~ First Attachment ~

En başından başla
                                        

"ကိုကိုရာ...မင်းကလဲ...ဘောလုံးတောင်သေချာမကန်ဖူးဘဲနဲ့ကွာ"
"Sehun ကလဲ, ကိုကိုဝါသနာကြီးတာသိရဲ့
သားနဲ့, hee ~ "

ကိုကိုကသွားဖြဲလေးနဲ့ဇက်ပုပြီးပြောတယ် ။ ဖြူဖွေးညီညာတဲ့ ကိုကို့သွားလေးတွေကိုမြင်တော့ အရင်ကသွားကျိုးလေးနဲ့ ရယ်ရယ်ပြတတ်တဲ့ကိုကို့ပုံစံလေးကိုမြင်ယောင်ပြီးရယ်ချင်သွားမိတယ် ။ အဲ့ဒီ့တုန်းကလေ ကိုကိုကသေးသေးလေးရယ် ။ imm...အခုလဲသေးသေးလေးပါပဲလေ... :3

"မင်းဘောလုံးကန်တာကကိစ္စမရှိဘူး, တစ်ခုခု
ထိခိုက်သွားရင်အန်တီနဲ့ဦးနဲ့ကရင်ကျိုးမှာ..."
"ဘာလို့ထိခိုက်ရမှာလဲ Sehun ရ, ယောကျာ်းပါ
ကွ, အဲ့လောက်စိတ်ပူစရာမလိုဘူး"

ကိုကို့ရဲ့ မတော်မတည့်စကားကိုကြားတော့ ကျွန်တော် လမ်းလျောက်နေတဲ့ခြေလှမ်းတွေကိုရပ်ပစ်လိုက်တယ် ။ ပုခုံးတစ်ဖက်တည်းမှာ ချိတ်လွယ်ထားတဲ့ ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကိုကို့ကိုခပ်စူးစူးလှည့်ကြည့်လိုက်တယ် ။
ကိုကို့ရဲ့အုန်းမှုတ်ခွက်ကေဆံပင်ဝိုင်းဝိုင်းလေးတွေကလေအဝှေ့မှာနဖူးပေါ်ဝေ့၀ဲလို့ ~

"မင်းအန္တရာယ်ဖြစ်ရင်ငါလဲအဆူခံရမှာ, မဟုတ်
တရုတ်လုပ်တာကိုအားပေးရလားဆိုပြီး"

ဟုတ်တယ်လေ ။ ကိုကို့ရဲ့ဖြစ်တည်မှုကတခြားသူနဲ့တူလို့လား စီးပွားအရှာတော်ပြီးလူမှုကျင့်ဝတ်နဲ့ကိုက်ညီပြည့်စုံတဲ့အဖေနဲ့အိမ်ထောင်မှုနိုင်နင်းပြီးစိတ်ကောင်းစေတနာရှိတဲ့အမေတို့ရဲ့တစ်ဦးတည်းသောသား ။

ချစ်စရာကောင်းပြီးစာတော်တဲ့ညီမလေးရဲ့တစ်ဦးတည်းသောအကို ။

ကလေးတုန်းကလဲကလေးမို့လို့ရွှေလင်ပန်းပေါ်အချင်းဆေးပြီး မြပုဝါနဲ့ထုတ်မွေးလာတဲ့မင်းသားလေး ။

ဟော ~ အခုကျပြန်တော့လဲ ကိုယ်ချင်းစာစိတ်ရှိပြီး ဖော်ရွေတတ်တဲ့လူငယ်လေးအဖြစ် ရပ်ကွက်လူကြီးကအစ အိမ်ဖော်ကအဆုံးချစ်ခင်ခံရတဲ့သူ ။ အဲ့ဒီ့လိုလူသာ တစ်ခုခုဖြစ်လို့ အပြစ်တာဝန်တွေက ဟောဒီ့ Oh Sehunဆိုတဲ့ အညတရဆီပုံကျလာရင် သေရချည်ရဲ့ ။

The Attachment Hikayelerin yaşadığı yer. Şimdi keşfedin