နူးဝမ်းသာ
ပီတိဖြာသည်​ ပထမမြန်​မာနိုင်​ငံ​တော်​၏
အခရာ ပုဂံ​မြေအား ​ရောက်​ဖူးပြီဟု
ရင်​ဝယ်​လှိုက်​ကာ ​ကြွေး​ကြော်​မိသည်
ပုဂံ​မြေ၏စွမ်းအားများ........

ဟိုတယ်​သွားရာ လမ်းတ​လျှောက်​တွင်
မြင်​မြင်​သမျှ လက်​ညှိုးညွှန်​ရာ
အုတ်​​စေတီများက ခြုံနွယ်​များကြား
သပ္ပါယ်​စွာဖြင့်
"လှည်းဝင်​ရိုးသံတညံညံ ပုဂံဘုရား​ပေါင်း"
ဟူ​သော အဆိုအား
ထောက်​ခံ​နေသ​ယောင်​.......

သီတင်းကျွတ်​လ၏ အပူဒဏ်​အား
မမှုနိုင်​စွာ ဘုရားဖူးရင်း
ရှေး​ခေတ်​ ပုဂံပြည်​အား
တွေး​တောမိပြန်​​တော့.......

ထေရဝါဒဗုဒ္ဓသာသနာပြန့်​ပွား​စေရန်
ဆောင်​ရွက်​ခဲ့သည့်
မင်းမြတ်​အ​နော်​ရထာအား
ကြည်​ညိုစိတ်​က တဖွားဖွား......

ပျက်​သုန်းလုနီး ပုဂံပြည်​အား
ကယ်​တင်​ခဲ့သည်​ ကျန်​စစ်​သား​ခေါ်
မင်းတစ်​ပါးလည်း အမှတ်​ရသည်
တည်​ထားခဲ့သည့်​ အာနန္ဒာ မည်​​သော
စွယ်​​တော်​​လေးဆူအပါဝင်
ဖူး​မြော်​ရသည့်​တစ်​ခဏ၌......

သား​ကောင်းရတနာဟု
ရာဇဝင်​​ကြော်​ကြား ရာဇကုမာရ်​မင်းသား
တည်​ထားခဲ့​သော
မြ​စေတီ​ဘုရားသည်​လည်း
ကမ္ဘာ့ယဉ်​​ကျေးမှုအ​မွေအနှစ်​တစ်​ခုအဖြစ်
အသိအမှတ်​ပြုခံရသည်​မှာ
ရာဇကုမာရ်​မင်းသား၏ ဖခမည်း​တော်
ကျန်​စစ်​သားမင်းကြီးအား
သိတတ်​မှု​ကြောင့်​​လေလား.......

ထိုမျှမက အသီးသီး​သော ဂူဘုရားများ၏
ရှေး​ခေတ်​နံရံ​ဆေး​ရေးပန်းချီများမှာလည်း
ရှု၍မကုန်​နိုင်​သည်​ ထို​ခေတ်​အခါက
ဗိသုကာပညာရှင်​များအား
လေးစားစိတ်​က ထိန်းမရ​ပေ......

မြန်​မာလူမျိုးတို့၏ အသက်​​သွေး​ကြော
ဧရာဝတီမြစ်​အား ​လှေဖြင့်​ကူးကာ
တစ်​ဖက်​ကမ်းရှိ တုရင်​​တောင်​ရှိ
စွယ်​​တော်​မြတ်​အား ဖူး​မြော်ရန်
သွားသည့်​​ရေလမ်းခရီး လှိုင်းမမူးဘဲ
ပြုံး​ပျော်​​နေသည်​က ပုဂံ​မြေ၏
လှည့်​စားမှု​လေလား......

ဧရာဝတီမြစ်​ကြီး၏ မန်းမပျိုတစ်​ဦးသဖွယ်
လှပမှုကြား နစ်​​မြောစွာဖြင့်
ပထမမြန်​မာနိုင်​ငံ​တော်​၏ အခရာ
ပုဂံ​မြေနှင့်
မြန်​မာလူမျိုးတို့၏အသက်​​သွေး​ကြော
ဧရာဝတီမြစ်​ကြီးတို့၏ ​ပေါင်းစည်းမှုက
ဘာနဲ့မျှမလဲနိုင်​တဲ့ ပုဂံ​မြေ၏
အလှတစ်​ပါး......

ကမ္ဘာလှည့်​ခရီးသည်​များ၏
အသိအမှတ်​ပြုခြင်းကို ခံရသည့်
ပုဂံ​မြေ၏ ​နေဝင်​ဆည်းဆာအလှ
မှတ်​တမ်းတင်​​လောက်​​ပေသည်
နှိုင်းမရသည့်​ ပုဂံ​မြေ၏အလှများ.....

ကျက်​သ​ရေရှိစွာ လှပလှ​သော
ပုဂံ​မြေအား နှုတ်​ခွန်းဆက်​ရင်း
မိမိ​နေထိုင်​ရာ ရန်​ကုန်​မြို့သို့
ပြန်​​လည်​ထွက်​ခွာလာစဉ်
ရင်​ထဲမှ မှတ်​ချက်​ပြုမိသည်​က
ခမ်းနားလှသည့်​ တုနှိုင်းမမှီ
ပုဂံ​မြေ.......

Twinkle

Note : Long time no see ပါ 😁😁😁 ခရီးသွား​နေတာ​ရော အပျင်းတစ်​​နေတာပါ​ပေါင်းပြီး အခုမှစာ​တွေပြန်​​ရေးဖြစ်​တယ်​။
ပုဂံကိုခရီးသွားရလို့ ပုဂံအ​ကြောင်း​တော့​ရေးထားတာပဲ။ အမှား​တွေပါရင်​ သည်းခံ​ပေးကြပါ​နော်​။

# ဖတ်း​ပေးကြသူ​တွေ​ရော votes ​ပေးကြသူများ​ရော comment ​ပေးကြသူ​တွေ​ရော RL ထဲထည့်​​ပေးကြသူ​တွေကို အရမ်း​ကျေးဇူးတင်​ပါတယ်​။

# Thanks for all reading, voting, giving comment and adding your reading list.

谢谢你们
陈碧珠

POEMS That are not poems (ကဗျာမဟုတ်​​သောကဗျာများ) Where stories live. Discover now