part-12

1.8K 210 21
                                    

/// Sponsor ///

ကား​တွေ တရဆက် ​ပြေးဆွဲ​မောင်းနှင်ေ​​​နတဲ့ မြို့ပြရဲ့လမ်းမေ​ဘးက ပလပ်​​ဖောင်းထက်​ သွားလာ​နေကြတဲ့ ရှုပ်​ရှုပ်​ရှပ်​ရှပ်​ လူ​တွေကြား...အာရုံမျိုးစုံလွင့်​စင်​​လျက် ​ကျ​နော်​ဟာ ဟိုလူ့တိုး ဒီလူ့တိုက်​နဲ့ ​တစ်​လှမ်းချင်း​လျှောက်​လာမိတယ်​...

ဘယ်​ကိုလဲ ဆိုတဲ့ ဦးတည်​ချက်​က​တော့ အ​သေအချာမရှိ...
ခံရခက်​တယ်​...နားလည်​ရခက်​ခဲတယ်​...လိုချင်​သလို ဘာတစ်​ခုမှ ဖြစ်​မလာဘူး...ဝမ်းနည်းရတယ်​...ရင်​ထဲမွန်းကျပ်​လွန်း​တာမို့ တဆစ်​ဆစ်​ နှလုံးသားက ကိုက်​ခဲ​နေသည်​အထိ ခံစားရတယ်​.. .

အဲ့လို...ဆိုးယုတ်ေ​နတဲ့ ခံစားချက်...အေ​တွး​တွေကသာ ကျ​နော့် နှလုံးသားနဲ့ဦးေ​နှာက်ဆီ ​​နေရာယူပြည့်နှက်​နေလျက်...​​​တဖက်​​စောင်းနင်း ထိုးနှက်​တိုက်​ခိုက်​​နေကြတယ်​...

ဘယ်​​နေရာမှာလဲ!သူနဲ့ပတ်​သက်​သမျှ အ​ကြောင်း​တွေနဲ့...သူနဲ့ပတ်​သက်​သမျှ ကျ​နော့်​မှတ်​ဥာဏ်​​တွေထဲမှာ ​ကောင်းတာ​တွေဆိုတာ...
ွှရှာကြည့်​ရသ​လောက်​​တော့ ...အင်း! လုံးဝမရှိခဲ့ပါဘူး...

ဖြေရှင်းရမယ့်​နည်းလမ်းက​ကော...ဘယ်​ဟာလဲ
ကျ​နော်​နဲ့သူ့ကြား...​ရေ​ရေရာရာ အ​ကြောင်းအရင်းတစ်​ခု​တောင်​မှရှိမ​နေခဲ့သလို...လွဲပြီးရင်းလွဲ​နေစမြဲ...
အရမ်း ​ခါးသီးလွန်းတယ်​...

ဘယ်​လိုလုပ်​မှအ​ကောင်းဆုံးဆိုတဲ့ ကျ​နော်​နဲ့သူ့ရဲ့ အ​ခြေအ​နေဆိုတာမျိုး ဖြစ်​လာလိမ့်​မလဲ...
ကျ​နော်​က လိုက်​လံ ညှိယူ ဖြည့်​စွက်​​နေ​ပေမယ့်​..သူက ပြန်​လည်​ထိုးဆွ ရှုပ်​စေခဲ့လို့လား...
ကျ​နော်​ကပဲ သူ့ရဲ့ညှိယူမှု​တွေ​နောက်​...လိုက်​လုပ်​​ဆောင်​နိုင်​စွမ်းအားနည်း​နေလို့လား...
ကျ​နော်​တို့ နှစ်​​ယောက်​ကြား...ဘယ်​အရာက အမှားရယ်​မှန်းမသိ...မသိမသာနဲ့ ​သေ​သေသပ်​သပ်​.. .တစ်​စုံတရာကတားဆီးပိတ်​​လှောင်​ထားတယ်​...

အ​ကြောင်းပြချက် ဘယ်​ေ​​​လာက္ပဲလွ​ေ​နပါစေ...
ဘယ်​​လောက်ကြီးပဲ အဖိုးတန်ေ​​​နတဲ့ ဦးတည်ချက်တစ်ခုနဲ့ဖြစ်ပါေ​​​​​​​​စ...ကျ​နော့်အတွက် အထူး ဂရုတစိုက်အေ​​​လးထားမှုကြီးကို ​ကျေးဇူးတင်ချင်​ပေမယ့်...​​​သူ့ရဲ့အ​ဝေးတစ်​​နေရာကို...​ရောက်​သွား​စေမယ့်​ ရလဒ်​အတွက်​​တော့ ငြင်းဆန်​ပါရ​စေ...

SponsorWhere stories live. Discover now