(Unedited) Fourteenth Contract

Start from the beginning
                                    

'မျက်လုံးတွေ ဖွင့်စမ်းပါ တမူရှီ !! ပိတ်မထားစမ်းနဲ့ !! အရင်လို အေးတိအေးစက်အကြည့်တွေနဲ့ ငါ့ကို ပြန်ကြည့်စမ်းပါ!!'

ယန်ကျင်းဟွာ ရှီ ကို မချိတင်ကဲငေးကြည့်ရင်း စိတ်ထဲကနေ အားမလိုအားမရ ပြောနေမိသည်။

အားလုံးပြီးဆုံးသွားသည့်အခါ အမှုထမ်းအချို့က ရှီ ကို သူ့ရဲ့အိပ်ဆောင်သို့ ပြန်လည်ပို့ဆောင်ပေးသည်။

ယန်ကျင်းဟွာက နေရာကနေ တုပ်တုပ်မျှ မလှုပ်နိုင် …။

ကျင်းရှင်းယောင်ကလည်း ကြမ်းပေါ်မှာ ခုနက လဲနေသည့်ပုံစံအတိုင်း အသက်ကို ခက်ခက်ခဲခဲ ရှိုက်၍ရှူနေရသည်။

"တမူအိမ်တော်ရဲ့ ချွေးမဖြစ်ဖို့ ရုပ်ရည် ပညာ နောက်ခံအသိုင်းအဝိုင်း ဘာမှမလိုဘူး … တစ်ခုပဲ … အဲ့ဒီ မိန်းကလေးမှာ Yangming သခင်တွေရဲ့ ဒဏ်ရာကို ကုသနိုင်စွမ်းရှိရမယ်"

ဒီတစ်ခွန်းပဲ ပြောပြီး တမူစီးယွင် ထွက်ခွာသွားသည်။ စီးမင်လည်း အနောက်ကလိုက်ပါသွား၏ ။

ယန်ကျင်းဟွာ ဘယ်သွားရမှန်းမသိ ။ ကျင်းရှင်းယောင်အနား လျှောက်လာရင်း _

"ကျင်းရှင်းယောင် … ငါ …"

"ဘာမှမပြောနဲ့ ယန်ကျင်းဟွာ… ရှီအော်တောင် နင့်ကို အပြစ်မတင်တာ … ငါလို ဘာမှမဟုတ်တဲ့ လူတစ်ယောက်က ဘာလုပ်ပိုင်ခွင့်များ ရှိမှာလဲ"

ကျင်းရှင်းယောင်ရဲ့ စကားသံမှာ အပြစ်တင် ငြူစူခြင်း နည်းနည်းလေးတောင်မပါခဲ့ ။

တမူရှီရဲ့စကားတစ်ခွန်းစီကို အဲ့လောက်အထိကို သူမတန်ဖိုးထားခဲ့သည်။

"ငါ တကယ်တောင်းပန်ပါတယ် … ငါ အသိစိတ်လွတ်သွားလို့ပါ … ငါ မရည်ရွယ်ပါဘူး"

"နင် တောင်းပန်ရမှာ ငါမဟုတ်ဘူးလေ… ဟော … ဟိုအိပ်ဆောင်မှာ လဲနေတဲ့ ရှီအော်ကို နင်တောင်းပန်ရမှာ ယန်ကျင်းဟွာ"

ရှီရဲ့ အိပ်ဆောင်ဘက်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ပြီးတော့ _

"နင် သွားနှင့် ယန်ကျင်းဟွာ … ရှီအော့်အနားမှာ နေပေး… ငါ ခဏနေရင် လိုက်လာခဲ့မယ်"

Soul Contract (Volume I, MM Translation)Where stories live. Discover now