ကိုကို ~
ငါမင်းကိုမချစ်ခဲ့ဘူးနော် ~
မင်းလဲငါ့ကိုမချစ်ခဲ့ဘူးမဟုတ်လား ? ~
××××××××××××××××××××××××××××××
"Sehun ah ~~"
ကိုကိုကကျွန်တော့်ဘေးကိုအပြေးလေးရောက်လာပြီးအပြုံးချိုချိုနဲ့ခေါ်တတ်တယ် ။
"ဘာလုပ်နေတာလဲ ??"
စပ်စပ်စုစုမေးမြန်းတတ်တဲ့ကိုကို့ရဲ့အကျင့်ကိုတော့ကျွန်တော်နည်းနည်းမှသဘောမကျ ။ ခြံဝန်းထဲမှာရှိတဲ့ အပင် အကြီးကြီးအောက်က စာပွဲဝိုင်းနဲ့တွဲလျက် သစ်သားထိုင်ခုံ ဝိုင်းဝိုင်းလေးရဲ့ တစ်ဖက်အခြမ်းကနေ ကျွန်တော့်လက်ထဲမှာ ရှိတဲ့ စာရွက်လေးကို ကျော်ပြီးလှမ်းကြည့်လာတဲ့ ကိုကို့မျက်ဝန်းတွေကိုတော့ပိုလို့တောင်သဘောမကျတာမို့ ...
"ပုံဆွဲနေတာ ~ "
မျက်မှောင်ကိုမဲနေအောင်ကုပ်လိုက်မိပြီးနှုတ်ခမ်းစူရင်းပြန်ဖြေလိုက်တယ် ။ လက်ထဲက ပုံဆွဲလက်စ စာရွက်လေးကိုလဲ ထိုင်ခုံရဲ့ တစ်ဖက်အခြမ်းမှာရှိတဲ့ ကိုကိုမမြင်ရအောင် ကိုယ့်ဘက်ကိုနည်းနည်းလေးဆွဲထားလိုက်မိတယ်ထင်ရဲ့ ။ ခုဏလေးကအထိ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တဲ့ ခဲတံလေးကို ငြိမ်အောင်ထားလိုက်ပြီး ခုဏလေးက အထိငြိမ်သက်နေခဲ့တဲ့
မြက်ခင်းရဲ့အထက်လေထုပေါ်ကခြေထောက်တွေကိုတော့ရှေ့နောက်လွှဲစပြုလိုက်တယ် ။
"spider man ပုံဆွဲနေတာလား ? Sehun ကတော်လိုက်တာ"
ကိုကို့ရဲ့ချိုလွင်တဲ့ချီးကျူးစကားကကျွန်တော့်ကိုမပျော်ရွှင်စေပါဘူး ။ ငုံ့ထားတဲ့မျက်နှာပေါ် ချထားတဲ့မျက်လွှာအောက်က နှုတ်ခမ်းသေးသေးကိုပိုလို့တောင်စူထုတ်လိုက်မိသေး ။ ကျွန်တော့်ပုံက အဲ့လောက်လဲမလှပါဘူးကိုကိုရယ် ။ ကိုကိုလိုချင်တာရှိလို့သာမြှောက်ပင့်ပြောနေတာမဟုတ်လား...
"Sehun ah ~ ဒါပြီးရင်ကိုကို့ကိုအိမ်စာ
လေးနည်းနည်းရေးပေးဦးနော်"
ဟော...ထင်ထားတဲ့အတိုင်းပါပဲ...လာပြီအရှုပ်ထုပ်ဇာတ်လမ်းတွေ ~ ။
** မရေးပေးချင်ပါဘူး **
အရမ်းရှုပ်တာပဲကိုကိုရာ...
ESTÁS LEYENDO
The Attachment
Fanfictionကျွန်တော်မနှစ်မြို့တဲ့ ... ကျွန်တော့်ရဲ့ ကိုကို အမြဲရှုပ်တဲ့ ... ကျွန်တော့်ရဲ့ ကိုကို နှစ်ယောက်မရှိတဲ့ ... ကျွန်တော့်ရဲ့ ကိုကို Main Casts : Sehun, Luhan Genre : Romance, Angst, Hate Type : Bromance, Fanfiction, Boys Love { From Behind My Eyes Fic...
