ကလေး (part-8)Z×U

9.3K 665 4
                                    

Jongin အိမ်ပြန်ရောက်လာတော့ ရေချိုးပြီး အနားယူလိုက်တော့ ပိစိမျက်နှာလေးကို မြင်ယောင်လာသည်

မနက်ကအကြောင်းလေးတွေ ပြန်စဉ်းစားလိုက်မိသည်

သူပွေ့ချီလိုက်တော့ ရှက်သွားသော သူ့ရဲ့မျက်နှာလေး ရီလိုက်တော့ အသည်းပုံဖြစ်သွားသော နှုတ်ခမ်းလေး

ပိစိအကြောင်းကို တွေးမိရင်း Jongin မျက်နှာလေး ပြုံးသထက် ပြုံးလာသည်

Jongin: arshi Kim Jongin သတိထားစမ်း

Jongin's prov: ပိစိ ပိစိ မင်းနဲ့တွေ့မှပဲ ငါ့ကိုယ်ငါမထိန်းနိုင်တော့ဘူး

Jongin လည်းပါးစပ်ကရေရွတ်ရင်း အိပ်မက်ခေါ်ဆောင်ရာဆီသို့ သွားလေသည်

~~~~~~~~~~~~~~
Suho: Kyung လေးရေ သား ထတော့လေ ကျောင်းသွားရတော့မယ်

Kyungsoo: omma 5 min
လို့ပြောပြီး ဆက်အိပ်နေသည်

Suho လည်း သူ့သားကိုမရမက နှိုးဖို့ အခန်းထဲလာတော့ Kyungsoo ကိုကြည့်ပြီးရီမိသည်

Kyungsoo က သူ့ဘေးမှာရှိတဲ့ Penguin ရုပ်ကြီးကိုဖက်ထားပြီး ခြေကားယားလက်ကားယားအိပ်နေတာပင်

သူ့သား kyungsoo ဟာလေ တကယ် ကလေးစိတ်မကုန်သေးဘူးပဲလို့တွေးပြီး

Suho: Kyung လေးထပါတော့ဆို

Kyungsoo: omma ကလည်း 5 min ပါဆို

Suho:5 min လုပ်မနေနဲ့ အခု ၈ နာရီခွဲတော့မယ် မြနိမြန်ထ

Kyungsoo:omma ကလည်း ၈ခွဲပဲရှိသေးတာကို
Borrrrrrrrrrrrrrr ၈ခွဲပြီလား အား သေပါပြီ omma ကလည်း စောစောကပြောတာမဟုတ်ဘူး သားနောက်ကျနေပြီ

Suho: သား ကိုနှိုးသားပဲ သားလေးပဲမထတာကို

Kyungsoo ကမန်းကတန်းထကာ ကျောင်းသွားဖို့ပြင်ဆင်တော့သည်

Kyungsoo:omma ရေ သားသွားပြီနော် အချိန်မရတော့လို့ ပေါင်မုန့်ပဲ ယူသွားတယ်

Kyungsoo ကျောင်းကို အသားကုန်ပြေးရတော့သည် ပါးစပ်ကလည်း ပေါင်မုန့်ကိုအတင်းထညိ့ပြီး Taxi ကိုအပြေးတားတော့သည်

ကျောင်းပေါက်ဝနားလည်းရောက်ရော နာရီကိုကြည့်လိုက်သည် ၉နာရီအတိ

Kyungsoo: ဟူးး ကျောင်းမမှီမှာစိုးလို့ ကားသမားကို အမြန်မောင်းခိုင်းလိုက်တာ တော်သေးတယ် အသက်ပါလာသေးလို့

ကလေး[Z×U]Where stories live. Discover now