(Unedited) Fifteenth Contract - Part 1

Start from the beginning
                                    

ရှီက ကျင်းရှင်းယောင်ကို လုံခြုံတဲ့တစ်နေရာမှ ထားခဲ့ပြီးနောက် ကားတစ်စင်းနဲ့ ထွက်ခွာသွားသည်။

"တမူရှီ … ဘယ်သွားမှာလဲဆိုတာတော့ ပြောပြထားသင့်တယ်လေ"

"ငါ့ဆရာဆီကို "

ကားကိုဂရုတစိုက်မောင်းနေရင်းကနေ ရှီ ပြန်ဖြေလိုက်သည်။

"ဒီအချိန်ကြီး "

"အင်း … မေးစရာရှိလို့"

"နောက်မှ အေးဆေးမေးလို့ မရဘူးလား"

ရှီ ပြန်မဖြေပဲ ကားကိုသာ တစိုက်မတ်မတ်မောင်းလာသည်။

Jingling တောင်ကို ကျော်လွန်လာပြီးနောက် တောင်ခြေအနားမှာ ခြံဝန်းကျယ်တစ်ခုရှိသည်။

ထိုခြံဝန်းရှေ့၌ ကားရပ်လိုက်ပြီးနောက် ခဏစောင့်နေစဉ် အထဲက လူနှစ်ဦးထွက်လာသည်။
အရှေ့က လူက အရင်စကားဆိုလိုက်သည်။

"ရှီအော် … ညအချိန်မတော် ဆရာ့ဆီကို ဘာကိစ္စရှိလို့လဲ"

ရှီရဲ့ ဆရာဖြစ်သူဟာ မျက်မမြင်လူတစ်ဦး ဖြစ်နေလိမ့်မည်ဟု ယန်ကျင်းဟွာ မျှော်လင့်မထားခဲ့ …။
သတ်လတ်ပိုင်းအရွယ်ရောက်ပေမယ့် ထိုဆရာဟာ ကြည့်ကောင်းနေဆဲ …။

"ကျွန်တော်ဆရာ့ကို မေးစရာရှိလို့ပါ"

"စည်းကမ်းချက်ကိုရော မှတ်မိသေးရဲ့လား"

ဆရာက လေသံခပ်အေးအေးနဲ့ပဲ မေးလိုက်သည်။ ဒီလေသံ အေးအေးတွေဆို ယန်ကျင်းဟွာက အလိုလိုနေရင်းကို ကြက်သီးထသည်။

"ကျွန်တော် ဆရာ့ရဲ့စည်းကမ်းတွေကို တစ်ခါမှ မမေ့ခဲ့ဖူးပါဘူး"

သူ ကြက်သီးထလို့မှ မဆုံးသေး … သူ့ဆီက လုယွီဓားကို ရှီ က ဖြတ်ခနဲဆွဲယူသွားပြီး _

"ဆရာ့ကို မေးခွန်းမေးဖို့ ဓားပညာနဲ့ အနိုင်ယူနိုင်ရပါမယ်"

ဆရာကလည်း ပြုံးလိုက်ရင်း အနောက်က တပည့်တစ်ဦးကို ဓားတစ်လက်သွားယူဖို့ အချက်ပြလိုက်သည်။

"တ … တမူရှီ !!! ရူးနေတာလား!! မင်း အခြေအနေနဲ့ …"

ယန်ကျင်းဟွာ တားလို့မှမဆုံးသေးခင် ရှီက ဓားကိုဆွဲကိုင်ရင်း ဆရာ့ထံသို့ပြေးဝင်သွားသည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now