ထိုအချိန်တွင် ဖန်သားရောင်စုံကျောက်သားပြင်မှ ငွေရောင်အလင်းတန်းတို့ တောက်လာကြလေသည်။ ထိုအလင်းရောင်များ၏ အဓိပ္ပာယ်ကား ကြယ်လေးရဲ့ ကြယ်စွမ်းအင်တွေ နိုးကြားလာကာ တစ်စုံတစ်ခုသောစိတ်လှုပ်ရှားစရာကို ကြုံနေခြင်းပင်ဖြစ်သည်။

မားကပ်စ်မျက်လုံးများ မျှော်လင့်ချက်များဖြင့် အရောင်တောက်လာကာ ဖန်သားပြင်ရှေ့တွင်မတ်တပ်ရပ်လိုက်ရင်း လက်ဖဝါးနှစ်ဖက်ကိုဖြန့်လိုက်ကာ မိမိလက်မှ ငွေရောင်အလင်းတန်းတွေ ထွက်စေရန်ကြိုးပမ်းလိုက်မိသည်။ မိမိတွင်ရှိသော ကြယ်စွမ်းအင်လက်ကျန်နှင့်ကြယ်လေးဆီမှ စွမ်းအင်များကို ဆက်သွယ်ရန်ကြိုးစားကြည့်ခြင်းဖြစ်သည်။

မားကပ်စ်ရှိသမျှစွမ်းအင်တွေကို ထုတ်သုံးကာ လူသားကြယ်ကလေးဆီမှ စွမ်းအင်ကို ဆက်သွယ်ကြည့်ရန်ကြိုးစားကြည့်လေသည်။

မားကပ်စ်သာ ခြေကုန်လက်ပမ်းကျသွားသည်။ ဘာဆိုဘာမှထူးခြားမလာပေ။ နောက်ဆုံး စွမ်းအင်နှစ်ခု တွန်းကန်ကာ ဖန်သားပြင်မှ အလင်းရောင်တွေ ဝုန်းခနဲထတောက်သဖြင့် မားကပ်စ်ပင် အနောက်ကို အရှိန်ပြင်းစွာ လွင့်ထွက်သွားကာ အခန်းအလယ်ရှိ ကျောက်စားပွဲခုံနှင့် ဆောင့်မိသွားလေတော့သည်။

ကျောပြင်မှ စူးအောင့်လာခြင်းနှင့်အတူ အားယူကာ ထထိုင်ဖို့ ကြိုးစားနေစဉ်အတွင်းမှာပင် မြေအောက်ခန်းအတွင်းသို့ ဂျွန်တစ်ယောက် ရေးကြီး သုတ်ပြာနှင့် ဝင်လာလေတော့သည်။

"သခင် ... Avalon City က ကျွန်တော်တို့လက်အောက်ခံ စုန်းကဝေတွေ ကျွန်တော်တို့ကို သိသိသာသာကြီးကိုပုန်ကန်လိုက်ပြီ.. သူတို့ ကျွန်တော်တို့ခိုင်းတာတွေကို လုံးဝမလုပ်ပေးနိုင်ဘူးဆိုပြီး ပြောလာတယ်.. "

"ဘာ.. "

မားကပ်စ် နာကျင်နေသည့်ကြားမှ ဒေါသဖြင့် မျက်လုံးများရဲရဲတောက်သွားလေတော့သည်။

"Black ဆိုတဲ့ကောင်မလား... "

ဂျွန်က ခေါင်းငြိမ့်ပြလိုက်တော့.. မားကပ်စ်ထံမှတောက်ခေါက်သံအကျယ်ကြီးထွက်လာသည်။

"တောက်.. သွေးအရောင်းအဝယ်လုပ်စားနေတဲ့ အောက်တန်းစား စုန်းကဝေကများ.. ဘယ်အားကိုးနဲ့ ငါ့ကို ပုန်ကန်ရဲတာလဲ.. သေချင်နေပြီထင်တယ်.."

Star Love (I)Where stories live. Discover now