"ကလေး ကလေး ဟာ"
မျက်ရည်တွေနဲ့ပြေးထွက်သွားတဲ့ ကလေးနောက် လိုက်သွားပေမဲ့ ဓာတ်လှေကားကပိတ်သွားတာကြောင့်မမှီလိုက်ပေ
အဲ့ဒါကြောင့် အရေးပေါ်လှေကားကနေပြေးဆင်းလာတာ အောက်ရောက်တော့ lobbyမှာကလေးကိုမြင်လို့ပြေးလိုက်တော့လည်း မမှီလိုက် Taxiပေါ်ပြေးတက်သွားလေရဲ့
ကလေးနောက်လိုက်မယ်ဆိုတော့လည်း ပိုက်ဆံလည်းမပါ ကားသော့လည်းပါမလာ အဲ့ဒါနဲ့အတွင်းရေးမှူးဆီဖုန်းဆက်ရတော့တာပေါ့
"ဟယ်လို ကားသော့ယူပြီးဆင်းလာခဲ့"
"ဘာ ashi arreso ငါပြန်တက်ခဲ့မယ်"
ကလေးနောက်လိုက်ချင်ပေမဲ့လည်း အစည်းအဝေးရှိနေတာကြောင့် မတတ်နိုင်ပေ
ဒီတစ်ခေါက်အစည်းအဝေးက အရမ်းအရေးကြီးတာမို့ မနက်ကတောင်အစောကြီးထွက်လာတာ
အခုလည်းနေ့လည်စာစားချိန်မို့ခဏနားထားလို့ ရုံးခန်းထဲပြန်နားနေတုန်း Yoona Noonaရောက်လာလို့ ချွဲနေတုန်းရှိသေးတယ် ကလေးရောက်လာတာဘဲ
သြော် Yoona Noonaဆိုတာ ကျွန်တော့်အစ်မဝမ်းကွဲ မတွေ့ရတာ နှစ်နှစ်လောက်ရှိနေပြီ
Noonaက Canadaမှာနေတာလေ အခုကိုရီးယားလာလည်တာဆိုဘဲ
အဲ့ဒါကအရေးမကြီးဘူး အခုကျွန်တော့်ကလေးဘယ်ရောက်သွားမှန်းမသိဘူး
လိုက်သွားမယ်ဆိုတော့လည်း အစည်းအဝေးကြီးကြောင့် လိုက်မသွားလိုက်ရဘူး
ကျွန်တော့်ကလေးက ဥာဏ်ရှိပါတယ် သူ့ကိုယ်သူနာကျင်အောင်မလုပ်လောက်ပါဘူး
"အမလေး Park Chanyeolရယ် အခုမှရောက်လာတဲ့ အစ်မကိုပစ်သွားပြီး ဘယ်ကောင်လေးနောက်လိုက်သွားတာလဲ"
ရုံးခန်းရောက်ရောက်ချင်း ပြောဆိုလာတဲ့ noonaကိုလည်း ပြန်မပြောနိုင်
YOU ARE READING
🐶Puppy Boo🐶
RomanceChanbaek(yaoi) မိဘများ၏အကြွေးများကြောင့်Park chanyeolဆိုသောသူဌေးနဲ့လက်ထပ်လိုက်ရသောbyun baekhyun😊😊 ဖတ်ပေးကြမယ်မလား😁😁 Cover by @Byunbaek_6104