Twenty_Nine

1.4K 137 6
                                    


လူကုန်​ထံ တို့ နားခိုရာ Barကြီးတစ်​ခု... ​အေးငြိမ့်​​သော
စပိန်​သံစဉ်​တစ်​ခုက နားထဲကြား​နေရသည်​။...စပိန်​သံစဉ်
မြူးမြူးကြွကြွများထဲကမှ ထိုငြိမ့်​​ငြောင်း​သော သံစဉ်​သည်
နား​ထောင်​လို့ အ​ကောင်းဆုံးပင်​ဖြစ်​သည်​။

Sehun အရက်​ခွက်​အား တစ်​ခါတည်း​မော့ချလိုက်​သည်​။

'အား!!!´

ရင်​​တွေနာလိုက်​တာ Luhan...ငါ့ရင်​​တွေနာတယ်​!
မင်း​ကြောင့်​ဆိုတဲ့ အသိ​ကြောင့်​ ငါ့ရင်​​တွေ ကွဲထွက်​မတက်
နာကျင်​ရတယ်​...!

မင်းကို မြင်​မြင်​ချင်း​တွေ့...မြင်​မြင်​ချင်းပဲ စွဲလမ်းခဲ့တယ်​...
မင်းရဲ့အချိန်​တိုင်းမှာ မင်းနဲ့အတူ ရှိ​နေချင်​လာတယ်​...
မင်းရဲ့အရာရာတိုင်းကို ငါကလွဲရင်​ မပိုင်​ဆိုင်​​စေရဘူး
ဆိုတဲ့ အတ္တ​ပေါ်လာခဲ့တယ်​...

ဒီအတ္တကပဲ ငါ့ကို ဒုက္ခ​ပေးခဲ့ဖူးတယ်​...

ငါ့အချစ်​​တွေကို မင်းမမြင်​နိုင်​ရ​လောက်​​အောင်​ ငါကပဲ
မင်းကို မချစ်​နိုင်​​သေးတာလား???

ငါမင်းကို ဘယ်​လိုအချစ်​မျိုးနဲ့ချစ်​ပြမှ မင်း ငါ့အချစ်​​တွေကို
မြင်​နိုင်​မှာလဲ  Luhan...!

Sehun တစ်​ခွက်​ပြီးတစ်​ခွက်​ထည့်​​သောက်​​နေသည်​။
အ​ကောင်းစားဆို​သော အရက်​ပုလင်းက ထက်​၀က်​ကိုပင်
ကျိုးလာပြီဖြစ်​သည်​။

'အဟင်း Ohsehun shi?´

Sehun သူ့နာမည်​ကြားလို့ ​နောက်​လှည့်​ကြည့်​လိုက်​သည်​။

သူမကြားချင်​ဆုံး​သော အသံ...

သူမမြင်​ချင်​ဆုံး​သော မျက်​နှာ...

သူအမုန်းဆုံး​သော လူတစ်​ယောက်​...

Sehun...hak ခနဲ တစ်​ချက်​ရီလိုက်​သည်​။
ထို့​နောက်​ အရက်​ခွက်​အား အားကုန်​​မော့ချလိုက်​ပြန်​သည်​။

Poison EGOWhere stories live. Discover now