မမြင်နိုင်သော အချစ်တစ်ခုအစပျိုးခြင်း-1

17.4K 334 4
                                    

စူးရှတောက်ပနေတဲ့ နေရောင်ခြည်က ပြတင်းတံခါးကို ဖြတ်ပြီး သာယာတဲ့နေ့သစ်စဖို့ပြင်ဆင်နေတဲ့ မနက်ခင်းလေးဝယ်.....
ညက ၃နာရီလောက်မှ စာကြည့်တိုက်ကနေစာကျက်ပြီး အိမ်ပြန်ရောက်လို့ အိပ်နေပေမဲ့ ကျက်သရေမရှိတဲ့ နေကလင်းထိန်နေတာမို့ အိပ်မရတဲ့အဆုံး Taeyeon လည်းစာသင်နှစ်စရဲ့ စာမေးပွဲအစမ်းရှိတာမို့ စောစောရောက်လည်းစာဆက်ကြည့်နေမယ်ဆိုတဲ့စိတ်နဲ့ အိပ်ရာကနေထဖို့ပြင်လိုက်ပါတယ်

တံခါးအပြင်က "သမီးလေးရေ...ကျောင်းအသစ်ကိုကောင်းကောင်းသွားနော်၊သူငယ်ချင်းတွေနဲ့ရန်မဖြစ်ရဘူး၊ စာကြိုးစားရမယ်....
သားကလည်း အသားနဲ့ အရွက်နဲ့ကိုမျှစားလေ ၊နို့လည်းသောက်ဦး......
Omma သားစန္ဒရားသင်တန်းဆရာမ က Omma ကိုတွေ့ချင်လို့တဲ့.....
ဟယ်.....ဘာလို့ခေါ်တာပါလိမ့်.....ငါ့သားကတော်ပြီးသားဘဲဆိုတော့ နောက်လမှာလုပ်မယ့် ကျောင်းတွင်းပဒေသာကပွဲအတွက်နေမယ်.....ဟား....ဟား...ဟား
Omma ကလည်းသမီးလည်းတော်ပါတယ် တော်လို့ ဂျူအန်းအလယ်တန်းကျောင်းကိုပါတာလေ Omma ကလည်း( Taeyeon တက်နေသောကျောင်း၊ Taeyeon ကအထက်တန်း Tae ညီမက အလယ်တန်းအခန်းမှာတက်ရမှာပါ)
ဟုတ်ပါတယ်....ဟုတ်ပါတယ်.....Omma သားသမီးတွေအကုန်တော်ပါတယ်...
ပြုံးပြုံးကြီးဘဲ လုပ်မနေနဲ့လေ Appa ကြီး ကလေးတွေကိုပြောလိုက်ပါဦး......
အေးပါကွာအေးပါ....Appa သားသမီးတွေ အကုန်တော်တယ်....ဟား...ဟား...ဟား"

Taeyeon-စိတ်ထိခိုက်ခဲ့ရပေါင်းများလို့ ရင်ဘတ်ကြီးတစ်ခုလုံး ထုံထိုင်းနေခဲ့ပေမဲ့ခုတော့မသိချင်ယောင်ဆောင်ကာ မထုံတတ်သေးပုံစံနဲ့နေတတ်ခဲ့တာကြာပြီလေ။

Omma ကို Taeyeon Appa အရင်းက အတင်းအကျပ်ငွေနဲ့လက်ထပ်ယူပြီး အလိုမတူဘဲပေါင်းသင်းခဲ့တာမို့ omma ကဝတ္တရားအရ appa မရှိတော့ tae ကိုကျွေးမွေးထားပေမဲ့ မျက်လုံးထဲတောင်မြင်ရမှာ မုန်းတဲ့သမီးတစ်ယောက်အနေနဲ့ဘဲ ဒီအိမ်ကြီးနဲ့ပက်သက်နေရတာပါ။

Taeyeon နာမည်ရင်းက Jo Taeyeon ဒါပေမဲ့ ခုတော့ Kim Taeyeon

ငွေရေးကြေးရေးနဲ့ဆို Taeyeon ကို ကျောင်းသုံးဖို့ လကုန်ရင်ပေးတတ်ပေမဲ့ Tae ကတော့ ပေးပါလို့ဘယ်တော့မှမပြောဖူးခဲ့ဘူး။.ဟုတ်တယ်လေ...Tae လည်းရင်ထဲမှာ တစ်အိမ်ထဲနေတဲ့ သူစိမ်းလို့ဘဲမှတ်ယူခဲ့တယ်။ အပိုဝင်ငွေရအောင်တော့ Tae က English လည်းကောင်းကောင်းရတော့ Translator (စာစောင်၊ဆောင်းပါးလေးတွေ)လုပ်တယ်။ အဲ့ငွေနဲ့ stock လည်း line ပေါ်ကနေလုပ်ပြီးအပိုငွေတွေ ဘယ်သူမှမသိအောင်စုထားတယ်။ Tae Dream က Harvard မှာ Scholar ယူပြီး Korea ရဲ့ ထိပ်တန်းသူဌေးစာရင်းဝင်ဖို့ပါ။
အခြားအချိန်ပိုင်းအလုပ်တွေ(ဦးနှောက်ဘဲသုံးရတဲ့ အလုပ်အကုန်လုံး) လည်း Tae တွေ့ရင်တွေ့သလိုဝင်လုပ်တတ်ပါတယ်

Invisible Fated Love of TaenyWhere stories live. Discover now