ဗီလိန်​၏ တတိယ​ခြေလှမ်း

Почніть із самого початку
                                    

အသစ်​ထုတ်​လိုက်​သည့်​.....အင်္ကျီ ကို
ဝတ်​ရန်​ပြင်​လိုက်​​တော့....
အိပ်​ခန်းထဲဝင်​လာတာက.....သူ......

"ခင်​ဗျား....ဘာလာလုပ်​တာလဲ...."

ကျ​နော်​​မေးသည်​ကိုမ​ဖြေ.....
သူက မှန်​တင်​ခုံ​ရှေ့က
ထိုင်​ခုံမှာ ၀င်​ထိုင်​ရင်း.....
ကျ​နော့်​အား....လက်​ပိုက်​ကြည့်​​နေသည်​.....

သူ့အကြည့်​​တွေက

ဗလာကျင်း​နေတဲ့.....

ကျ​နော့်​ခန္ဓာကိုယ်အ​​ပေါ်​ပိုင်း​​​ကမ​ရွေ့.....

"မင်း...ပိုကြည့်​​ကောင်းလာတာပဲ.....
က​လေးမဟုတ်​​တော့ဘူး"

သူစကား​တွေက ကျ​နော့်​အ​မေးစကားကို
ဂရုမစိုက်​စွာ .....ဆန့်​ကျင်​လျက်​.....

ကျ​နော့်​ဆန္ဒ ကျ​နော့်​ ခံစားချက်​ကို
မကြည့်​တာက​တော့....ခင်​ဗျားအရင်​ကလိုပဲ

"ကျ​နော့်​အခန်းထဲက ထွက်​သွားပါ....
Shin မြင်​သွားရင်​မ​ကောင်းဘူး...."

သူက ညစ်​ကျယ်​ကျယ်​အသံဖြင့်​....

ရယ်​ပြန်​သည်​......

"ဘာလဲ....က​လေးက...
ကိုယ်​နဲ့ကြိုက်​ခဲ့ဖူးတယ်​ဆိုတာ.........
သူမ သိသွားမှာစိုးတာလား......"

"ခင်​ဗျား....."

သူက မုန်းစရာ လုပ်​သံဖြင့်​.....
ရယ်​ပြန်​သည်​.......

ခြံထဲက Party မှ
သီချင်းသံ​တွေကကျယ်တာမို့......
သူ့အသံကို
ဘယ်​သူမှမကြား​လောက်​ပါဘူး​နော်​.....

"က​လေးရဲ့.....ဘယ်​လိုဖြစ်​တာတုန်း....
ကိုယ်​က အစပဲ နည်းနည်း​ဖော်​ရ​သေးတယ်
အဲ့​လောက်​​တောင်​​ကြောက်​လား..
အဲ့မိန်းမနဲ့ ပြသနာတက်​မှာကို...."

သူ့စကားတို့မှာ
နူးညံ့သိမ်​​မွေ့​နေသလိုရှိ​သော်​လည်း.....
သူ့မျက်​၀န်းတို့....ရဲရဲနီလာသည်​က...
သူ့​ဒေါသ ဒီဂရီကိုပြသည်​.....

ကျ​နော်​ ဘာမှဆက်​မ​ပြောရဲ....
ကျ​နော်​​ကြောက်​ပါသည်​....
ကျ​နေည့်​အတိတ်​​ကို သူများသိသွားမှာ
ကြောက်​ပါသည်​.....

အထူးသဖြင့်​....သူမ.......
ကျ​နော့်​အ​ပေါ်​လေးစားကာ
အိမ်​​ထောင်​ရှင်​မ​ကောင်းပီသ​သောသူမ.....
ကျ​နော့်​ကို စိတ်​ကုန်​သွားမှာ...
စိတ်​ပျက်​သွားမှာ ကျ​နော်​​ကြောက်​ပါသည်​..
နောက်​ပြီး...ကျ​နော်​ရှက်​ပါသည်​......

ကျ​နော့်​အမူအရာကို အ​သေးစိတ်​ကအစ
အရာရာ ကျွမ်းကျင်​နားလည်​​သောသူက...
ဒေါသထွက်​​နေသည့်​အမူအရာတို့ကို
ထိန်းကာ ချက်​ချင်းပင်​ နှုတ်​ခမ်းတို့မှာ
အပြုံးတို့ခိုတွယ်​​စေပြန်​သည်​.....

"က​လေး​လေးရယ်
အဲ့ဒါ​ကြောင့်​...
ကိုယ့်​ကို သိပ်​မစိမ်းကားနဲ့က​လေး
ကိုယ်​အရမ်း စိတ်​တိုမိလိမ့်​မယ်​...
ကိုယ်​လည်း ဘယ်​ပြောချင်​ပါ့မလဲ...
ဒီအ​ကြောင်း​တွေကို....."

သူကမတ်​တပ်​ရပ်​၍
ကျ​နော့်​​ရှေ့တည့်​တည့် မလှမ်းမကမ်း​​မှာ
ရပ်​ကာ...

"အဲ့ဒါ​ကြောင့်​.....ကွာရှင်းဖို့ကိစ္စကို...
ကိုယ့်​ဘာသာ ကြည့်​​ဖြေရှင်းထား..
ကိုယ်​ ၀င်​မပါချင်​ဘူးက​လေး...." ဟူ၍

ချော့သံနှင့်​ခြိမ်း​ခြောက်​စကားဆို၏.....

"ဒီရင်​ခွင်​က...
ကိုယ့်​အတွက်​ပဲဖြစ်​ရမှာ...က​လေး"

ကျ​နော့်​ရင်​ဘတ်​ ဘယ်​ဘက်​​နေရာကို
ခပ်​ကြမ်းကြမ်း ဖိနမ်းသွား​၍
အခန်းပြင်​ပြန်​ထွက်​သွား​သောသူ......

သူ့နှုတ်​ခမ်းအထိအ​တွေ့က

ဟိုးအရင်​ကလိုရူးသွပ်​ဖို့​ကောင်းတုန်းပဲ......

လိမ်​ညာ​နေမှန်းသိရက်​နဲ့​တောင်​.......

ကျ​နော့်​ရင်​​တွေ လှိုက်​ခုန်​​နေသလားလို့....

ခင်ဗျားနဲ့ပက်​သက်​ရင်​......

ဘာလို့ကျ​နော့်​မှာ..
ငြင်းဆန်​နိုင်​စွမ်း​တွေ​ပျောက်​ရှကုန်​တာလဲ...

ဘာလို့...ကျ​နော်​ပဲ ငနုံငအ ဖြစ်​ရတာလဲ....

ဘာလို့ ကျ​နော်​ပဲ
ခင်ဗျား....​လှည့်​စားတာခံ​ရတာလဲ.......

ခင်​ဗျားကဘာမို့လို့....

တည်​ငြိမ်​​နေတဲ့.ကျ​နော့်​ဘ၀ကို

လှုပ်​ခတ်​နိုင်​ရတာလဲ.....

ဒါ​ပေမယ့်​ ဒီတစ်​ခါ​တော့....

ခင်​ဗျားလိုချင်​တာ ကျ​နော်​မ​ပေးနိုင်​ဘူး....

မဟုတ်​​သေးဘူး....မ​ပေးဖို့ကြိုးစားရမယ်​...

"ခင်​ဗျား သိပ်​မုန်းဖို့​ကောင်းတယ်​...ဗီလိန်​."

.............................TBC.........................

#TD
#Hunhan-is-my-heart.


သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now