ဟင်...နေပါဦး...ကိုကိုတစ်ယောက်အအေးတွေပတ်ကုန်တော့မှာပဲ...
"ကို...ကို...ထ...ထတော့"
လေထဲမှာရပ်တန့်နေတဲ့ကျွန်တော့်လက်တွေကအရှေ့ကိုမဆိုစလောက်လေး ဆက်ရွေ့သွားကြတယ် ~ ။
ပန်းရောင် sweater ပေါ်ကလည်တိုင်လေးကဖွေးလို့ ။ Christmas နားနီးရင် မြင်ရတတ်တဲ့နှင်းခဲတွေလိုပဲ ။ နှင်းခဲတွေကမှအေးဦးမယ် ။ ကိုကိုကတော့
နွေးနေမှာ ။ Sweaterလက်ရှည်အောက်က လက်ချောင်းနုထွေးထွေးတွေကလဲ သွယ်လျဖြောင့်စင်းပြီး လှလိုက်တာ ။ အို...လေပြည်ရယ် ။ မကျီစားပါနဲ့ ။ ကိုကိုချမ်းသွားပြီ ။ ကိုကို့လက်ချောင်းလေးတွေ ကွေးသွားတယ် ။ မင်းလုပ်တာကိုကိုချမ်းနေပြီထင်ပါရဲ့...
"ကို...ကို..."
~ ဆက်ပြီးတော့...ကိုကို့ကိုနှိုးမလို့ပါပဲ ~
~~~
Jeanဘောင်းဘီနဲ့လိုက်ဖက်တဲ့ခြေတံသေးသေးသွယ်သွယ်လေးတွေ ။ ပြီးတော့...ခြေဖဝါးဖွေးဖွေးဥဥလေး ။ တကိုယ်လုံးခြုံကြည့်လိုက်ရင်လေ ~ ကိုကိုက အိအိထွေးထွေးလေး ။ မွေးကာစယုန်ပေါက်လေးလို တကယ်ကို အိအိထွေးထွေးလေးဖြစ်နေတာ ။
"Sehun ah !! ~ "
~~~
"Sehun ah !! ~"
"ဟင်..."
ခေါ်သံကြောင့်ကျွန်တော့်ခေါင်းထဲကို အသိတစ်ချက် လက်ကနဲပြေးဝင်လာတယ် ။ အဲ့ဒီ့နောက်တဆက်တည်း လေထဲကကျွန်တော့်လက်တွေကို ခပ်မြန်မြန် ရုတ်သိမ်းချလိုက်ရတယ် ။ ပြီးတော့ ငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ် ။
ကိုကို !! ~
"Sehun ah...ဘယ်လိုဖြစ်တာလဲ...မိုးရေတွေလဲစိုလို့ပါလား ??"
ဒန်းပေါ်မှာအိပ်နေရာကနေ မျက်လုံးတွေဖျက်ကနဲပွင့်လာတဲ့ ကိုကိုက မတ်တတ်ထပြီး အံ့ဩတကြီးဆိုတယ် ။
"ဘယ်လိုဖြစ်တာလဲ Sehun ရယ်, တစ်ကိုယ်လုံးစိုရွှဲနေပြီ"
ဟုတ်…ဟုတ်ပါရဲ့ ။ ဘေးဘီဝဲယာကို အထိတ်တလန့်မျက်လုံးကစားကြည့်မိမှပဲ မိုးတွေသည်းကြီးမဲကြီးရွာချနေတာသိတယ် ။ ကျွန်တော့်ဆံပင်ပေါ်က နေမိုးရေစက်တစ်ချို့က အဆက်မပြတ်စီးကျလို့ လေတိုက်လိုက်တိုင်းမှာ ကျောပြင်နဲ့လက်တွေကိုလဲဖြန်းကနဲမိုးတွေစင်သေးတယ် ။ Jean ဘောင်းဘီဆိုတာလဲ မိုးရေတွေ စိုနေလိုက်တာမှ တစ်ထည်လုံး ။ အခုမှပဲလူလဲချမ်းသလိုလို စိမ့်သလိုလိုဖြစ်လာတယ် ။ တစ်ကိုယ်လုံးလဲ ကြွက်စုတ်လိုမြင်မကောင်း ဖြစ်နေလောက်ပြီ ။
YOU ARE READING
The Attachment
Fanfictionကျွန်တော်မနှစ်မြို့တဲ့ ... ကျွန်တော့်ရဲ့ ကိုကို အမြဲရှုပ်တဲ့ ... ကျွန်တော့်ရဲ့ ကိုကို နှစ်ယောက်မရှိတဲ့ ... ကျွန်တော့်ရဲ့ ကိုကို Main Casts : Sehun, Luhan Genre : Romance, Angst, Hate Type : Bromance, Fanfiction, Boys Love { From Behind My Eyes Fic...
~ Second Attachment ~
Start from the beginning
