~ Second Attachment ~

Start from the beginning
                                        

ကျွန်တော်မမှတ်မိတော့ဘူး... ။
xxx

*တော်ပြီ...တော်ပြီ...အပိုတွေလျောက်မတွေးနဲ့တော့...*

မိုးနံ့ကိုခေါ်ဆောင်လာတဲ့လေရယ် ကောင်းကင်မှောင်မှောင်ရယ်ကိုကြည့်ပြီး လုပ်စရာရှိတဲ့အလုပ်ကိုခပ်မြန်မြန်လုပ်ဖို့ပဲကျွန်တော်ဆုံးဖြတ်လိုက်တယ် ။

"မြန်မြန်လှည်းမှ..."

တစ်ကိုယ်တည်းထပ်မံငြီးငြူမိပြန်ရင်း လက်ထဲကတံမြက်စည်းကြမ်းအရှည်နဲ့ ခေါင်မိုးထပ်ပေါ်ပြန့်ကျဲနေတဲ့သစ်ရွက်ခြောက်တွေကို တရှဲရှဲလှဲစပြုတယ် ။ အဝတ်လှမ်းစင်နား ၊ ကော်ဖီဝိုင်းနား ၊ ပြီးတော့ တိုက်အမိုးရဲ့ ဟိုးဘက်ထောင့်စွန်းက ဒန်းလေးအနား ။

"ဟင်..."

ဒန်းနားရောက်တော့ကျွန်တော့်လှုပ်ရှားမှုတွေတုံ့ဆိုင်းသွားတယ် ။ ဒန်းပေါ်မှာ...ကိုကို...

စာအုပ်ထူထူကြီးတစ်အုပ်ကိုဘေးမှာချလို့ သူကတော့မျက်လွှာချပြီး ငြိမ်ငြိမ်လေးနေနေလေရဲ့ ။ ဟင်း...စာကျက်ဖို့လုပ်ရင်း အိပ်ပျော်သွားတာပဲ ဖြစ်ရမယ် ။

"ကိုကို...ကိုကို...ထဦး"

ခပ်ဖွဖွ ။ အင်း...ဟုတ်တယ် ။ ခပ်တိုးတိုးဖွဖွလေး ကိုကို့ကိုနှိုးမိတယ် ။ တို့ထိလိုက်ရမလား သေသေချာချာမသိတဲ့ ကျွန်တော့်လက်တစ်ဖက်ကတော့ လေထဲမှာတင်ရပ်တန့်သွားရှာရဲ့ ။

မိုးတွေရွာတော့မယ်...ထတော့ကိုကို...

"အွန်း..."

အလိုမကျမှုတစ်ချို့တစ်ဝက်နဲ့ကိုကို့နှုတ်ခမ်းပါးလေးတွေ အနည်းငယ် လှုပ်ခတ်သွားတယ် ။ ပြီးတော့သူတို့တွေ ငြိမ်ကျသွားပြန်တယ် ။ ဘယ်လိုနှိုးရပါ့မလဲ ?

အမိုးပါတဲ့ ဒန်းစင်ပေါ်မှာထိုင်ရင်း ပက်လက်ကလေး အိပ်ပျော်နေတဲ့ ကိုကိုက ခေါင်းစွပ်Sweaterပန်းရောင်လေးနဲ့ Jeanအပြာခပ်ကြပ်ကြပ်ကလေးကို တွဲဝတ်ထားတယ် ။ ကျွန်တော်မကြိုက်တတ်တဲ့ sweater တွေနဲ့ ကိုကိုကသိပ်လိုက်ဖက်တာပဲ ။

ကျွန်တော့်ကိုယ်ပေါ်ကအကျီစတွေလူးလွန့်အောင်တိုက်ခတ်နေတဲ့လေပွေကဆိုးတယ် ။ ကိုကို့ဆံပင်ညိုညိုတွေထဲပါ ဝင်ကခုန်ပြီး ရှုပ်ပွအောင် လုပ်နေပြန်တယ်လေ ။ ငယ်ငယ်ကတည်းက ထူထူအုပ်အုပ်ရှိပြီး လေတိုက်တိုင်း တလွင့်လွင့်ဝဲနေတတ်တဲ့ ကိုကို့ဆံနွယ်တွေအောက်မှာတော့ ဘာမှ ပြုပြင်ထားခြင်းမရှိတဲ့ ပင်ကိုယ်မျက်ခုံး ဝိုင်းဝိုင်းလေးတွေရယ် ၊ တမင်တကာ ဖိပိတ်ထားတာမဟုတ်ဘဲ ကော့ညွတ်ထူထပ်တဲ့မျက်တောင်တွေနဲ့ ဖုံးဖိခံထားရတဲ့ ကိုကို့မျက်ဝန်းတွေရယ် ၊ အအေးရှိန်ကြောင့် ပန်းရောင်သန်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေရယ် ၊ ပြီးတော့... ပြီးတော့ ကျွန်တော့်ရင်ဘတ်ကြီး တုန်လှုပ်နေတယ် ။ ငယ်ငယ်တုန်းကလို ငယ်ငယ်တုန်းက မိုးရွာတုန်း ကြောက်ရွံ့နေခဲ့သလို ။

The Attachment Where stories live. Discover now