~ Second Attachment ~

Start from the beginning
                                        

များသောအားဖြင့်တော့ကိုကိုကကျွန်တော့်ကိုကျောင်းအရင်လိုက်ပို့တတ်ပါတယ် ။ အထက်တန်းနောက်ဆုံးနှစ်မို့ သူနဲ့ကျောင်းအတူတူတက်ရအောင် စာကိုပဲ ဖိကြိုးစားပါလို့လဲမကြာခဏမှာတတ်သေးတယ် ။ ဒါပေမဲ့ညဘက်တွေဆို ကိုကိုသူ့အခန်းထဲမှာ သီချင်းနားထောင်ပြီးနားနေချိန်အထိ ကျွန်တော့်မှာ ဟိုပြေးလိုက်ဒီပြေးလိုက် လက်တိုလက်တောင်းတွေကတစ်မျိုး ။ နောက်နေ့မနက် ထမင်းဘူးအတွက် ချက်ရပြုတ်ရတာကတစ်မျိုး ။ အဖေ့ကျန်းမာရေးကိုဂရုစိုက်ရတာကတစ်မျိုး ။

"ကိုကိုနားလည်ပါတယ် Sehun ရယ်..." တဲ့ ။

ကြီးပြင်းလာတဲ့ဘဝတစ်လျောက်မှာ ကိုကို့ဆီက မကြာခဏကြားရတတ်တဲ့စကား ~ ။

အမှန်တော့ မင်းနားမလည်ဘူးကိုကို ။ မင်းမသိတာတွေမှ အများကြီးပါ ။ မင်းငါ့ကိုပေးနိုင်တာဆိုလို့ အဲ့ဒီ့ကိုယ်ချင်းစာချင်ယောင်ဆောင်ထားတဲ့ မျက်ရည်လဲ့လဲ့တွေနဲ့ အယောင်ဆောင်မျက်ဝန်းတစ်စုံပဲရှိတာ ။ မင်းသုံးပြီးသား ဖတ်စာအုပ်အဟောင်းတွေနဲ့ အကျီအနွမ်းတွေပဲရှိတာ ။ အဲ့ဒါကြောင့် အပြင်လူတွေက ကြင်နာစိတ်ရှိတဲ့ကောင်လေးလို့ မင်းကိုသာလျင် ချီးမွမ်းစေမဲ့ မင်းရဲ့အပေါ်ယံထွေးပွေ့မှုတွေကိုလဲငါဘယ်တုန်းကမှမနှစ်မြို့ခဲ့တာ !

အန်တီကလဲပြောတတ်တယ်...

"သား...Sehun...ဒီတစ်နှစ်တော့ကျောင်းစာကိုပဲဦးစားပေးလုပ်ပါ...အန်တီတို့ဘက်ကအကူအညီပေးနိုင်တာရှိရင်လဲပွင့်ပွင့်လင်းလင်းပြော...အိမ်အလုပ်တွေမလုပ်ပါနဲ့သားရယ်...အရေးမှမကြီးတာ...သားလဲသားရဲ့ကိုကိုလိုဂုဏ်ထူးတွေအများကြီးနဲ့အောင်ဖို့လိုတယ်နော်..." တဲ့ ~

ဒါပေမဲ့ကျွန်တော် Oh Sehunဆိုတာ ကိုယ့်ဘဝကိုယ် ဘယ်တော့မှ တန်ဖိုးမဲ့စွာ မတည်ဆောက်ဘူး ။ တန်ရာတန်ကြေးနဲ့ပဲ တည်ဆောက်တယ် ။ အဖေရောသားရော ဘာမှမလုပ်ဘဲသူများအိမ်မှာကပ်နေတဲ့အဖြစ်
မျိုးကျွန်တော်အရောက်မခံဘူး ။ အဖေမလုပ်နိုင်တော့သမျှ အလုပ်တွေကို တတ်နိုင်သမျှကြိုးစားပြီးလိုက်လုပ်ပေးတယ် ။ အားလုံးအိပ်ပြီး ကိုကို့အခန်းလေးပါ မီးပိတ်ကျသွားကာမှ ကျွန်တော်စာစကြည့်ရလဲ ကျေနပ်ပါတယ် ။

The Attachment Where stories live. Discover now