~ First Attachment ~

Comenzar desde el principio
                                        

အိမ်လှလှကြီးလဲရှိတယ် ။ ကားလှလှကြီးလဲရှိတယ် ။ ကျွန်တော်တစ်ခါမှအထဲကိုမရောက်ဘူးတဲ့ ပန်းရောင်အခန်း လှလှလေးလဲရှိတယ် ။ အရုပ်လှလှတွေလဲ အများကြီး ရှိတယ် ။ ကျောပိုးအိတ်လှလှ အကျီလှလှတွေ ။ အို အကုန်ပါဘဲ ။ နောက်ပြီးအဲ့ဒါတွေအားလုံးထက် ကျွန်တော့်မှာမရှိတဲ့ မေမေလှလှလေးနဲ့Gongjuလိုညီမလေးလှလှလေးတွေလဲရှိသေးတယ် ။

အင်းလေ...ကိုကိုပါဆိုနေမှ... :3

ကျွန်တော်ကလဲရှည်ရှည်ဝေးဝေးတွေးနေသေးတယ်... :3

"ကိုကိုကလဲ, အာလူးဟင်းကြီးကိုများကြိုက်
နေသေးတယ် ~ Gongju ဆိုအာလူးကိုအနံ့
တောင်မခံဘူး"

အရှေ့ခန်းကGongjuက လူကြီးစတိုင်ဖမ်းပြီး ဟန်ပါပါနဲ့ ၀င်ပြောနေတယ် ။ သူမမျက်တောင်သေးသေးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းနဲ့ ။

"ကိုကိုက Sehun ဖေဖေချက်တဲ့ဟင်းတွေကို
အရမ်းကြိုက်လို့"

ဟုတ်ပါတယ်, ကြိုက်လို့သာနေ့တိုင်းထမင်း
ချိုင့်လဲစားနေတာပေါ့ -.- ကျောင်းစတက်တဲ့အ
ချိန်ကတည်းက ခုထိဖေဖေ့လက်ရာထမင်းချိုင့်
ကိုစားရတယ်မရှိသေးဘူး -.- ကိုကို့ရဲ့ ရှေ့သွားအကျိုး နှစ်ချောင်းကိုစူပုတ်ပုတ်နဲ့လှမ်းကြည့်ရင်းကျွန်တော်မကျေမနပ်တွေးမိတယ် ။

စိတ်အလိုမကျဖြစ်မှုတွေကို မျက်မှောင်နက်နက်လေးတွေက သက်သေပြနေပေမဲ့ ငြင်းဆန်ခွင့်မရှိတဲ့ လက်တစ်စုံကတော့ နေ့စဉ်လုပ်နေကျအတိုင်း ကိုကိုကမ်းပေးတဲ့ ထမင်းချိုင့်လှလှလေးကို ခပ်မြန်မြန်ပဲလှမ်းယူလိုက်ရင်း
အပြင်ဘက်ကနှင်းတဖွဲဖွဲကျနေတဲ့ကောင်းကင်ကြီးကိုပဲပြန်မော့ကြည့်လို့ ။

အဲ့ဒီ့ကိုကိုကတော့ ကျွန်တော့်ဖေဖေထည့်ပေးလိုက်တဲ့ ထမင်းဘူးအစုတ်လေးကိုတယုတယနဲ့ပိုက်ပြီးဘာတွေသဘောကျနေလဲမသိပါဘူး ။ ဘေးနားကနေ ကဗျာလေး တအေးအေးနဲ့ လှုပ်စိရွစိကိုဖြစ်နေရောလေ ။

After few years...

ကျောင်းမှာလူငယ်ဘောလုံးအသင်းဖွဲ့တယ် ။ အဲ လူငယ်ဆိုတာ ကျောင်းသားတွေ အကုန်လုံးကတော့ လူငယ်တွေပဲပေါ့နော် ။ ဒါပေမဲ့ အထက်တန်းကျောင်းသားတွေ မပါတာကိုပြောတာပါ ။ မူလတန်းတွေကျတော့လဲ ငယ်လွန်းတော့ အလယ်တန်းကျောင်းသားတွေကိုပဲ အသားပေးပြီးဖွဲ့တဲ့ဘောလုံးအဖွဲ့မျိုးပေါ့ ။ အထက်တန်းတွေကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အလုပ်များနေကြတာနဲ့ ကျွန်တော်တို့လို အလယ်တန်း ကျောင်းသားတွေကိုပဲအလေးပေးပြီးဖွဲ့ထားတဲ့အဖွဲ့မျိုးလေ ။ ဘောလုံးအသင်းအတွက်အတန်းထဲမှာစာရင်းတွေလိုက်ကောက်တုန်းက ကိုကိုတစ်ယောက် အပြေးအလွှားနဲ့ စာရင်းပေးတယ်ကြားလို့ကျွန်တော့်မှာအသည်းအသန်ဖြစ်ရသေးတယ် ။

The Attachment Donde viven las historias. Descúbrelo ahora