Part-2

698 87 12
                                    

This part is written by @Emily_Shun90

2017 ကမ္ဘာမြေပေါ်၌ ~~

နေမင်းကလည်း ထိန်လင်းနေသလို .. အရာအားလုံးက သာယာနေလှသည်။ မသာယာနိုင်သူက Byun Baekhyunဆိုသူ တစ်ယောက် ~~~

* ဒုန်း ခလွမ်း *

မနက်ခင်း ကျေးငှက်သံများနှင့် ယှဉ်ပြိုင်ကာ အိုးခွက်ပန်းကန်တို့၏ အသံပေါင်းစုံသည် Byun အိမ်တော်မှ ထွက်ပေါ်လာလေသည်။

အကြောင်းအရင်းကတော့ Feb 14ဖြစ်နေသည့် အားလျော်စွာ သူ၏ တစ်ဖက်သက် ချစ်နေရသူ Kim Min Seokဆိုသူကို ကိုယ်တိုင်လုပ် ချောကလက် လက်ဆောင်ပေးမည်ဟု ကြွေးကြော်ကာ ပြင်ဆင်နေခြင်း ..
အကူအညီမလိုဟု တစ်ချက်လွှတ် အမိန့်ပါ ထုတ်ထားသောကြောင့် အထိန်းတော်များလည်း ဝင်မပြောနိုင်ဘဲ သူလုပ်နေသမျှကိုသာ ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်နေရလေသည်။

" Yehet ပြီးသွားပြီ။ဒါမယ့် သိပ်မတူသလိုပဲ။ အထိန်းတော်ကြီး အရသာလေး မြည်းကြည့်ပါလား။ "

ရုတ်တရက် မျက်နှာရှေ့ကို ချောကလက်ထိုးပေးကာ ပြုံးဖြီးပြနေတဲ့ သခင်လေးကြောင့် အထိန်းတော်လည်း ချောကလက် မမည်သည့် ချောကလက်လေးကို ပါးစပ်ထဲ ထည့်ရန်ပြင်ပြီးမှ ..

" သခင်လေးလုပ်ထားတာကို သခင်လေး ကောင်မလေးက အရင်စားသင့်တာ မဟုတ်ဘူးလား.. သခင်လေး "

တွေဝေသလိုဖြစ်သွားပြီးမှ ချက်ချင်း Baekhyun မူပိုင်အပြုံးလေး ပေါ်လာကာ ..

" ဟုတ်သား .. အထိန်းတော်ကြီး မစားနဲ့တော့။ ကျွန်တော့်ကို ပြန်ပေး.. အာ ကျွန်တော် အပြင်သွားလိုက်ဦးမယ်နော်။ "

သူကိုယ်တိုင် ပြုလုပ်ထားသည့် ချောကလက်လေးကို ဘူးထဲထည့်ကာ ပြေးထွက်သွားတဲ့ သခင်လေးကြောင့် အထိန်းတော်တွေမှာ သက်ပြင်းသာသာချရင်း ကျန်ခဲ့ရတော့လေတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်လား။ ကျွန်တော့်နာမည်က Bakhyun . Byun Baekhyun. ကျွန်တော့်မှာ တစ်ဖက်သတ်ချစ်နေရတဲ့ လူတစ်ယောက်ရှိတယ်။ အထိန်းတော်တွေ ပြောသလို ကောင်မလေးတစ်ယောက်တော့ မဟုတ်ဘူးရယ်။ ယောက်ျားလေးတစ်ယောက်သာ။ ပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းလှသူတစ်ယောက်။ စတွေ့ကတည်းက ချစ်ခဲ့မိသည်ဆိုလျှင်လည်း မမှား ..

My Beloved Machmaker Where stories live. Discover now