'အင်း က​လေး​တွေကို သွားကြည့်​ရ​အောင်​​လေ´

'​ကောင်းပါပြီ´

မာသာကြီး​ခေါ်သွားရာ ​ဟောခန်းကြီးတစ်​ခုထဲ ​ရောက်​သွား
သည်​။ ထိုအခန်းမှာ က​လေး​တွေရဲ့ ထမင်းစားခန်း​လေး...
က​လေး​တွေ ထမင်းစားပြီးလို့ ပြန်​ထွက်​​တော့မယ့်​အချိန်

ချစ်​ဖို့​ကောင်းလိုက်​ကြတာ...သူတို့ဘ၀​လေး​တွေက သိပ်​ကို
သနားဖို့​ကောင်းတယ်​...။

'အ့!´

'အို...က​လေး!!´

'ဟင့်​´

'အို က​လေးကို ဘာလို့တွန်းလိုက်​တာလဲ သား မာသာကြီး
မကြိုက်​ဘူး​နော်​´

၆နှစ်​သားအရွယ်​က​လေးတစ်​​ယောက်​က လသားအရွယ်​က
လေး​လေးအား ​ပွေ့ချီထားသည်​။

'မာသာ ဟိုက​လေး​လေးက?´

'Wiwi ​ရေ သား ဒီကို ခဏလာပါအုန်း´

က​လေးကို ချီထား​သော ထိုက​လေး​လေးက မာသာကြီးနား
တစ်​လှမ်းချင်း​လျှောက်​လာသည်​။

'မာသာ ဘာကိစ္စ ရှိလို့လဲဟင်​?´

'မာသာ့ကို သားငယ်​​လေး​ပေးခဲ့´

'ဟုတ်​´

မာသာလက်​ထဲက ထိုက​လေးငယ်​ကား ၀,၀ကစ်​,ကစ်​က
လေးနဲ့ ချစ်​ဖို့​ကောင်းလှသည်​။ မျက်​လုံး​လေးများက ဖန်​​ဂေါ်
လီလုံး​လေးများနှယ်​...နှုတ်​ခမ်း​လေးက ဆူထွက်​​နေပြီး
အသည်းပုံသဖွယ် ​ပေါ်လွင်​နေသည်​။

ပါးဆုံကြီးများကတွဲကျ​နေပြီး
ရဲရဲက​လေးနှင့်​ ချစ်​ဖို့​ကောင်း​နေသည်​။ လက်​က​လေးများက
ကောက်​ညှင်းထုတ်​​လေးနှယ်​ ကျစ်​လစ်​​နေပြီး ​ခြေ​ထောက်​က
လေးများကလည်း ထိုသို့နှယ်​...။

Poison EGOWhere stories live. Discover now