လုံးဝပဲ...ကျနော် သူ့ရဲ့အဝေး လုံးဝထွက်သွားမပေးနိုင်ဘူး...
အရာအားလုံး သူ့အပေါ်ပေးဆပ်...အသုံးပြုခွင့်ပေးထားပြီးသား...စိတ်ကြိုက် လိုသလို အသုံးချနိုင်တယ်...
ကျနော် ကိုယ်တိုင်က...ကျနော့်ကို ကျနော်...သူ့လက်ထဲအပြီးအပ်နှံပြီးသား...
ဒါပေမယ့်...ထွက်သွားပေးဖို့...
အတူတူ မနေနိုင်မယ့် အခြေအနေမျိုးကို ခြယ်မှုန်း ဖန်တီးဖို့...အဲ့အခွင့်အရေးကိုတော့ အစတည်းက...ကျနော်...အဲတစ်ခုကိုတော့ ပေးမထားခဲ့ဘူး...အစတည်းက...ကျနော့်အတွက် သူက ဘယ်လိုပုံစံမျိုးပဲဖြစ်နေပါလိမ့်စေ...အနားမှာထာဝရနေရင်း...အတူတူ အရာရာကိုရင်ဆိုင်ပေးဖို့ပဲ ကျနော်တွေးရင်း သူ့ကို ချစ်ခဲ့တယ်...
သူ့ အနားကထွက်သွားမပေးနိုင်တာ...ကျနော့်ရဲ့ အားနည်းချက်...
ကျနော့်ရဲ့ ချို့ယွင်းချက်က...သူ့အနားမှာ ရှိနေချင်တာ...
လောကကြီးမှာ...ကျနော်ဟာ သူ့အတွက်...သူ့ရဲ့ခြေထောက်လေးတွေအဖြစ်မွေးဖွားလာသလိုမျိုး...ကျနော်ရဲ့တည်ရှိ ဖြစ်တည်မှုက ပြတ်သားနေခဲ့တယ်...ဦးတည်ရာမရှိ...လေထဲလွင့်ပါလာတဲ့ အရာတစ်ခုလို...စိတ်နဲ့ကိုယ်မကပ်ပဲ လမ်းလျှောက်လာမိတာ...တနေရာအရောက်မှာတော့ လွင့်ထွက်နေတဲ့ စိတ်အတွေးတွေကို ချက်ချင်းပြန်ကပ်သွားစေလျက်...မြင်လိုက်ရတဲ့ ကော်ဖီဆိုင်လေးဟာ ဦးတည်ရာ တစ်ခုကိုတည်ဆောက်ပေးတယ်...
သူနဲ့ကျနော် ရဲ့ကြားက အထူးတလည် လုပ်ယူထားခဲ့တဲ့ အတိတ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု...
နှလုံးသွေးအချို့စိမ့်ထွက်သည်အထိ
နင့်နေအောင် ခံစားထားရတဲ့ အကြောင်းအရာတွေပေမယ့်...အခုထက်စာရင် အနည်းငယ်အသက်ရှူ ချောင်စေတဲ့ အမှတ်တရတွေအဖြစ် သတ်မှတ်လို့ရတယ်ပြောရမယ်...ဒီနေရာအထိတောင်ရောက်လာခဲ့တာကို သတိထားမိတော့...သူ့ဆီကနေ ကျနော် ဒီအတိုင်း ကျောခိုင်းပြီး လမ်းလျှောက်လာခဲ့တာ..တစ်နာရီကျော်ကျော်ကြာခဲ့လောက်ပြီ...
သတိ ကပ်လိုက်မိတာနဲ့တပြိုင်နက်...တစ်နာရီကျော်ကြာ လမ်းလျှောက်ခဲ့ရတဲ့ ကျနော့် ခန္ဓာကိုယ်က ဆန္ဒပြ ဖောက်ပြားနေတာကို သိလိုက်ရတယ်...
ခြေဖဝါးပြင်တွေကကြိမ်းစပ်...ရင်ထဲကလည်းတလှပ်လှပ်...
ဒူးတွေကလည်း ကြာကြာမထောက်နိုင်တော့...ယိုင်လဲဖို့ရာ ဆန္ဒပြနေကြောင့်
ဆိုင်ရှေ့ ခပ်စွန်းစွန်းက ပလပ်ဖောင်းပေါ်မှာ ကျနော့်ခြေလှမ်းတွေကိုအလိုလို တန့်နေမိတယ်
YOU ARE READING
Sponsor
RandomHunHan(Yaoi) Sehun-အချစ်တွေရယ် ကိုယ့်ကိုကိုယ်ရယ် အားလုံးကိုလေ luhanရေ မင်းအတွက် မင်းအဖို့မတတ်နိုင်တဲ့နေရာတွေမှာအသုံးပြုဖို့ စပွန်ဆာအဖြစ်ပေးထားတယ် လိုသလိုစိတ်ကြိုက်ပြုလိုက်ပါ ငါပေးခဲ့တဲ့ စပွန်ဆာကအဆုံးမရှိတတ်တဲ့ထာဝရ မပျက်မကွက...
part-12
Start from the beginning