~ Second Attachment ~

En başından başla
                                        

“ဟင်...Gongju”

ကျောင်းသူကျောင်းသားတွေစုဝေးရာ main ကျောင်းဆောင်တွေနဲ့ အနည်းငယ်လှမ်းတဲ့ အဆောင်ဟောင်းတွေဘက်ရောက်တော့ အမှောင်ရိပ်ကျကျ
အခန်းတစ်ခုရဲ့ထောင့်မှာ ရိပ်ကနဲမြင်လိုက်ရတဲ့သဏ္ဍာန်နှစ်ခုက ကျွန်တော့်ကိုအထိတ်တလန့်ဖြစ်သွားစေတယ် ။
ကိုကို့ညီမလေး Gongju ရယ် ၊ ဆံပင်ဝါဝါအသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ပုံရိပ်တစ်ခုရယ် ။

ဒီအချိန်ကြီးဒီနေရာမှာဘာလုပ်နေကြတာလဲ ?
သူမအတွက်စိုးရိမ်စိတ်ကြီးစိုးလာတော့ ကျွန်တော်အံကျိတ်ပြီး မျက်မှောင်ကြုံ့ထားလိုက်မိတယ် ။ တဆက်တည်း ရောက်နေတဲ့ စာသင်ခန်းဟောင်းရဲ့ ခပ်ဟဟ တံခါးတစ်ခုနောက်ကို လှစ်ကနဲဝင်လိုက်ပြီး ရှေ့ကသွားနေတဲ့သူတို့ ကျွန်တော့်ကိုမမြင်အောင် အခန်းထဲမှာ ဝင်ပုန်းနေလိုက်တယ် ။

ငယ်ငယ်ကကိုကိုနဲ့ကျွန်တော်ဘာဆော့ဆော့ ထမင်းဂျိုးဟင်းဂျိုး ဖြစ်ခဲ့တဲ့ Gongjuက ခုတော့ အပျိုကြီးဖားဖားဖြစ်နေပြီ ။ အင်း...ကျွန်တော်တောင် အထက်တန်းကျောင်းနောက်ဆုံးနှစ်ရောက်ပြီဆိုတော့ ကျွန်တော့်ထက် သုံးနှစ်ငယ်တဲ့သူမကလဲ အလယ်တန်းနောက်ဆုံးနှစ် ရောက်နေပြီကိုး ။ ခါးလောက်ရှိတဲ့ ဆံပင်ညိုတွေကိုဖြန့်ချထားပြီး နဖူးပေါ်မှာ ဆံမြိတ်ထူထူတွေချလို့ ကျောင်uးniformကိုတောင် အရင်တုန်းကလို ပြီးစလွယ်မဟုတ်ဘဲ ကျော့ကော့နေအောင် ဝတ်တတ်လာပြီလေ ။ နှုတ်ခမ်းပါးပေါ်မှာ ပန်းသွေးရောင်တင်ရင်ကောင်းမလား အနီရဲရဲကပဲ ဆွဲဆောင်မှုပိုရှိမလားဝေခွဲမရဖြစ်လာတတ်ပြီ ။ ပြီးတော့သူမမှာ ကိုကိုနဲ့တူလို့ ဖြူနုတဲ့အသားအရည်နဲ့ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးတွေရှိတယ် ။ ယောကျာ်းလေးတော်တော်များများရဲ့အကြိုက် နူးနူးညံ့ညံ့ပုံစံလေးပေါ့ ။ ကိုကိုနဲ့မတူတာကတော့  ~ အင်း...သူမမျက်လုံးတွေပါပဲ ။ ကိုကို့မှာက ယောကျာ်းလေးတန်မဲ့ ဝိုင်းစက်ပြီးအရည်လဲ့နေတဲ့ သမင်မျက်လုံးတွေရှိတယ်လေ ။ Gongjuကတော့ တရုတ်သွေး ပိုများတယ်ထင်ပ ။ ဖောင်းအစ်ပြီး အနည်းငယ်ကျဉ်းတယ်လို့ဆိုရမဲ့ မျက်လုံးပေါက် သေးသေးလေးတွေပဲရှိတယ် ။ ဒါကလဲ ခုနကပြောတဲ့ တော်တော်များများသောယောကျာ်းလေးတွေအတွက် ချစ်စရာ ကြိုက်ချင်စရာလေးပါပဲ ။

The Attachment Hikayelerin yaşadığı yer. Şimdi keşfedin