🐶25(Final)🐶

Start from the beginning
                                    

"Yarr Park Baekhyun!!!!!!"

"အိ"

Park Chanyeol ရဲ့ high note​ကြောင့်​ အ​ရှေ့က က​လေး​တောင်​ တုန်​တက်​သွားရှာတယ်

"လေယာဉ်​မမြင်​ဖူးလို့​မေး​​နေတယ်​ထင်​နေတာ​လားဟမ်​"

မျက်​​မှောင်​ကြုံပြီး​မေးလိုက်​​တော့ ​ခေါင်း​လေးခါပြလာရှာတယ်

"အဲ့​လေယာဉ်​​တွေ ဘယ်​စာရွက်​နဲ့လုပ်​ထားတာလဲ"

ဘာဆိုဘာမှ​ပြောမလာ ကိုယ့်​အပြစ်​ကိုယ်​​တော့သိတယ်​ထင်​ပါရဲ့

"ကိုယ်​​မေး​နေတယ်​​လေ ဘယ်​စာရွက်​နဲ့လုပ်​ထားတာလဲလို့!!!!"

"ဟင့်​ Yeolရဲ့ စာရင်းစာရွက်​​တွေနဲ့"

နှစ်​ခါ​ဘဲ​အော်​ရ​သေးတယ်​ ငို​နေပြီ

ကိုယ်​က သူ့မျက်​ရည်​​တွေမမြင်​ချင်​တဲ့သူဆို​တော့လည်း~~

"က​လေး ကိုယ့်​ကို​မော့ကြည့်​ဦး"

"ဟင့်​ အင့်​"

ရှိုက်​သံ​တွေဘဲထွက်​လာပြီး ​ခေါင်းကို​​မော့မလာဘူး

မေး​စေ့​လေးက​နေမပြီး က​လေးမျက်​နှာကို​မော့​စေလိုက်​တယ်

"Agioo ငိုထားတာ ​ပေပွ​နေတာဘဲ ဘာလို့ငိုတာလဲက​လေးရဲ့"

"ဟင့်​ ခင်​ဗျားကြီးက အင့်​ ခင်​ဗျားကြီးက ​အော်​တာကို"

"ကိုယ်​က​အော်​ချင်​လို့မှမဟုတ်​တာ က​လေးလုပ်ထားတာ​တွေကိုကြည့်​ဦး​လေ ကိုယ့်​တစ်​ညလုံးလုပ်​ထားတဲ့ စာရင်းစာရွက်​​တွေကို ယူ​ဆော့လိုက်​တာ​လေ ​တော်​​သေးတာ​ပေါ့ အစည်းအ​ဝေးကဒီ​နေ့မဟုတ်​လို့ ကဲအစည်းအ​ဝေးက ဒီ​နေ့ဆိုကိုယ်​ဘယ်​လိုလုပ်​မလဲ က​လေး​ဆော့ထားတဲ့ဟာ​တွေကို ကိုယ်​ကပြန်​ဖြည်​ပြီး ယူသွားလို့မှမရတာ"

"ဟင့်​ ဘာဘဲဖြစ်​ဖြစ်​ခင်​ဗျားကြီး ​အော်​တာက ​အော်​တာဘဲ သွားလာမကိုင်​နဲ့"

ဟောဗျာ ဒီအ​ခြေအ​နေကို ဘယ်​လိုနားလည်​ရမလဲဟင်​ ခဏတုန်းက ​ဒေါသ​တွေထွက်​​နေသူက ကျွန်​​တော်​ အခုကျ​တော့ ​သေူ့ကို​အော်​လို့ဆိုပြီး အခန်းတံခါးကို​စောင့်​ပိတ်​ပြီးထွက်​သွားတာက က​လေး

🐶Puppy Boo🐶Where stories live. Discover now