"Yarr Baekhyunee"
"ခစ်ခစ် ခစ်"
"Baekhyunee ဘယ်နားမှာလဲ ထွက်ခဲ့နော်"
"ခစ်ခစ် ခစ်"
"Yarr Park Baekhyun ကိုယ်စိတ်တိုလာပြီနော် အခုထွက်လာ အခုထွက်မလာဘဲကိုယ်လိုက်ရှာမှ တွေ့ရင် တကယ်စိတ်ဆိုးမှာနော်"
အဲ့လိုခြိမ်းခြောက်မှဘဲ ကိုယ်တော်လေးက ကုတင်အောက်ကထွက်လာလေရဲ့
သြော်Uniတက်ဖို့ စောင့်စားနေတဲ့ကာလအတွင်း ကျွန်တော့်ကလေးလေးက မျောက်ဖြစ်သွားသလိုဘဲ
ကျောင်းပိတ်ထားတာ၃လဘဲရှိသေးတယ် ဆော့လိုက်တာဆိုတာ တစ်အိမ်လုံးနှံ့နေတာဘဲ သူ့ဟာသူပျင်းလို့ဆော့ပါစေဆိုပြီးလွှတ်ထားတာ အခုကျတော့ ကြည့်ပါဦး ကျွန်တော်တစ်ညလုံးမအိပ်ဘဲ လုပ်ထားတဲ့စာရင်းစာရွက်တွေ ရေချိုးနေတဲ့အချိန်အတွင်း လေယာဉ်လေးတွေဖြစ်နေရှာပြီ
ဘယ်နဲ့ဗျာ ဆော့စရာရှားလို့ သူ့ယောက်ျား တစ်ညလုံးမအိပ်ဘဲ ကြိုးစားပမ်းစားလုပ်ထားတဲ့စာရင်းစာရွက်တွေများယူဆော့ရတယ်လို့
ဆူမယ်ကြံရင်လည်း မျက်နှာငယ်လေးနဲ့လူကိုလာကြည့်လိုက် မျက်ရည်လေးတွေဝေ့နေတဲ့ မျက်လုံးမှေးလေးတွေနဲ့လာကြည့်လိုက်ဆိုတော့ ဒီကလူက မဆူရက် မမာန်ရက်
ဒီတစ်ခါတော့မရဘူး ဆူမှဖြစ်မယ် မဟုတ်ရင် ဒီထက်ပိုဆိုးတော့မှာ
"Baekhyunee ဒါတွေကဘာတွေလဲ"
အတတ်နိုင်ဆုံး လေသံကိုလျှော့ပြောတော့ ဟိုကလေးစုတ်ကဘာပြောတယ်ထင်လဲ
"ဟင် လေယာဉ်လေ Yeolမမြင်ဖူးဘူးလား ကျွန်တော်ခေါက်ထားတာ လှတယ်မလား ဒီမှာကြည့် အနားလေးတွေကိုညီနေတာဘဲ"
သြော် လေယာဉ်မမြင်ဖူးလို့ မေးနေတယ်ထင်နေတာလားကွာ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ သူခေါက်ထားတာ ဘယ်လောက်တော်ကြောင်းတွေကြွားနေတာဟာ အရင်ကဆို ချစ်စရာကောင်းမှာ မှန်ပေမဲ့ အခုများကတော့ ဒေါသမထွက်ထွက်အောင်စနေသလိုဘဲ
ESTÀS LLEGINT
🐶Puppy Boo🐶
Literatura romànticaChanbaek(yaoi) မိဘများ၏အကြွေးများကြောင့်Park chanyeolဆိုသောသူဌေးနဲ့လက်ထပ်လိုက်ရသောbyun baekhyun😊😊 ဖတ်ပေးကြမယ်မလား😁😁 Cover by @Byunbaek_6104