(Unedited) Fourteenth Contract

Start from the beginning
                                    

သွေးပူနေသော စီးယွင်ကို ထိန်းရင်းနဲ့ ကြားက စီးမင်ကပဲ ဝင်ဖြန်ဖြေရတော့သည်။

"သခင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းသန့်စင်တာမို့ ပြင်ပက ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့လို့မရဘူး … သွေးသွင်းတာဟာ သာမန်လူတွေ အတွက်ဆိုရင်တော့ အသက်ကယ်နည်း တစ်မျိုးပေမယ့် သခင်လေးအတွက်တော့ အဆိပ်လိုမျိုးပဲ … သခင်လေးအတွက် လိုအပ်တဲ့ သန့်စင်တဲ့သွေးကို ပေးနိုင်တဲ့သူက အခုမရှိတော့ဘူး"

ယန်ကျင်းဟွာ ဆွံ့အသွားခဲ့သည်။ စီးမင်က ဆက်ပြောသည်။

"သခင်လေးက အစားအသောက်က အစ အရမ်းဂရုစိုက်ရတယ် … အသားငါးမစားရဘူး … ပြင်ပကအစာတွေ မစားရဘူး … တစ်ခုခုလွဲချော်တာနဲ့ အသက်အန္တရာယ်ရှိတယ် … တမူအိမ်တော်က သေချာပြင်ဆင်ပေးတာကိုပဲ သူစားနိုင်တာ … လူငယ်ပီပီ သခင်လေးမှာ အရက်တောင် သောက်ကြည့်ချင်ပေမယ့် သောက်ခွင့်မရဘူး"

(Well … Xi လေးကို အရက်ပေးမသောက်တာကလည်း တခြားအကြောင်း သပ်သပ်ရှိသေးတယ် :3 )

ခဏလောက်အကြာ ထိုစက်ဝိုင်းရဲ့ အလယ်သို့ ကျင်းရှင်းယောင်ရောက်လာခဲ့ပြီး ရှီ အနားမှာ ဒူးထောက်ထိုင်လိုက်ကာ သူ့ကို ညင်သာစွာ မ,လိုက်ပြီး သူမရဲ့ ပုခုံးထက်မှာ သူ့ခေါင်းကို မှီစေခဲ့သည်။

နောက် ယန်ကျင်းဟွာနားမလည်သော ဂါထာတွေ ပတ်ပတ်လည်က ရွတ်ဆိုကြစဉ် ကျင်းရှင်းယောင်ရဲ့ ခန္ဓာကိုယ်က အစိမ်းရောင် အလင်းတန်းတွေ အဆက်မပြတ်တောက်ပလာသည်။

ထိုအလင်းတန်းတွေက ရှီ နဲ့ ကျင်းရှင်းယောင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ထွေးပတ်ရံနေသည်။ ရှီ အနည်းငယ်လူးလွန့်လာသည်။

မျက်နှာမှာ နာကျင်တဲ့အရိပ်တွေ ထင်ရှားလွန်းသည်။

အချိန်တွေကြာကြာဖြတ်ကျော် သွားပေမယ့်  ကျင်းရှင်းယောင်မှာလည်း နေရာက လုံးဝမရွှွေှ့ရဲ …

အလင်းတန်းတွေက တောက်ပနေဆဲ … ရစ်သိုင်းနေဆဲ …

ဂါထာရွတ်သံတွေကလည်း အဆက်မပြတ် …

အချိန်အနည်းငယ်ကြာပြီးနောက် အလင်းတန်းတွေ တဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားပြီး ကျင်းရှင်းယောင်လည်း နောက်သို့ လက်ပြန်ထောက်ကျသွားသည်။ ရှီ ရဲ့ မျက်လုံးအစုံကတော့ ယခုထက်ထိ ပိတ်ထားဆဲ … ။

Soul Contract (Volume I, MM Translation)Where stories live. Discover now