ကိုကို့ရဲ့တောင်းဆိုလာမှုကိုကျယ်ကျယ်လောင်လောင်နဲ့အော်ဟစ်ငြင်းထုတ်ပစ်လိုက်ချင်ပေမဲ့ လက်ချောင်းတွေ ထဲကခဲတံလေးကိုသာအားနဲ့ဖိညှစ်လိုက်မိတယ် ။ ကိုကိုအ
ပျင်းကြီးတယ်ကွာ ။ ဘာဖြစ်လို့အမြဲတစေ
ငါကမင်းအိမ်စာကိုရေးပေးနေရမှာလဲ ။
"လုပ်ပါ sehun ရာ ~ ငါမင်းလက်ရေးဝိုင်း
ဝိုင်းလေးတွေကိုချစ်လို့ပါ ~ နော် "
ကျွန်တော်မျက်လုံးကိုတစ်ချက်လှန်ပြီးကြည့်လိုက်တော့ စားပွဲရဲ့ဟိုဘက်အခြမ်းကထိုင်ခုံပေါ်ဒူးထောက်လျက်ရပ်နေတဲ့ကိုကိုကကျွန်တော့်အဖြေကိုမျှော်လင့်တကြီးစောင့်နေတာတွေ့ရတယ် ။ ကိုကို့ပါးစပ်ကလဲအဟောင်းသား ဖြစ်လို့ ကျိုးနေတဲ့ ရှေ့သွားနှစ်ချောင်းရဲ့အထဲကိုတောင်မြင်နေရပါရဲ့ :3
"Inn inn ~ ရေးပေးမယ်, ခဏစောင့်"
မျက်လွှာချပြီးပြန်ဖြေလိုက်တယ် ။
ဘာမဆိုကိုကို့ကိုဦးစားပေးရမယ်လို့ဖေဖေကမှာထားတယ်မဟုတ်လား ~ ။
××××××××××××××××××××××××××××××
"ဒီနေ့ဘာဟင်းလဲဟင် Sehun ?"
တရွေ့ရွေ့သွားနေတဲ့ဇိမ်ခံကားအနက်ရောင်ကြီးရဲ့ အပြင်ဘက်ဆီက လှစ်ကနဲလှစ်ကနဲ ဖြတ်သွားနေတဲ့ ကားရောင်စုံတွေကိုငေးကြည့်နေတုန်း ဘေးနားမှာထိုင်နေတဲ့ ကိုကို့ရဲ့မေးသံကြောင့် ကျွန်တော့်အာရုံတွေ ကားထဲကို ပြန်ဝင်လာတယ် ။ ကိုကို့အသံကြောင့်ရှေ့ခန်းက Driver ဦးလေးကြီးရဲ့ဘေးမှာထိုင်နေတဲ့ Gongjuကလဲ ကျွန်တော့်ကိုပေကလပ်ပေကလပ်နဲ့လှည့်ကြည့်တယ် ။
"အာလူးဟင်းရည်ရယ် Kimchi နဲ့ကြက်ဥကြော်ရယ်"
"ဟာ, ဟုတ်လား ~ ကိုကို့အကြိုက်တွေ
ကြီးပဲ"
ကိုကိုကမျက်လုံးလေးပြူးပြီးပြောတယ် ~ တံတွေးကိုဂလုဆိုမြိုချလိုက်ချိန်မှာပါးစုံ့ဖောင်းဖောင်းလေးတွေကလဲလှုပ်ကနဲ, အိကနဲ ~ ။
"ကိုကိုနဲ့ထမင်းချိုင့်လဲပေးပါလား ~ ဒီနေ့အိမ်မှာဝက်သားချိုချဉ်ချက်တာမစားချင်လို့"
ထုံးစံအတိုင်းပါပဲ, သူ့မှာရှိတဲ့ထမင်းချိုင့်လှ
လှလေးကိုကျွန်ရှေ့အတင်းထိုးပေးပြီးပြောတော့တယ် ~ ထမင်းချိုင့်လှလှလေးဆိုလို့, ကိုကို့မှာတော့ လှတာလေးတွေအကုန်ရှိတာပါပဲ ~
YOU ARE READING
The Attachment
Fanfictionကျွန်တော်မနှစ်မြို့တဲ့ ... ကျွန်တော့်ရဲ့ ကိုကို အမြဲရှုပ်တဲ့ ... ကျွန်တော့်ရဲ့ ကိုကို နှစ်ယောက်မရှိတဲ့ ... ကျွန်တော့်ရဲ့ ကိုကို Main Casts : Sehun, Luhan Genre : Romance, Angst, Hate Type : Bromance, Fanfiction, Boys Love { From Behind My Eyes Fic...
~ First Attachment ~
Start from the beginning
